ရုပ်သံလိုင်းတစ်ခုမှာ တစ်လတိတိ အခမဲ့ပြသသွားမယ့် “Wonder Woman 1984”

YouTube_WonderWOman

Gal Gadot ရဲ့ Wonder Woman ကတော့ မကြာခင်မှာပဲ ပရိတ်သတ်တွေရဲ့ရှေ့မှောက်ကို ရောက်လာတော့မှာဖြစ်ပါတယ်။

DC

ကိုဗစ်ကြောင့် ပထမပြသဖို့ စီစဉ်ထားတဲ့ ရက်အတိုင်း မပြသဖြစ်ခဲ့ဘဲနဲ့ ရက်တွေ နောက်ဆုတ်လာခဲ့ရာ ၂၀၂၀ လည်း နှစ်ကုန်တော့မှာဖြစ်တဲ့အတွက်ကြောင့် DC အနေနဲ့ ပြသမယ့်ရက်ကို ဆုံးဖြတ်လိုက်ခဲ့ပြီပဲဖြစ်ပါတယ်။


၂၀၁၇ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ Wonder Women ရဲ့ ဇာတ်လမ်းဆက် Wonder Woman 1984 ကိုတော့ လာမယ့် ခရစ်စမတ်နေ့မှာ ၂ မျိုး ၂ စားနဲ့ ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။ HBO Max ရုပ်သံလိုင်းနဲ့ ရုပ်ရှင်ရုံတွေမှာပါ။ HBO Max မှာ ပြသမှာဖြစ်ပေမယ့်လို့ ကြည့်ရှုဖို့ကိုတော့ အပိုဆောင်းဘာမှ ထပ်ပေးစရာမလိုဘဲနဲ့ တစ်လတိတိ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်တဲ့။

READ
ဆုတွေ အများကြီးရရှိထားတဲ့ ထိုင်းမင်းသားများ

အခုလို ပြသမှာနဲ့ပတ်သက်ပြီး Gal Gadot ကတော့ ဒီအချိန်ရောက်ဖို့အတွက် အကြာကြီး စောင့်နေခဲ့ရကြောင်းနဲ့ တော်တော်လေးကို ရင်ခုန်စိတ်လှုပ်ရှားနေပြီဆိုတဲ့အကြောင်းလည်း သူမရဲ့ twitter မှာ ရေးထားပါသေးတယ်။ အခုလို ကာလကြီးထဲမှာ ရုပ်ရှင်တစ်ကားရဲ့ အရှုံးအမြတ်ကိုမကြည့်ဘဲ ပရိတ်သတ်တောင်းဆိုမှုကြောင့် HBO Max မှာ အခမဲ့နီးပါး ပြသတာဟာ တစ်ဖွဲ့သားလုံးအတွက် တော်တော်လေး ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခုပါတဲ့။


ဒီဇာတ်ကားအတွက် ဒါရိုက်တာကစလို့ ဟိုးစက်အဖွဲ့တွေအဆုံး စိတ်ရောကိုယ်ပါနှစ်ပြီး ကြိုးပမ်းထားခဲ့တာကြောင့် ပရိတ်သတ်တွေအနေနဲ့လည်း ကြည့်ရတာ တန်ဖိုးရှိစေမယ့်လို့ မျှော်လင့်ပါတယ်ဆိုပြီးလည်း ပြောထားပါသေးတယ်။ Wonder Woman ကို ဒေါ်လာ ၁၄၉ ဘီလီယံအကုန်ကျခံ ရိုက်ကူးထားခဲ့တာမလို့ အခုလိုဆုံးဖြတ်ချက်ချခဲ့တာဟာ ထုတ်လုပ်ပေးဖက်မှာ သိပ်တော့ လွယ်ကူမှာမဟုတ်ပါဘူး။

READ
ကာတွန်းကားထဲမှာ အသံသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့တဲ့ ခွေးလေး Doug the Pug

ဒါလေးကတော့ Wonder Women 1984 ရဲ့ trailer လေးပါ။

penny

SHARE