အသက်တစ်ချောင်းဆိုတာ သိပ်ကိုတန်ဖိုးရှိလှပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့လူသားတွေကတော့ တစ်ကိုယ်ကောင်းဆန် အတ္တကြီးစွာနဲ့ပဲ အာဟာရအတွက်၊ အသုံးအဆောင်ပစ္စည်းတွေအတွက်၊ ဖျော်ဖြေရေးအတွက် တခြားသော သက်ရှိသတ္တဝါလေးတွေကို အသုံးချနေကြပါတယ်။
အဲဒီအထဲ အခုဖော်ပြပေးမယ့် မြေခွေးလေးဟာလည်း သားကောင်ဖြစ်သွားခဲ့ရှာပါတယ်။ သားမွှေးအတွက် မြေခွေးလေးတွေ သတ်ဖြတ်နေတဲ့ သားသတ်ရုံထဲမှာ သူလေးဟာ အဖမ်းခံနေခဲ့ရတာပါ။ ဘယ်ချိန် လောကထဲကသွားရမှန်းမသိတဲ့ မြေခွေးလေးခင်ဗျာ လူသားတွေရဲ့ပြုသမျှကိုနုခဲ့ရရှာပါတယ်။


ဒါပေမဲ့လည်း မြေခွေးလေး ကံကောင်းတယ်လို့ဆိုရမှာပဲ။ Yaroslav ဆိုတဲ့ အမျိုးသားတစ်ယောက်ကြောင့် မြေခွေးလေးဟာ ကံကောင်းထောက်မစွာနဲ့ပဲ အသက်ဘေးကနေ လွတ်မြောက်လာခဲ့ပါတယ်။ မြေခွေးလေး Woody နဲ့ Yaroslav တို့အကြောင်း Boredpanda မှ ကိုးကားဖော်ပြပေးလိုက်ပါတယ်။




မြေခွေးလေး Woody ဟာ သားမွှေးအတွက် ရုရှားက fur farm မှာ ငယ်ငယ်လေးကတည်းက ဂရုတစ်စိုက်အပြုစုခံပြီး မွေးခြင်းကိုခံနေခဲ့ရတာပါ။ တစ်ချိန် အရောင်အသွေး အမွှေးတွေစုံတဲ့အခါကျ သတ်ပစ်ပြီး Woody ရဲ့ သားအမွေးကို ယူကာ လူ့အသုံးအဆောင်တွေ ပြုလုပ်မှာပေါ့။ ၂၀၁၅ ခုနှစ်မှာပဲ Yaroslav ဟာ Woody ကို မထင်မှတ်ပဲ တွေ့သွားခဲ့တယ်။ တွေ့တွေ့ချင်းမှာတင် Woody လေးကို သနားစိတ်ဝင်ပြီး သံယောဇဉ်တွယ်မိသွားတဲ့အတွက်ကြောင့် fur farm ပိုင်ရှင်ဆီကနေ Woody လေးကို တောင်းခဲ့ပါတယ်။ ဒါပေမဲ့ အခကြေးငွေပေးပြီးတော့ ခက်ခက်ခဲခဲ ဝယ်ခဲ့ရတာပါတဲ့လေ။



နောက် Yaroslav ဟာ Woody လေးကို အိမ်ခေါ်သွားခဲ့ပြီးတော့ သူကိုယ်တိုင်ပဲ ပြုစုစောင့်ရှောက်ခဲ့ပြီး ခွေးလေ၊ ကြောင်လေးသဖွယ် ဂရုတစိုက်နဲ့ မွေးထားခဲ့ပါတော့တယ်။ အခုဆိုရင် ၅ နှစ်တောင်ရှိနေခဲ့ပါပြီ။ နှစ်ယောက်သား ကြားထဲက သံယောဇဉ်ကြိုးစား မြဲမြဲခိုင်နေခဲ့ပါတယ်။ စစချင်းမှာတော့ fur farm မှာလည်း မွေးထားတာလည်းဖြစ်၊ Woody ဟာ အရိုင်းဆန်တဲ့ မြေခွေးလည်းဖြစ်တာကြောင့် Yaroslav တစ်ယောက် ထိန်းသိမ်းရတာ အရမ်းခက်ခဲပေမယ့်လို့ အခုအချိန်မှာတော့ Woody ဟာ အရမ်းကိုပျော်ရွှင်သိမ်မွေ့တဲ့ မြေခွေးလေးတစ်ကောင် ဖြစ်လို့နေခဲ့ပါပြီ။


View this post on Instagram
penny