တစ်မျက်နှာဖြေရှင်းပြီးမှ ရှေ့ဆက်လို့ရမယ့် သစ်သားဉာဏ်စမ်းစာအုပ်

သင်က လျှို့ဝှက်ဆန်းကြယ် စာအုပ်တွေ ဖတ်ရတဲ့ သဘောကျတဲ့ သူတစ်ယောက်ဆို အခုဖော်ပြမယ့် စာအုပ်ကိုလည်း အမှန်တကယ် နှစ်ခြိုက်မှာ ကျိန်းသေပါတယ်။ ဒီ စာအုပ်က အာရုံခံစားမှုတွေကို နှိုးဆွပေးမှာဖြစ်ပြီး စာဖတ်ရင်း ပါဇယ်တွေဖြေရှင်းရမယ့် အမျိုးအစားဖြစ်ပါတယ်။ သစ်သား စာအုပ်တစ်အုပ် ဖြစ်ပြီး လေဆာနဲ့ ဖြတ်ဆက်တဲ့ နည်းပညာနဲ့ ဖန်တီးထားတာဖြစ်ပါတယ်။

kickstarter

Codex Silenda: The Book of Puzzles ဆို ဒီစာအုပ်မှာ စာမျက်နှာ (၅) မျက်နှာ ပါဝင်ပြီး ဖြေရှင်းရမယ့် အရာတွေကလည်း တစ်ခုနဲ့ တစ်ခု လုံးဝမတူပါဘူး။ ဒီစာအုပ်ကို စက်မှု ဒီဇိုင်နာ Brady Whitney ဆိုသူက ဖန်တီးပါတယ်။ စာမျက်နှာ တစ်ခုစီတိုင်းမှာ ထူးခြားတဲ့ ဉာဏ်စမ်းတွေပါပြီး တစ်မျက်နှာကို အရင်ဖြေရှင်းပြီးမှ နောက်တစ်မျက်ကို ဆက်သွားလို့ ရမယ့် ပုံစံဖြစ်တယ်။

READ
ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေဆိုး (၁၀)မျိုး
kickstarter

The Book of Puzzles ဟာ Leonardo da Vinci ရဲ့ အလုပ်သင်တစ်ယောက် စွန့်စားခန်းတစ်ရပ်ကို တွေ့ကြုံရတဲ့ အသွင်ဖန်တီးထားပါတယ်။ Da Vinci ဟာ သူ့ရဲ့ အလုပ်တွေကို တခြားသူတွေ ခိုးယူမှာဆိုလို့ ထောင်ချောက်တွေ ဆင်ထားတာကို ကျော်ဖြတ်ရမှာဖြစ်ပြီး သူပြန်မလာခင် ဖြေရှင်းပြီး လွတ်မြောက်အောင် ကြိုးစားရမယ့် ပုံစံဖြစ်တယ်။

ပထမဆုံး စာမျက်နှာကတော့ Mechanical Iris လို့ခေါ်ပါတယ်။ ဆက်လက် ၀င်ရောက်ဖို့ အတွက် တံခါးပေါက် ပါရှိပြီး ပွင့်အောင် ကြိုးစားရမှာဖြစ်ပါတယ်။

kickstarter

ပထမစာမျက်နှာကို အောင်မြင်လာပြီးပြီဆိုရင်တော့ လည်ပတ်နေတဲ့ ၀င်္ကဘာကို ဒုတိယစာမျက်နှာမှာ ဖြတ်ကျော်ရမှာဖြစ်ပါတယ်။

kickstarter

တတိယစာမျက်နှာမှာတော့ ဂျနီဗာ စက်ဘီးနဲ့ ဂီယာခြောက်ကို အစဉ်တိုင်း ဖြစ်အောင်လုပ်ပေးရတဲ့ ဉာဏ်စမ်းကိုဖြတ်ကျော်ရမှာဖြစ်တယ်။

READ
သိပ္ပံပညာရှင်တွေ အဖြေရှာလို့မရတဲ့ ကမ္ဘာ့အံ့ဖွယ်နေရာများ
kickstarter

စတုတ္ထစာမျက်နှာမှာ ဆလိုက်ဒါ (၁၄) ခုကို သူတို့ရဲ့ သက်ဆိုင်ရာ ပုံစံအတိုင်းဖြစ်အောင် စဉ်ပြီး ဘုလုံးတွေကနေ လွတ်အောင်လုပ်ယူရမှာဖြစ်ပါတယ်။

kickstarter

နောက်ဆုံး စာမျက်နှာမှာတော့ ကုတ် (၄) ခုကို ရှာပြီး လွတ်လမ်းကို ရှာရမှာဖြစ်ပါတယ်။ အားလုံးကို ဖြေရှင်းနိုင်မှ အောင်နိုင်သူအဖြစ် သတ်မှတ်နိုင်မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

kickstarter

Ref: Elite Reader

Matthew 
SHARE