Work From Home အဆင်မပြေသူတွေအတွက် အစီအစဉ်တစ်ခု ဖန်တီးပေးခဲ့တဲ့ ဂျပန်ကုမ္ပဏီ

Freepik-den-belitsky

ကိုဗစ်ကာလအတွင်း တော်တော်များများသော လုပ်ငန်းတွေဟာ Work From Home စနစ်ကို ပြောင်းသွားခဲ့ကြပါတယ်။ ဒါပေမဲ့လည်း တစ်ချို့လူတွေအတွက်ကတော့ Work From Home လုပ်ရတာ အဆင်ပြေတဲ့ အခြေအနေမှာရှိနေပမယ့်လို့ အများစုသော အိမ်တွေမှာတော့ Work From Home လုပ်ရတာမျိုးဟာ အဆင်ပြေမနေကြပါဘူး။

အထူးသဖြင့် ရုံးမှာလိုမျိုး အေးချမ်းတဲ့ပတ်ဝန်းကျင်မရှိတာမျိုး၊ အလုပ်သေချာလုပ်ဖို့အတွက် စားပွဲတို့ခုန်တို့ ဒါမှမဟုတ် အင်တာနက်ကစလို့ အဆင်မပြေတာမျိုးတွေ စသဖြင့်ပေါ့။ ဒီလိုလူတွေအတွက်တော့ Work From Home ဟာ တော်တော်လေးကို အဆင်မပြေတဲ့ စနစ်တစ်ခုဖြစ်လာခဲ့ပါတယ်။

Freepik- freepik

Work From Home လုပ်ရတာ ငြီးငွေ့နေတဲ့လူတွေအတွက် ဂျပန်နိုင်ငံမှာတော့ အခွင့်အရေးသစ်တစ်ခုကို ပေးလာခဲ့ပါတယ်။ အဲဒါကတော့ Work From Train လို့ဆိုရမှာပါပဲ။ Sora News 24 ရဲ့ သတင်းတစ်ပုဒ်အရ ဒီအခွင့်အရေးကိုတော့ Narita Express လုပ်ငန်းစုကနေပြီး စီစဉ်ပေးနေခဲ့တာပါတဲ့။

 

လတစ်လရဲ့ နောက်ဆုံးနှစ်ရက်ကို Work From Train လုပ်ဖို့အတွက် ကျည်ဆန်ရထားကို မြို့ပတ်အနေနဲ့ ပြေးဆွဲပေးသွားမှာပဲဖြစ်ပါတယ်။ လိုက်ပါချင်တဲ့လူတွေအတွက်ကတော့ ကြိုတင်စာရင်းသွင်းရမှာပါ။ Ryogoku ဘူတာကနေ စတင်ထွက်ခွာမှာပါ။

ကိုဗစ်ကာလအတွင်းမှာ Narita Express ရဲ့ကျည်ဆန်ရထားပြေးဆွဲတဲ့ ရထားတွေကို အစီးရေလျှော့ထားပါတယ်။ ဒါကြောင့်လည်း ဝင်ငွေနည်းနေတဲ့အချိန်မျိုးမှာ ကိုဗစ်နဲ့အဆင်ပြေစေမယ့် အစီအစဉ်လေးကို လုပ်ခဲ့တာပါတဲ့။

ရထားစီးမယ့်လူတွေအတွက် wifi free ရမယ့်အပြင်ကိုမှ အားသွင်းတဲ့နေရာတွေ၊ သက်တောင့်သက်သာဖြစ်စေမယ့် ထိုင်ခုံမျိုးတွေရှိနေပါတယ်။ အသံလည်းလုံတဲ့အတွက်ကြောင့်  အလုပ်လုပ်ရတာလည်း အဆင်ပြေချောမွှေ့စေမှာပါ။ တစ်မိနစ်ကို ယန်း ၁၀၀ ကုန်ကျမှာပဲဖြစ်ပါတယ်။

penny

SHARE