တင်ပါးပိုကြီးသယောင်ထင်ရစေမယ့် မိန်းမဝတ်အားကစားဘောင်းဘီ

တစ်ခေတ်တစ်ခါတုန်းကတော့ အမျိုးသမီးတွေဟာ တင်ပါးကို သိပ်မပေါ်လွင်စေမယ့် အားကစားဘောင်းဘီမျိုးတွေကို ကြိုက်ခဲ့ကြတာပါ။ အခုတော့ ကောက်ကြောင်းလှတဲ့ Kim Kardashian နဲ့ Jennifer Lopez တို့လို ဆယ်လီတွေကြောင့် အမျိုးသမီးတွေဟာ တင်ပါးပိုလှလာချင်ကြပါပြီ။

အဲဒီ့အတွက် Fitstar ဆိုတဲ့ ကနေဒါအားကစားအဝတ်အစားကုမ္ပဏီက တင်ပါးကို ပိုကြီးသယောင်ထင်ရစေမယ့် အားကစားဘောင်းဘီတစ်မျိုးကို တီထွင်ထုတ်လုပ်လိုက်ပါတယ်။ ပျော့ပျောင်းစွာ ဆွဲဆန့်နိုင်ပြီး နိုင်လွန်နဲ့ ပြုလုပ်ထားတဲ့ ခါးတင်ဘောင်းဘီဟာ စတာလင်ပေါင် (၃၀) ခန့် ကျသင့်မှာဖြစ်ကြောင်း သိရပါတယ်။

ခန္ဓာကိုယ်အရွယ်အစားမရွေးဝတ်လို့ရကာ အနီနဲ့ နေဗီအပြာနှစ်မျိုးထွက်ရှိထားပြီး ဖက်ရှင်ကို အာရုံစိုက်တဲ့ လေ့ကျင့်ခန်းပြုလုပ်သူတွေအတွက် ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း ဖော်ပြထားပါတယ်။ Kim Kardashian က အားကစားဘောင်းဘီနဲ့ သူမရဲ့ ပေါ်လွင်တဲ့ တင်ပါးအလှကို ပြသခဲ့တာကြောင့် အမျိုးသမီးများလည်း သူမကဲ့သို့ အားကစားဘောင်းဘီနဲ့ ကောက်ကြောင်းလှချင်စိတ်တွေ ပေါ်ပေါက်နေကြချိန်ပဲဖြစ်ပါတယ်။

White (Shwemom)

Ref: The Sun

SHARE