Covid-19 ကြောင့် နေအိမ်ကနေပြီး အလုပ်လုပ်ဖို့ပြင်ဆင်ထားကြသူတွေရဲ့ပုံရိပ်များ

Twitter

ကမ္ဘာတစ်ဝှမ်းမှာ Covid-19 ရဲ့ ခြိမ်းခြောက်မှုကြောင့် ကုမ္ပဏီတွေ၊ စက်ရုံတွေ တော်တော်များများ ပိတ်ကုန်ကြတာပါ။ တချို့ကုမ္ပဏီတွေ ကျပြန်တော့လည်း သူတို့ရဲ့ ၀န်ထမ်းတွေကို ရုံးတက်စရာမလိုပဲ နေအိမ်ကနေ အလုပ်လုပ်ပြီး Covid-19 ဗိုင်းရပ်စ်မကူးစေဖို့ ကာကွယ်ပေးထားကြတယ်။

တခြားသူတွေနဲ့ ထိတွေ့ဆက်ဆံမှု နည်းလေလေ၊ ဗိုင်းရပ်စ်ကူးစက်နိုင်ချေ ပိုနည်းလေ ဆိုတော့ နေအိမ်မှာနေပြီး သီးသန့်အလုပ်လုပ်တာဟာ ဗိုင်းရပ်စ်ကို ကြိုတင်ကာကွယ်နည်း တစ်မျိုးပဲ ဖြစ်တယ်လို့ ယူဆထားကြတာပါ။

ဆိုရှယ်မီဒီယာပေါ်မှာတော့ နေအိမ်မှာနေပြီး အလုပ်လုပ်ဖို့ စီစဉ်နေကြတဲ့သူတွေက သူတို့အနေနဲ့ ဘယ်လိုစီစဉ်ထားကြတယ်ဆိုတာ ဓာတ်ပုံတွေနဲ့ ပြသနေခဲ့ကြပြီး တတ်နိုင်သလောက် အိမ်မှာပဲနေကာ အလုပ်လုပ်ကြဖို့ တိုက်တွန်းသွားခဲ့တာပါ။

သူတို့ ထူးထူးဆန်းဆန်း ပြင်ဆင်ထားတဲ့ အလုပ်စားပွဲလေးတွေကို ကြည့်လိုက်ပါဦး..။

 

Linn

SHARE