လွှတစ်ခုတည်းကို သုံးပြီး ရုပ်လုံးကြွ ပန်းပုတွေကို ဖန်တီးနေတဲ့ ဆရာတစ်ပါး

Jürgen Lingl-Rebetez ဆိုတာ သစ်သားတွေကို ထွင်းထုတဲ့ အနုပညာသည်တစ်ယောက်ဖြစ်ပြီး ဂျာမန်နိုင်ငံရဲ့ ဆုရပညာရှင်တစ်ယောက်လည်းဖြစ်တယ်။ သူဟာ ဆယ်ကျော်သက် ဘ၀ကတည်းက ပန်းချီသည် တစ်ယောက်အဖြစ် အနုပညာအလုပ်တွေကို စတင်ခဲ့ပါတယ်။ သိပ်မကြာတဲ့နောက်မှတော့ သစ်တုံး၊ သစ်သားတွေကနေ လှပတဲ့ အရာတွေကို သူဖန်တီးနိုင်စွမ်းရှိတာ ခံစားသိရှိသွားခဲ့တယ်။

Bored Panda

(၁၉၉၆) ခုနှစ်မှာ ဆွစ်ဇလန်နိုင်ငံကို ရွေ့ပြောင်းခဲ့တဲ့နောက် Lingl-Rebetez ဟာ လွှဖြတ်တစ်ခုကိုသာ အသုံးပြုပြီး ထူးခြားတဲ့ ရုပ်လုံးပန်းပုတွေကို စတင်ဖန်တီးခဲ့တယ်။ လွှကို အသုံးပြုပြီး 3D ဆန်ဆန်ခြယ်သမှုတွေနဲ့အတူ အနုစိပ် အနုပညာလက်ရာတွေကြောင့်  သူ့ဖန်တီးမှုတွေဟာ အထင်ကြီးလေးစားမှုတွေ အပြည့်အ၀ရရှိထားပါတယ်။ ကဲ… သူ့လက်ရာတွေကို ခံစားကြည့်နိုင်ဖို့ စုစည်း ဖော်ပြပေးလိုက်ပါတယ်။

Bored Panda
Bored Panda
Bored Panda
Bored Panda
Bored Panda
Bored Panda
Bored Panda

 

Bored Panda
Bored Panda
Bored Panda
Bored Panda

Source: Bored Panda

READ
ကျောင်းသားတွေရဲ့ အာရုံစူးစိုက်နိုင်စွမ်း တိုးတက်စေဖို့ နည်းသစ်ထွင်လိုက်တဲ့ တရုတ်

Matthew (ShweMOM)

 

SHARE