အခြားကမ္ဘာတစ်ခုအလား အံ့သြစရာတွေနဲ့ပြည့်နှက်နေတဲ့ အိန္ဒိယနိုင်ငံအကြောင်း

Pexels/Artem Beliaikin

အိန္ဒိယနိုင်ငံမှာ ဘာသာစကားအမျိုးပေါင်း (၁၆၀၀) ကို ပြောဆိုပြီး ကမ္ဘာ့လူဦးရေရဲ့(၆) ပုံ(၁) ပုံ ဟာ အိန္ဒိယမှာ နေထိုင်ကြပါတယ်။ အိန္ဒိယဟာ တစ်နိုင်ငံတည်းမှာတင် ပထ၀ီမြေမျက်နှာသွင်ပြင်အမျိုးမျိုး၊ ဟင်းလျာအမျိုးမျိုး နဲ့ ရာသီဥတု အမျိုးမျိုးရှိပါတယ်။ အောက်ဘက်မှာတော့ အိန္ဒိယနိုင်ငံထဲက ထူးခြားလှတဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

  • ကမ္ဘာမှာ ရာသီဥတု(၄) မျိုး ရှိပေမယ့် အိန္ဒိယမှာတော့ ရာသီဥတု (၆) မျိုး ရှိပါတယ်။ နွေဦးရာသီ၊ နွေရာသီ၊ မုတ်သုံရာသီ၊ ဆောင်းဦးရာသီ၊ ဆောင်ဦးစ နဲ့ ဆောင်းရာသီဆိုပြီး ရှိပါတယ်။ ကမ္ဘာမှာပြောဆိုကြတဲ့ ဘာသာစကားအရေအတွက်ဟာ (၈) ထောင်နီးပါးရှိပြီး အိန္ဒိယနိုင်ငံတစ်နိုင်ငံတည်းမှာတင်ပဲ ဘာသာစကားပေါင်း (၁၆၀၀) လောက် ပြောဆိုကြပါတယ်။ အိန္ဒိယနိုင်ငံဟာ ကမ္ဘာမှာ အင်္ဂလိပ်စကားပြောဆိုကြသူ ဦးရေအများဆုံးရှိတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။
  • အိန္ဒိယမှာ လူဦးရေထူထပ်သိပ်သည်းစွာ ရှိပါတယ်။ နေ့စဉ်နေ့တိုင်း အိန္ဒိယရထားလိုင်းတွေမှာ ခရီးသွားနေတဲ့ လူဦးရေ အရေအတွက်ဟာ သြစတေးလျနိုင်ငံရဲ့ လူဦးရေအရေအတွက်နဲ့ ညီမျှတယ်လို့ တချို့က ဆိုပါတယ်။ ကိုယ်သာ အသုံးအဖြုန်းကြီးတဲ့သူမဟုတ်ဘူးဆိုရင် အိန္ဒိယမှာနေထိုင်ရတာ သိပ်တော့ ဈေးမကြီးလှပါဘူး။ ကော်ဖီတစ်ခွက်ကို ပြား(၂၀) လောက်ပဲ ရှိပြီး ဟိုတယ်တွေ၊ အဆောင်တွေဟာဆိုရင် တစ်ညတာ တည်းခိုစရိတ်ဟာ (၁၅) ဒေါ်လာအောက်ပဲ ရှိပါတယ်။ မြို့တစ်မြို့ကနေ အခြားတစ်မြို့ကို သွားချင်တယ်ဆိုရင်လည်း ရထားတွေရှိပြီး ရထားတွေဟာ ကုန်ကျစရိတ်အသက်သာဆုံးဖြစ်တယ်လို့ သိရပါတယ်။
READ
ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေဆိုး (၁၀)မျိုး
instagram/vincentdolman
  • အိန္ဒိယနိုင်ငံမှာ နောက်ထပ်ထူးခြားတဲ့အချက်လည်း ရှိပါသေးတယ်။ အဲဒါတော့ အမျိုးသားတွေဟာ ပထမဆုံးအကြိမ် တွေ့တဲ့အခါမှာ အချင်းချင်း ပွေ့ဖက်ပြီး နှုတ်ဆက်တတ်ပါတယ်။ အမျိုးသားသူငယ်ချင်းနှစ်ဦးက တစ်ဦးလက် တစ်ဦးကိုင်ပြီး လမ်းလျှောက်တာဟာ အိန္ဒိယထဲမှာတော့ အထူးအဆန်းမြင်ကွင်းမျိုး မဟုတ်ပါဘူး။
  • ကမ္ဘာတစ်ဝှမ်းက လူတွေက ပညာသင်စရိတ်နဲ့ ကျူရှင်စရိတ်တွေ တက်လာကြောင်း ငြီးတွားနေတဲ့အချိန်မှာ အိန္ဒိယနိုင်ငံက ကျောင်းတစ်ကျောင်းကတော့ ကျူရှင်စရိတ်အဖြစ် ကျောင်းသားတွေဆီက ငွေကြေးကိုမယူပဲ ပလတ်စတစ်အမှိုက်တွေကိုသာ လက်ခံနေတာ ဖြစ်ပါတယ်။ ဒီနည်းအားဖြင့် ပညာသင်ချင်ပေမယ့် နွမ်းပါးလွန်းလို့ ကျောင်းတောင် မတက်နိုင်တဲ့ ကလေးတွေကို အကူညီပေးနိုင်မှာဖြစ်သလို သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းစောင့်ရှောက်ရာ ရောက်တဲ့ စနစ်ကောင်းတွေလည်း အိန္ဒိယမှာ ရှိပါတယ်။
Fancycrave.com
  • အိန္ဒိယနိုင်ငံက ထရပ်ကားတော်တော်များများရဲ့ အနောက်ဘက်မှာ ကျေးဇူးပြုပြီး ဟွန်းတီးပေးပါ ဆိုတာကို ရေးသားထားပါတယ်။ နောက်ကားက ရှေ့ကားကို ကျော်တက်ချင်တဲ့အခါ ဟွန်းတီးပြီး အချက်ပြတာဟာ အိန္ဒိယမှာတော့ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါ။
  • စစ်တုရင်ထိုးတာနဲ့ မြွေလှေကား ကစားနည်းတွေကတော့ အိန္ဒိယနိုင်ငံကနေ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။
  • အိန္ဒိယနိုင်ငံဟာ အလှအပတွေ ပေါများတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ ကမ္ဘာ့မယ်ပြိုင်ပွဲတွေထဲ အနိုင်ရရှိသူအများဆုံးနိုင်ငံတွေထဲမှာ အိန္ဒိယဟာ တစ်နိုင်ငံအပါအ၀င်ဖြစ်ပါတယ်။ အိန္ဒိယ အလှမယ်တွေဟာ ကမ္ဘာ့ထိပ်တန်း ကြီး(၄)ကြီး မယ်ပြိုင်ပွဲတွေ ပါဝင်နေတဲ့ Miss Universe မှာ ၂ ကြိမ် (၁၉၉၄ • ၂၀၀၀) ၊ Miss World မှာ ၆ ကြိမ် (၁၉၆၆ • ၁၉၉၄ • ၁၉၉၇ • ၁၉၉၉ • ၂၀၀၀ • ၂၀၁၇)၊ Miss Earth မှာ ၁ ကြိမ် (၂၀၁၀) အနိုင်ရရှိခဲ့ပါတယ်။
  • အိန္ဒိယလူမျိုးအများစုဟာ နတ်ဘုရားတွေ၊ နတ်ဘုရားမတွေကို ကိုးကွယ်ကြပါတယ်။ နတ်ဘုရားတွေနဲ့ ပတ်သက်ပြီး ကျင်းပပြုလုပ်တဲ့ ပွဲတော်တွေကတော့ အိန္ဒိယနိုင်ငံထဲမှာ အများကြီးရှိကာ ပွဲတော်တိုင်းကို အရောင်စုံ အသွေးစုံခြယ်သပြီး တောက်ပစွာ ဆင်နွှဲလေ့ ရှိပါတယ်။ အဆိုပါပွဲတော်တွေထဲက အထင်ရှားဆုံးပွဲတော်ကတော့ Holi ပွဲတော်ဖြစ်ကြောင်းလည်း သိရပါတယ်။
READ
အမျိုးသမီးတွေ ဘယ်သွားသွား မိမိကိုယ်ကို လုံခြုံအောင် ကာကွယ်နိုင်မယ့် နည်းလမ်းများ
Pexels/Sahil prajapati

လင်းလင်း (ShweMom)

SHARE