ကိုဗစ်ကြောင့် (၂၀၂၁)မှာ လူသန်း(၁၅၀)လောက် အလွန်ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်ရနိုင်

Image:freepik.com/freepik

ကိုဗစ်ကြောင့် စီးပွားရေး ရိုက်ခတ်မှု တွေ က တော့ တော်တော် လေးကို ဆိုးပါတယ်။အရမ်းခိုင်မာ ပါတယ်ဆိုတဲ့ စီးပွား ရေး လုပ်ငန်း တွေ တောင် မှ ကိုဗစ် ကြောင့် အထိ နာ ခဲ့ရပါတယ်။ကိုဗစ်ကြောင့် ဘယ်လို ဆင်းရဲ မွဲတေမှု အခြေအ နေတွေ နဲ့ ရင်ဆိုင် ရ နိုင်လဲ ဆိုတာကို တော့ ကမ္ဘာ့ ဘဏ် World Bank ကေ န ခန့်မှန်းချက် ထုတ်ပြန် လိုက်ပါတယ်။(၂၀၂၀)မှာ အလွန် ဆင်းရဲ မွဲ တေ မှုေ တွ ကမ္ဘာ ပေါ် မှာ မြင့်တက်လာ နိုင် ကြောင်း၊နှစ် ပေါင်း (၂၀) အတွင်း ဒီလို မြင့် တက် မှု ဟာ ဒါပထမဆုံး လို့ ပြော ခဲ့ပါတယ်။ဒီအ ကြောင်းကိုတော့ worldbank.org ရဲ့ တရားဝင် ၀က်ဘ်ဆိုက် မှာ ဖော်ပြထားတာပါ။

Image:freepik.com/user17364411

ကိုဗစ်ကပ် ဘေး ကြောင့် ဒီနှစ်ထဲမှာ တင် ခန့်မှန်းချေ အားဖြင့် နောက်ထပ် လူ ၈၈ သန်း က နေ (၁၁၅)သန်း အလွန်ဆင်းရဲ မွဲ တေ တဲ့ အ ခြေအ နေ သို့ ရောက် ရှိသွားနိုင် တယ်လို့ ကမ္ဘာ့ ဘဏ်က ခန့်မှန်း ခဲ့ပါတယ်။(၂၀၂၁)မှာတော့ သန်း(၁၅၀)လောက် အလွန် ဆင်းရဲ မွဲ တေမှု နဲ့ ရင်ဆိုင် ရ နိုင် တယ်လို့ စီးပွားရေးဆိုင်ရာ အချက် အလက်တွေ အရ ပြောခဲ့ပါတယ်။ တစ်နေ့ဝင် ငွေ $1.90 လောက် နည်းပါးတာကို  အလွန်ဆင်းရဲ မွဲ တေ တယ်ဆိုပြီး အဆင့် သတ်မှတ် ထားတာပါ။ကိုဗစ် သာ ပေါ် မ လာခဲ့ရင် (၂၀၂၀)မှာ  ဆင်းရဲ မွဲ တေမှု အဆင့် 7.9% လျော့ ကျ မယ်လို့ ခန့်မှန်းထားခဲ့တာပါ။ကိုဗစ် ကြောင့် အလွန်ဆင်းရဲ မွဲ တေမှု က တော့ 1.4% ကျော် လောက် မြင့် တက်လာနိုင် ပါတယ်။

READ
ပေ(၃၀)လောက်အထိ ခုန်ပျံနေတဲ့ ယုန်ကလေးရဲ့ တကယ့်အမှန်တရား
Image:freepik.com/freepik

ကိုဗစ် ကြောင့် ကြုံ တွေ့ရမယ့် ဆင်းရဲ မွဲတေမှု ပြဿနာကို လျော့ ချ တယ်ဆိုရင် တော့ ကိုဗစ် နဲ့ ကိုဗစ် အလွန် အတွက် မတူ ညီတဲ့ စီးပွားရေး လုပ်ငန်း တွေ၊စီးပွားရေးသစ်၊လုပ်ငန်း သစ် တွေ ကို ပြင်ဆင် ထားဖို့ လို အပ်တယ်လို့ ဆိုပါတယ်။ World Bank Group က နေ ပံ့ပိုးပေးထားတဲ့ IBRD, IDA, IFC and MIGA တို့ ကလည်း ကိုဗစ် ကြောင့် ထိခိုက် ခဲ့ရတဲ့  ဖွံ့ ဖြိုးဆဲ နိုင်ငံ တွေရဲ့ စီးပွားရေး၊ကျန်းမာ ရေး ၊လူမှု ရေး နဲ့  စီးပွားရေး တွေ ပြန်အဆင် ပြေ လာ ဖို့ ကူညီ ပေးသွားမယ်လို့ ကမ္ဘာ့ ဘဏ် ရဲ့ ၀က်ဘ်ဆိုက် မှာ ဖော်ပြထားပါတယ်။

READ
နားချိန်မယူဘဲ အော်ပရေးရှင်း (၇)ကြိမ်ဆက်ဝင်ခဲ့လို့ အိပ်မောကျသွားရှာတဲ့ ဒေါက်တာ
Image:freepik.com/master1305

#SHWEMOM

SHARE