စစ်ပွဲတွေထပ်မဖြစ်စေရတော့ဘူးလို့ အိုဘားမားနဲ့တွေ့ဆုံစဉ်မှာပြောခဲ့တဲ့ဂျပန်ဝန်ကြီးချုပ်

အမေရိကန်သမ္မတ အိုဘားမားဟာ ဂျပန်ဝန်ကြီးချုပ်နဲ့ပုလဲဆိပ်ကမ်းတိုက်ခိုက်ခံရတဲ့အထိမ်းအမှတ်အဖြစ် တွေ့ဆုံခဲ့ပါတယ်။စစ်ပွဲရဲ့ဒဏ်ရာတွေဟာ မိတ်ဆွေဖြစ်မူနဲ့ ကြာရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးကိုပေးစွမ်းပါတယ်လို့ အိုဘားမားက ဆိုပါတယ်။အမေရိကန်နိုင်ငံဟာ ၁၉၄၂ ခုနှစ်တွင် ဂျပန်နိုင်ငံက လျှပ်တပြတ် ပုလဲဆိပ်ကမ်းကိုဗုံးကြဲပြီးနောက်ပို်င်း ဒုတိယ ကမ္ဘာစစ်ထဲကိုပါဝင်လာခဲ့တာဖြစ်ပါတယ်။အမေရိကန် သမ္မတသစ်အဖြစ်ရွေးကောက်ခံရပြီးနောက်ပိုင်း ဂျပန်၊အမေရိကန်နိုင်ငံမဟာမိတ်ဖြစ်မူဟာ ဝေခွဲမရတဲ့အခြေအနေတစ်ခုဖြစ်နေပါတယ်။တိုကျိုနဲ့ဆက်ဆံရေးဟာ အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရန့်တက်လာတဲ့နောက်ပိုင်း သဘောထားပြောင်းလဲသွားမှာကို ဂျပန်နိုင်ငံကစိုးရိမ်နေပါတယ်။တရုတ်ရဲ့ စစ်ရေးအင်အားချဲ့ထွင်မူကြောင့် ဂျပန်နိုင်ငံဟာ အမေရိကန်နဲ့မဟာမိတ်ဖြစ်မူကို ပိုမိုတည်တံ့စေဖို့ ကြိုးစားလျက်ရှိနေပါတယ်။nintchdbpict000291146266nintchdbpict000291146232

ရှင်ဇိုအာဘေးဟာ ပုလဲဆိပ်ကမ်း အထိမ်းအမှတ်ကိုလာရောက်ခဲ့တဲ့ ပထမဆုံး ဂျပန်ဝန်ကြီးချုပ်ဖြစ်ပြီး ” စစ်ပွဲရဲ့ အနိဠာရုံတွေကိုထပ်မံမဖြစ်စေရတော့ဘူးလို့ ဂျပန်နိုင်ငံဝန်ကြီးချုပ်အနေနဲ့ အလေးအနက် ကတိပေးလိုပါတယ် ” လို့ပြောဆိုခဲ့ပါတယ်။

May 27, 2016

ဂျပန်နိုင်ငံဟာ ပုလဲဆိပ်ကမ်းကို ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့မှာ ဗုံးကြဲလေယာဉ်တွေ၊တော်ပီဒိုတွေ နဲ့လျှပ်တပြတ်ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အမေရိကန်နိုင်ငံသား ၂၄၀၃ယောက်သေဆုံးခဲ့ပြီး ၁၁၇၈ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။အိုဘာမားဟာလည်းဒီနှစ်အစောပိုင်းမှာ  ၁၉၄၅ခုနှစ်အမေရိကန်က နူကလီးယားဗုံးကြဲခဲ့တဲ့ ဟီရိုရှီးမားမြို့တော် အထိမ်းအမှတ်ပွဲကိုလည်း သွားရောက်ခဲ့ပါတယ်။japan-s-prime-minister-shinzo-abe-meets-with-u-s-president-electနိုင်ငံခေါင်းဆောင်နှစ်ဦးဟာ အထိမ်းအမှတ်ပွဲတော်အပြီး တိုက်ခိုက်မူအတွင်းအသက်ရှင်ခဲ့တဲ့ အမေရိကစစ်မူထမ်းဟောင်းများကိုလည်း သွားရောက်နူတ်ဆက်ခဲ့ပါတယ်။ဒီတွေ့ဆုံမူဟာ ဇန်န၀ါရီ ၂၀ ရက်မှာစတင်တာဝန်ထမ်းဆောင်မဲ့ အမေရိကန်သမ္မတသစ် ထရန့်ကိုလည်း ဂျပန်၊အမေရိကန်မဟာမိတ်ဖြစ်မူကိုဆက်လက်ထိန်းသိမ်းဖို့တွန်းအားပေးဖို့ရည်ရွယ်ပါတယ်။ရှင်ဇိုအာဘေးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာဒေါ်နယ်ထရန့်နဲ့တွေ့ဆုံခဲ့စဉ်မှာလည်း ထရန့်ဟာယုံကြည်စိတ်ချရတဲ့ခေါင်းဆောင်တစ်ယောက်လို့လည်း ပြောဆိုခဲ့ပါတယ်။

READ
သေနတ်နဲ့ဆော့ပြီး Live လွှင့်ခဲ့သည့်ကလေး မိမိကိုယ်ကို မတော်တဆပစ်မိပြီးသေဆုံး

Lumos(Shwemom)

Ref : The Sun

SHARE