ထူးခြားတဲ့တေးသွားတွေထွက်နေတဲ့ ဂျပန်တောအုပ်ထဲက ဧရာမသစ်သားပတ္တလား

youtube/sakura4250

တောအုပ်ထဲမှာလမ်းလျှောက်နေရင်းနဲ့ အဝေးကနေ ကြည်နူးစရာကောင်းတဲ့ တီးလုံးသံလေးတွေ နားထောင်ရတယ်လို့ စိတ်ကူးကြည့်ရအောင်။ ဒီလိုစိတ်ကူးမျိုးကို အကောင်အထည်ပေါ်အောင်လို့ creative director ဖြစ်တဲ့ Morihiro Harano နဲ့ သူ့အဖွဲ့က ၂၀၁၂ခုနှစ်မှာဖန်တီးခဲ့တာပါ။ သူတို့တွေက လက်သမားဆရာ Mitsuo Tsuda ၊ အသံအင်ဂျင်နီယာ Kenjiro Matsuo တို့နဲ့ပူးပေါင်းပြီး တေးသွားတွေထွက်တဲ့ ဧရာမပတ္တလားကြီးတစ်ခုကို ဖန်တီးခဲ့တာဖြစ်တယ်လို့ mymodernmet အရသိရပါတယ်။

ပတ္တလားကြီးကိုတော့ ဂျပန်နိုင်ငံက Kyushu အမည်ရတဲ့သစ်တောထဲမှာ ဖန်တီးထားခဲ့တာပါ။ ပတ္တလားမှာတော့ အရွယ်အစားအမျိုးမျိုးရှိတဲ့ သစ်သားအပိုင်းအစပေါင်းရာနဲ့ချီပြီး ပါဝင်ပါတယ်။ သစ်သားချောင်းတစ်ခုချင်းစီကိုရိုက်ကြည့်ရင် မတူညီတဲ့အသံတစ်သံတွေထွက်ပါတယ်။ အောက်ဘက်မှာတော့ ပတ္တလားရဲ့ဗီဒီယိုကိုဖော်ပြထားပါတယ်။

READ
ရည်မှန်းချက်ပျောက်နေလား လူငယ်?

ဗီဒီယိုထဲမှာတော့ ပတ္တလားရဲ့အစမှာ သစ်သားဘောလုံးတစ်လုံးကို တင်ထားတာ တွေ့ရမှာပါ။ ဘောလုံးလေးဟာ တဆင့်ချင်းတဆင့်ချင်း ဖြည်းဖြည်းစီ အောက်ဘက်ကိုဆင်းလာပါတယ်။ သူဆင်းလာတုန်း သစ်သားချောင်းလေးတွေနဲ့ထိခိုက်သွားတဲ့အခါ တေးသွားသံလေးထွက်ပေါ်လာပါတယ်။ အဲ့ဒီတေးသွားကတော့ ဂျာမန်တေးရေးတေးဆို Bach ရဲ့ Cantata 147 က Jesu, Joy of Man’s Desiring က တေးသွားပဲဖြစ်ပါတယ်။

သစ်သားဘောလုံးလေးက တစ်ထစ်ချင်းဆီ အောက်ဘက်ကိုလှိမ့်ဆင်းသွားတိုင်း လှပစစ်မှန်တဲ့ သံစဉ်စုံကို ကြားရမှာပါ။ တောအုပ်ထဲမှာတော့ စာဖတ်သူတွေကြားရမှာက သစ်သားတူရိယာကထွက်လာတဲ့အသံနဲ့ ဘေးပတ်ဝန်းကျင်က အသံတွေပဲရှိပါလိမ့်မယ်။ ဒီဗီဒီယိုလေးကိုတော့ ဂျပန်ဆက်သွယ်ရေးကုမ္ပဏီ Docomo က ၄င်းရဲ့ Touch Wood SH-08C သစ်သားအုပ်ထားတဲ့ဖုန်းဟန်းဆက်အတွက် ကြော်ငြာပြုလုပ်ထားတာဖြစ်ပါတယ်။ ကြော်ငြာက ထူးခြားရုံတင်မကဘဲ ရိုက်ကူးရေးအဖွဲ့ရဲ့ ထူးခြားတဲ့ပါရမီတွေကိုလည်း တွေ့မြင်ရဦးမှာဖြစ်ပါတယ်။

READ
ဘဝကို အရှုံးမပေးသူ သို့မဟုတ် Michael Jordan

ShweMom

SHARE