လေလံတင်ရောင်းချနေပြီဖြစ်တဲ့ Steve Jobs ငယ်ဘဝက အလုပ်လျှောက်စာ

(၂၀၁၁)ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ Apple ကုမ္ပဏီတည်ထောင်ခဲ့သူ Steve Jobs ဟာ ကမ္ဘာပေါ်က နာမည်အကျော်ကြားဆုံး၊ လေးစားအားကျစရာအကောင်းဆုံးပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်ပါတယ်။ Mac ကွန်ပြူတာတွေ၊ iPod တွေ၊ iPhone တွေကို ဖန်တီးသယ်ဆောင်ပေးခဲ့သူဖြစ်ပြီး ဘီလီယံပေါင်းများစွာသော ငွေတွေကိုလည်း ပိုင်ဆိုင်ခဲ့သူပါ။

(၁၉၇၃)ခုနှစ်က Steve ရေးခဲ့တဲ့ ဒီအလုပ်လျှောက်စာလေးကို မကြာသေးခင်က တွေ့ရှိခဲ့ကြတာပါ။ ဒါကိုဖတ်နေတဲ့အချိန်မှာ သင်ဟာ သင့်လက်ကျန်ပိုက်ဆံလေးတွေကို ရေတွက်နေခဲ့ရင်၊ သင့်ဘဝတိုးတက်ဖို့ ဘာလုပ်ရမှန်းမသိဖြစ်နေခဲ့ရင်၊ အလုပ်တစ်ခုခုလျှောက်ဖို့ ကြိုးစားနေရင် Apple တည်ထောင်သူ Steve Jobs လည်း တစ်ချိန်က သင့်လို ရုန်းကန်နေခဲ့ရတယ်ဆိုတာ နားလည်သွားမှာဖြစ်ပါတယ်။

ဒီအလုပ်လျှောက်စာကို Steve ရေးခဲ့ချိန်မှာ သူ့အသက် (၁၈)နှစ်ဖြစ်ပြီး တက္ကသိုလ်မှထွက်ထားခါစအချိန်ဖြစ်ပါတယ်။ သူ့လိပ်စာနေရာမှာလည်း ပို့တ်လန်းမှာ ရှိတဲ့ Reed ကောလိပ်လို့သာ ကျောင်းနာမည်ကို ဖြည့်ခဲ့ပါတယ်။ အဲဒီကျောင်းမှာ အင်္ဂလိပ်စာမေဂျာကို ယူခဲ့ပြီး (၆)လတက်ပြီးနောက်မှာ ထွက်ခဲ့တာပါ။

READ
HP(မြင်းကောင်ရေ)ဆိုတာ ဘာလဲ ... လူတွေအမှတ်မှားနေတဲ့ မြင်းကောင်ရေအကြောင်း
RR Auction

အလုပ်လျှောက်စာကို ကြည့်ခြင်းအားဖြင့် အဲဒီတုန်းက Steve ရဲ့ ခက်ခဲနေခဲ့ချိန်တွေကိုသိရမှာဖြစ်ပြီး သူ့မှာ ကားရော ဖုန်းရော မရှိသေးပါဘူး။ သူ့ရဲ့ စွမ်းရည်တွေနဲ့ ပတ်သက်ပြီး ဖြည့်ထားတာမှာလည်း သူ့ကို တစ်ချိန်မှာ အောင်မြင်တဲ့ Steve Jobs ဖြစ်လာစေတဲ့ အချက်တွေပါနေခဲ့ပါတယ်။ ကွန်ပြူတာနဲ့ အတွက်အချက်ပိုင်းတွေမှာ တတ်မြောက်တယ်လို့ဖြည့်ထားပြီး လျှပ်စစ်နည်းပညာနဲ့ ဒီဇိုင်းအင်ဂျင်နီယာအရည်အချင်းများ ရှိကြောင်းလည်းရေးထားပါတယ်။

Hewlett-Packard ကို စာလုံးပေါင်းမှားနေခဲ့ပေမယ့်လည်း ၎င်းကုမ္ပဏီမှာ အလုပ်လုပ်ဖူးခဲ့လို့ ဒစ်ဂျစ်တယ်နည်းပညာတွေကို နားလည်တတ်မြောက်ကြောင်းလည်း ရေးထားပါတယ်။ ကျောင်းထွက်ရခြင်းနဲ့ ပတ်သက်ပြီး နောက်ပိုင်းမှာ သူပြောပြခဲ့တာကတော့ “ကောလိပ် (၆)လတက်ပြီးနောက်မှာ ကောလိပ်တက်ခြင်းက ကျွန်တော့်ဘဝကို ဘာဖြစ်ချင်မှန်း မသိစေဘဲ ဘဝမှာ ဘာလုပ်ရမလဲဆိုတာ လမ်းပြပေးနိုင်ဖို့ မသေချာခဲ့မှန်းသိခဲ့ပါတယ်။ ဒါကြောင့် မိဘတွေ ငွေကုန်ကြေးကျခံပြီး ကျွန်တော့်ကို ကျောင်းထားပေးထားပေမယ့်လည်း အဆင်ပြေသွားမယ်လို့ ယုံပြီး ကျွန်တော်ကျောင်းထွက်ခဲ့ပါတယ်” လို့ ဆိုပါတယ်။

READ
အောင်မြင်သူတွေဘယ်တော့မှ လုပ်လေ့မရှိတဲ့အရာ(၈)ခု
PA

ကျောင်းထွက်ခဲ့ပေမယ့် Steve Jobs ဟာ ကောလိပ်က ပြဇာတ်တန်း၊ လက်ရေးတန်းနဲ့ အကတန်းတို့ကိုတော့ သွားတက်ခဲ့ပြီး လက်ရေးတန်းသာ မတက်ခဲ့ရင် Mac ကွန်ပြူတာမှာ စနစ်ကျတဲ့ font တွေကို သေချာထည့်နိုင်ခဲ့မှာ မဟုတ်ကြောင်း (၂၀၀၅)ခုနှစ်က စတန်းဖို့ဒ်တက္ကသိုလ်မှာ ပြောကြားခဲ့ပါတယ်။ (၁၉၇၆)ခုနှစ်က ကောလိပ်ထွက်ခဲ့ပြီး နှစ်အနည်းငယ်ကြာမှာ သူ့မိတ်ဆွေ Steve Wozniak နဲ့ အတူ Apple ကို စတည်ထောင်ခဲ့ပါတယ်။

အခုဆိုရင် Steve Jobs ရဲ့ အထက်ပါအလုပ်လျှောက်လွှာကို R&R လေလံပွဲမှာ တင်ထားပြီး ယခုလက်ရှိ ကန်ဒေါ်လာလ (၅)သောင်းနဲ့ နောက်ဆုံးပေးထားလျက်ရှိပါတယ်။ လေလံပွဲကတော့ လာမယ့် ကြာသပတေးနေ့မှာ ပြီးဆုံးမှာဖြစ်ပါတယ်။

White (Shwemom)

Ref: Lad Bible

SHARE