ပိုင်ရှင်ရဲ့ကျန်းမာရေးအပြင် ပိုက်ဆံအိတ်ကိုပါ ကာကွယ်ပေးနိုင်တဲ့ ပစ္စည်းဆန်းများ

© T H E U N S E E N / Facebook

လွန်ခဲ့တဲ့ နှစ်(၂၀) လောက်တုန်းက အိမ်ကနေတောင် ခွာစရာမလိုပဲ ဈေးဝယ်နိုင်တဲ့စနစ်တွေ၊ မိုင်ပေါင်းများစွာ ကကွာဝေးတဲ့နေရာမှာ တစ်ယောက်တစ်နေရာစီရှိနေသူ အချင်းချင်း ဗီဒီယိုတွေခေါ်ပြီး စကားပြောနိုင်တဲ့စနစ်တွေ ပေါ်လာလိမ့်မယ်လို့ ဘယ်သူမှ မတွေးမိခဲ့ကြပါဘူး။ ဒါပေမယ့် နည်းပညာက အရမ်းကို တိုးတက်တာ မြန်ဆန်လွန်းပါတယ်။ တစ်နေ့တစ်ခြား မရိုးနိုင်တဲ့ အသစ်အဆန်းတွေနဲ့ လူသားတွေပိုပိုပြီး အဆင်ပြေစေဖို့ ဖန်တီးမှူတွေ ပြုလုပ်ထားတာကို brightside ကနေတဆင့် အခုလို တွေ့ရပါတယ်။

နေရောင်ခြည်စွမ်းအင်နဲ့ အားဖြည့်သွင်းနိုင်တဲ့ မီးလင်းဂျက်ကတ်

© vollebak / Instagram

Vollebak အမည်ရတဲ့ ကုမ္ဗဏီဟာ အမျိုးသားတွေအတွက် ရည်ရွယ်ထားတဲ့ မီးလင်းဂျက်ကတ်တွေကို ထုတ်လုပ်ထားပါတယ်။ အဲ့ဒီဂျက်ကတ်ဟာ အလင်းရှိတဲ့ ဘယ်လိုနေရာကမဆို အဲ့ဒီအလင်းနဲ့ ဂျက်ကတ်ဆီ အားသွင်းယူနိုင်ပါတယ်။ ဂျက်ကတ်ရဲ့ အပေါ်ယံသားဟာ အလင်းကိုစုပ်ယူထားတဲ့အတွက် အမှောင်ထဲရောက်တဲ့အခါ ဂျက်ကတ်ကို တောက်ပစေပါတယ်။

ခြေထောက်နဲ့ကွက်တိဝတ်နိုင်တဲ့ အောက်ခံဆိုးပြား

The Link အမည်ရတဲ့ ကုမ္ဗဏီဟာ ပေါ့ပါးလွန်းတဲ့ ဖိနပ်တွေကို တီထွင်ပေးလိုက်ပါပြီ။ ဖိနပ်ကတော့ အောက်ခံဆိုးပြားသက်သက်ပါပဲ။ ဒါပေမယ့် ကျွတ်ထွက်မသွားအောင် ဆိုးပြားရဲ့ဘေးပတ်ပတ်လည်မှာ ခြေထောက်ကို ကုတ်ပေးထားမယ့် ဘေးနံရံသားလေးတွေ ရှိပါတယ်။ ဖိနပ်က သက်တောင့်သက်သာလည်း ဖြစ်သလို ပေါ့လည်း ပေါ့တယ်လို့ ကုမ္ဗဏီကတော့ ဆိုပါတယ်။

စိတ်ခံစားချက်ပေါ်မူတည်ပြီး အရောင်ပြောင်းပေးမယ့် အင်္ကျီ

© T H E U N S E E N / Facebook

လန်ဒန်မှ The Unseen အမည်ရတဲ့ သိပ္ဗံနဲ့ ဒီဇိုင်နာကုမ္ဗဏီဟာ နောက်ဆုံးပေါ် အဆင့်မြင့်နည်းပညာသုံး အရာဝတ္ထုတွေကို အသုံးပြုကာ အ၀တ်အထည်၊ ဂျက်ကတ်၊ လက်ကိုင်အိတ်နဲ့ ကျောပိုးအိတ်တွေကို ဖန်တီးနေပါတယ်။ ဒီပစ္စည်းတွေဟာ ၀တ်ဆင်သူရဲ့ ကိုယ်အပူချိန်ပေါ်မူတည်ပြီး အရောင်အမျိုးမျိုး ပြောင်းနိုင်ပါတယ်။

AI နည်းပညာသုံးထားတဲ့ အားကစားဘရာ

ဒီအားကစားဘရာကိုတော့ Supa လို့အမည်ပေးထားပါတယ်။ ဘရာကို မိုဘိုင်း app နဲ့ ချိတ်ဆက်ပြီး အသုံးပြုနိုင်ပါတယ်။ ဘရာဟာ ၀တ်ဆင်သူရဲ့ နှလုံးခုန်နှူန်းကို ခြေရာခံပေးပါတယ်။ UV အလင်း ပမာဏကို တိုင်းတာပေးနိုင်သလို လေ့ကျင့်ခန်းလုပ်စဉ်အတွင်း ကိုယ်ကာယလှူပ်ရှားမှူတွေကိုလည်း တိုင်းတာတွက်ချက်ပေးနိုင်ပါတယ်။

ခန္ဓာကိုယ်ပေါ်တိုက်ရိုက်ဆေးဖြန်းပြီး ၀တ်နိုင်တဲ့ အင်္ကျီ

© New Scientist / Youtube

လန်ဒန်က သိပ္ဗံပညာရှင်တွေဟာ မော်လီကျူးအစုအဝေး ပိုလီမာတွေကို ရောနှောပြီး အရေပြားပေါ်တင်နိုင်တဲ့ပစ္စည်းတစ်မျိုးအဖြစ် ဖန်တီးယူခဲ့ပါတယ်။ အဲ့ဒီပိုလီမာတွေက ခြောက်သွားတဲ့အခါ ခန္ဓာကိုယ်ပေါ်မှာ အ၀တ်အစားတွေလိုပဲ သက်တောင့်သက်သာရှိစွာ ကျန်ခဲ့ပါတယ်။ ဒါ့အပြင် ဒီအ၀တ်အစားတွေဟာ ပုံမှန်အထည်တွေလိုမျိုး ချွတ်ရလွယ်ကူတဲ့အပြင် ပိုအကြမ်းခံတယ်လို့လည်း သိရပါတယ်။

ဘက်တီးရီးယားနဲ့ ပြုလုပ်ထားတဲ့ ၀တ်စုံ

ဒီဇိုင်နာ ရိုစီဘရော့ဟက်ဒ်ဆိုသူက ဂျန့်တ်တက္ကသိုလ်က သိပ္ဗံပညာရှင်တွေနဲ့ ပူးပေါင်းထုတ်လုပ်ထားတဲ့ ၀တ်စုံပါ။ ၀တ်စုံနာမည်က SkinII ဖြစ်ပါတယ်။ ၀တ်စုံကို အင်မတန်သေးငယ်လွန်းတဲ့ ဘက်တီးရီးယားတွေကို အခြေခံပြီး ထုတ်လုပ်ထားတာပါ။ ခန္ဓာကိုယ်က ချွေးထွက်လာတာနဲ့ ဒီဘက်တီးရီးယားတွေဟာ ထကြွလာပြီး မကောင်းတဲ့ အနံ့အသက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

နေလောင်ဒဏ်မခံရအောင် ကာကွယ်ပေးမယ့် ရေကူးဝတ်စုံ

© Spinali

Spinali Design က ထုတ်လုပ်တဲ့ ဒီရေကူးဝတ်စုံဟာ ၀တ်ဆင်သူကို နေလောင်ဒဏ်မခံရအောင် ကာကွယ်ပေးပါတယ်။ ဘီကီနီထဲမှာ sensor ထည့်ထားပါတယ်။ အဲ့ဒီ sensor ကနေတဆင့် ခန္ဓာကိုယ်အပူချိန်နဲ့ UV အချက်အလက်တွေကို ပိုင်ရှင်ရဲ့ စမတ်ဖုန်းဆီ ပို့ပေးပါတယ်။ ဒါပေမယ့် ဘီကီနီမ၀တ်ခင်တော့ ပိုင်ရှင်အနေနဲ့ သူမရဲ့ အသားအရည်အမျိုးအစားကို sensor ဆီ ပြောပေးဖို့တော့ လိုပါလိမ့်မယ်။ ဒါမှ sensor ဟာ ဘီကီနီဝတ်ဆင်ထားသူကို နေရောင်ကာလိမ်းခရင်မ်ထပ်လူးဖို့လိုနေပြီလား၊ နေရိပ်ထဲနေဖို့ လိုနေပြီလား စသဖြင့် သတိပေး အချက်ပြပေးသွားမှာ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

SHARE