သင့်ရဲ့စာအရေးအသားစွမ်းရည်ကို မြှင့်တင်ပေးမယ့် Microsoft Word ရဲ့ AI feature အသစ်

ကွန်ပြူတာမှာ စာရေးသူတိုင်း Microsoft Word ကို အသုံးပြုဖူးကြမှာပါ။ Microsoft Word မှာမှ အွန်လိုင်းဗားရှင်း ရှိပါသေးတယ်။ Word ရဲ့ အွန်လိုင်းဗားရှင်းဖြစ်တဲ့ Microsoft Word Online ကို အသုံးပြုမယ်ဆိုရင်တော့ သိပ်မကြာခင်မှာ AI (အသိဉာဏ်တု) နဲ့ ဖန်တီးထားတဲ့ အယ်ဒီတာတစ်ယောက်က သင့်ဘေးမှာ ရှိနေတော့မှာပါ။

Pixabay

စာပြင်ဆင်မှုတွေ လုပ်ပေးမယ့် ၎င်း feature ကိုတော့ “Ideas” လို့ နာမည်ပေးထားပါတယ်။ သင်က အရေးအသားပိုင်းမှာ အားနည်းတယ်ဆိုရင် “Ideas” က ပိုမှန်ကန်ပြီး ပိုဖတ်လို့ ချောသွားမယ့် အရေးအသားဖြစ်အောင် ပြင်ပေးမှာပါ။ သင်ရေးသားထားတဲ့ စာပိုဒ်က ရှုပ်နေရင်လည်း ပြင်ဆင်ရေးသားဖို့အတွက် အသိဉာဏ်တုစနစ်က အကြံပေးမှာ ဖြစ်ပြီး ပိုမို သိပ်သည်းကျစ်လျစ်တဲ့ အရေးအသားမျိုး ရေးနိုင်အောင်လည်း “Ideas” က ကူညီပေးသွားမှာပါ။

READ
ဆယ်စုနှစ်အတွင်းမှာ မထင်မှတ်လောက်အောင် လုံးဝပြောင်းလဲသွားတဲ့ Emoji များ
techcrunch

Cloud နည်းပညာအပေါ် အခြေခံထားတဲ့ ဒီ tool ဟာဆိုရင် စာထဲက အချက်အလက်အလိုက် ဖတ်ရမယ့် ခန့်မှန်းချေကြာချိန်နဲ့ အတိုကောက်တွေကိုလည်း သင့်အတွက် ထုတ်နုတ်ပေးထားဦးမှာပါ။ Document ထဲက အဓိကအချက်တွေကိုလည်း ထုတ်နုတ်ပေးထားမှာ ဖြစ်တဲ့အတွက် စာရေးသူအတွက်သာမက စာဖတ်သူအတွက်ပါ အသုံးဝင်မယ့် tool လည်း ဖြစ်ပါတယ်။

Pixabay

စာပြင်ဆင်ပေးမယ့် tool အပြင် စာလုံးအလှဆင်ဖို့အတွက် “Word Designer” အသစ်ပါ ထပ်ထည့်ထားမှာ ဖြစ်တဲ့အကြောင်း Microsoft က ကြေညာခဲ့ပါသေးတယ်။ ဖော်ပြပါ feature အသစ်တွေကတော့ Microsoft Word Online အသုံးပြုသူတိုင်းဆီကို ၂၀၁၉ နှစ်ကုန်ပိုင်းလောက်မှာ ရောက်ရှိလာမယ်လို့ သိရပါတယ်။

Ref: Tech Crunch

SHARE