တစ်သက်လုံးမှာ တစ်ကြိမ်သာ ဆံပင်ညှပ်လေ့ရှိတဲ့၊ တရုတ်လူမျိုးစုတစ်စု

officialhumansofchina

တရုတ်နိုင်ငံတောင်ပိုင်း Longji လှေကားထစ်တောင်ယာဒေသမှာ နေထိုင်ကြတဲ့ Red Yao လူမျိုးစုတစ်စုက အမျိုးသမီးတွေဟာ ငယ်ငယ်ကတည်းက ဆံပင်အရှည်ထားလေ့ရှိတာကြောင့် အရွယ်ရောက်ချိန်မှာ (၃)ပေ (၄)အထိ ရှိတတ်တယ်လို့ ဆိုပါတယ်။ အများစုကတော့ ဆံပင်အရှည် (၂)မီတာ ဒါမှမဟုတ် (၆)ပေကျော်အထိ အရှည်ရှိပါတယ်။

ဒါဟာ Yao မျိုးနွယ်စုရဲ့ ရှေးယခင် အဆက်ဆက်က ကျင့်သုံးခဲ့တဲ့ ယဉ်ကျေးမှုတစ်ခုဖြစ်ပြီး၊ တစ်သက်လုံးမှာ တစ်ကြိမ်သာ ဆံပင်ဖြတ် သို့မဟုတ် ခေါင်းညှပ်လေ့ရှိပါတယ်တဲ့။ တရုတ်မှာ တရားဝင်သတ်မှတ်ထားတဲ့ လူမျိုးစု (၅၅)စုရှိပြီး၊ Red Yao မျိုးနွယ်စုလည်း ပါဝင်ပါတယ်။ Yao မျိုးနွယ်စုဟာ တောင်ကုန်းတောင်တန်း ထူထပ်ရာဒေသမှာ အေးအေးချမ်းချမ်း နေကြလေ့ရှိပြီး၊ အများစုကတော့ တောင်ယာအလုပ် လုပ်ကြပါတယ်။

 

View this post on Instagram

 

Silver is very important to us Miao but I’ve never had any real silver. It’s expensive to buy and also if you have real silver in your house people will break in and steal it. Most for us use plastic that or metal that looks like silver. I’ve always worn a flower in my hair, it’s fake and so is the hair on the top of my head. The flower on my wedding day at the age of 28 was even bigger, I would have like to have worn a real one but we didn’t have the money. The clothes I am wearing aren’t clothes that our minority wear, they were clothes I used and kept from my last job at a hotel. I wear them because I think they look nice. I no longer work there and now I sell seasonal fruit at the local market. I often look at my children and think about how lucky they are and how easy their life has been compared to mine. I never had the opportunities they have had but life is more relaxed and I enjoy what I now do. Guizhou

A post shared by Humans of China 人在中国 (@officialhumansofchina) on

Yao အမျိုးသမီးတွေ ဆံပင်ညှပ်ချိန်ဟာ အသက်(၁၈)နှစ်ပြည့်၊ အပျိုဖြစ်ချိန်ပါတဲ့။ တကယ်လို့သာ သူတို့ဟာ ငယ်စဉ်ကတည်းက ဆံပင်ကို လုံးဝမညှပ်ဖူးဆိုရင်တော့ သူတို့ရဲ့ဆံပင်တွေက ဒီထက်ပိုပြီး နှစ်ဆလောက် ရှည်နိုင်ပါတယ်။ သူတို့ဆံပင်အရှည် ထားရခြင်းက အလှအပ ဘာညာအတွက် မဟုတ်ပါဘူး။ ဆံပင်ရှည်လေ အသက်ရှည်လေလို့ ယုံကြည်ကြလို့ပါ။

ဒီဓာတ်ပုံတွေကိုတော့ ခရီးသွားဘလော့ဂါတစ်ဦးဖြစ်တဲ့ Cameron Hack က ရိုက်ကူးခဲ့တာဖြစ်ပြီး Yao မျိုးနွယ်စုအမျိုးသမီးတွေဟာ သူတို့ရဲ့ဆံပင်ကို အိန္ဒိယဆာဒူးကြီးတွေဆောင်းတဲ့ တာဘန်သဘောမျိုး ဦးခေါင်းကိုရစ်ပတ် နေထိုင်ကြတယ်လို့ ပြောပါတယ်။ Hack ဟာ Humans of China အမည်ရ ခရီးသွားအင်စတာဂရမ် Page ရဲ့ ပင်တိုင်ဓာတ်ပုံဆရာတစ်ယောက်ပါ။

officialhumansofchina

သူဟာ အသက်(၆၁)နှစ်အရွယ် ဒေသခံအမျိုးသမီးတစ်ဦးနဲ့လည်း စကားစမြည်ပြောခဲ့ပြီး၊ သူမရဲ့ဆံပင်အရှည်ကတော့ (၁.၆)မီတာ ရှိတယ်လို့ ပြောပါတယ်။ သူမဟာ အလွန်ကျန်းမာတဲ့ပုံပေါက်နေပြီး၊ ဘာဆိုးဆေးမှ မသုံးရဘဲ ဆံပင်တွေကလည်း နက်မှောင်နေကာ၊ ဆံပင်ဖြူ တစ်ပင်မှ မရှိပါဘူး။ သူမသမီးတွေရဲ့ ဆံပင်တွေကလည်း အလွန်ရှည်နေပါပြီ။

သူမရဲ့ ရှင်းပြချက်အရ အသက်(၁၈)မှာ ဆံပင်ညှပ်တယ်ဆိုတာ အဓိပ္ပါယ်ရှိကြောင်း၊ လူတစ်ယောက် လူကြီးဖြစ်လာပြီဆိုတဲ့ သဘောဖြစ်ပြီး၊ အကုန်အစင် ဖြတ်ပစ်တာမျိုးမဟုတ်ဘဲ၊ သဘောလောက်သာ ဖြတ်တာလို့ ဆိုပါတယ်။ သူမ ဆံပင်ဖြတ်ပြီး (၃)နှစ်အကြာမှာ အိမ်ထောင်ရက်သား ကျခဲ့တာဖြစ်ပါတယ်။

officialhumansofchina

ဖြတ်လိုက်တဲ့ ဆံပင်ကိုလည်း လွှင့်မပစ်ဘဲ ဦးခေါင်းပေါင်းတဲ့ အဝတ်ထဲမှာ ထည့်ကာ သွားလေရာ ဆောင်ထားရတယ်လို့ ပြောပါတယ်။ ဒီလိုပဲ ခေါင်းဖြီးရင်းနဲ့ ကျွတ်သွားတဲ့ဆံပင်ကိုလည်း လွှင့်မပစ်ဘဲ၊ ဆောင်မြဲတိုင်း ဆောင်ထားရကြောင်း၊ ဒါဟာ သူတို့ဘဝမှာ ဆံပင်က ဘယ်လောက်အရေးပါတယ်ဆိုတာ မြင်သာစေပါတယ်။ ဆံပင်ကျန်းမာရေးအတွက် ဆန်ဆေးရည်က အကောင်းဆုံးလို့ ပြောပါတယ်။ မျက်မှောက်ခေတ်မှာ ခေါင်းလျှော်ရည်ကို သုံးသူတွေလည်း ရှိနေပါတယ်။

လင်းဇော်ကို

SHARE