ဒုတိယကမ္ဘာစစ်အတွင်းက နည်းဗျူဟာအဆန်းနဲ့ ဟာသမြောက်တဲ့ တိုက်ပွဲ

ဒါကတော့ ဒုတိယကမ္ဘာစစ် စစ်ပြန်တွေပြောနေကျ နာမည်အထူးကြီးတဲ့ အဖြစ်တစ်ခုဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျာမန်တပ်တွေက ရန်သူမဟာမိတ်တပ်တွေကို လှည့်စားဖို့ ဟော်လန်မှာ သစ်သားလေယာဉ်ကွင်းအတုတွေ တည်ဆောက်ခဲ့တယ်ဆိုတာပါ။ လေယာဉ်ကွင်းတစ်ကွင်းဆီမှာ သစ်သားလေယာဉ်ရုံ၊ သစ်သားဆီပိုင်းတွေ၊ သစ်သားလက်နက်ရုံတွေ၊ သစ်သားကားတွေနဲ့ သစ်သားလေယာဉ်တွေကိုသာ ဟန်ပြအဖြစ် ထားရှိခဲ့ပါတယ်။

warhistoryonline.com

သစ်သားလေယာဉ်ကွင်းအတု တည်ဆောက်ရတဲ့ ရည်ရွယ်ချက်ကတော့ တကယ့်လေယာဉ်ကွင်းတွေကို ဗုံးအကြဲခံရမယ့် ရန်ကနေ ရှောင်နိုင်စေရန်ဖြစ်ပါတယ်။ ရန်သူကို လှည့်စားထားတဲ့ လေယာဉ်ကွင်းကြီးတည်ဆောက်မှု ပြီးဆုံးပြီး မကြာခင်မှာပဲ ရန်သူဘက်က တိုက်လေယာဉ်တစ်စီးပျံသန်းလာကာ သူတို့မျှားခေါ်ထားတဲ့ သစ်သားလေယာဉ်ကွင်းဆီကို ရန်သူလေယာဉ်က တစ်ပတ်ပတ်ကြည့်လိုက်ပါတယ်။ ထို့နောက်မှာတော့ ၎င်းလေယာဉ်ကနေ ကြဲချလိုက်တဲ့ ဗုံးကလည်း သစ်သားဗုံးဖြစ်နေခဲ့ပါတယ်။

warhistoryonline.com

ကြားရတာ စိတ်ဝင်စားစရာကောင်းသလို ရယ်စရာလည်း ကောင်းလှပါတယ်။ ဂျာမန်တွေက ရန်သူမဟာမိတ်တပ်တွေကို လှည့်စားဖို့ စီစဉ်ထားသလို ရန်သူဘက်လည်း ပြန်လှည့်စားသွားတာပါ။ အမေရိကန်နဲ့ ဗြိတိန်တို့ ပေါင်းထားတဲ့ မဟာမိတ်တပ်တွေကလည်း သူတို့ဝင်တိုက်မယ့်နေရာကို အယောင်ပြပြီး ဂျာမန်ဘက်ကို လှည့်စားဖို့ သေချာစီစဉ်ခဲ့ကြတာဖြစ်ပါတယ်။

READ
အချစ်ကြီးသလောက် သွေးအေးအေးနဲ့ ရက်စက်လွန်းတဲ့ သူတို့စုံတွဲ
Vintagewingsofcanada.com

ဖြစ်ရပ်နဲ့ ပတ်သက်လို့ သက်သေအထောက်အထား အပြည့်အစုံမရှိတာကြောင့် ဒဏ္ဍာရီတစ်ခုအဖွယ်ဖြစ်သာ သတ်မှတ်ကြသူတွေရှိသလို စစ်ပြန်အချို့ကတော့ တကယ့်ဖြစ်ရပ်ဖြစ်ကြောင်း ပြောပြကြပါတယ်။ ဒါပေမယ့်လည်း ပြင်သစ်စာရေးဆရာ Pierre-Antoine ရေးသားထားတဲ့ စာအုပ်ထဲမှာတော့ တကယ်ကိုပဲ ဒုတိယ ကမ္ဘာစစ်အတွင်းမှာ မဟာမိတ်တပ်ရဲ့ လေယာဉ်အတုတွေက ဗုံးအတုတွေနဲ့ ဂျာမန်ရဲ့ လေယာဉ်ကွင်းအတုတွေကို ကြဲခဲ့ကြောင်း ရေးသားထားခဲ့ပါတယ်။

ဒုကမ္ဘာစစ်အတွင်း တိုက်ခိုက်နေခဲ့ကြစဉ်မှာ အခုလိုလှည့်စားမှုတွေ အပြန်အလှန်ဖြစ်ခဲ့ပြီး ရယ်စရာအဖြစ်တွေရှိခဲ့တာ ထူးခြားဖြစ်စဉ်ပါပဲ.။

White (Shwemom)

Ref: War History Online

SHARE