ယနေ့မှာကျရောက်တဲ့ ကမ္ဘာ့ကင်ဆာနေ့အကြောင်း သိကောင်းစရာများ

ကမ္ဘာ့ကင်ဆာနေ့ကိုတော့ နှစ်စဉ် ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ ကမ္ဘာတဝန်း ကျင်းပကြပါတယ်။ ကမ္ဘာ့ကင်ဆာနေ့ကို ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ လူထုကို ကင်ဆာမဖြစ်အောင် စစ်ဆေးကာကွယ်ဖို့နဲ့ ကင်ဆာ ကုသမှု နည်းသစ်တွေ ရှာဖွေဖို့အတွက် ဖြစ်ပါတယ်။ အဓိကပန်းတိုင်ကတော့ ၂၀၂၀ ခုနှစ်မှာ ကင်ဆာကြောင့် သေဆုံးမှုနဲ့ ဖြစ်ပွားနှုန်းတို့ကို သိသာစွာ လျှော့ချနိုင်ဖို့ ဖြစ်ပါတယ်။

ncdalliance.org

ကမ္ဘာ့ကင်ဆာနေ့ ပေါ်ပေါက်လာပုံ

ကမ္ဘာ့ကင်ဆာနေ့ ပေါ်ပေါက်လာရတာဟာ UICC ကနေ စပါတယ်။ ကင်ဆာထိန်းချုပ်မှု အဖွဲ့အစည်း , International Cancer Control (UICC) ကို ၁၉၃၃ ခုနှစ်တုန်းက စဖွဲ့စည်းခဲ့ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ အခြေစိုက်တဲ့ UICC ဟာ နှစ်များစွာ ဆက်တိုက် ကင်ဆာနဲ့ သက်ဆိုင်တဲ့ နယ်ပယ်ပေါင်းစုံကနေ ကင်ဆာအသိပညာကို မြှင့်တင်ဖို့ ကြိုးစားပြီး တစ်ကမ္ဘာလုံးကို မျှဝေဖို့ ရည်ရွယ်ခဲ့ပါတယ်။ ကင်ဆာနဲ့ ပတ်သက်လို့ သုတေသနပြုတဲ့ အဖွဲ့အစည်းတွေကိုလည်း ထောက်ပံ့မှုတွေ လုပ်ပေးပါတယ်။

READ
အိပ်စက်ပုံအနေအထားမမှန်တာကြောင့် အာရုံကြောထိခိုက်ခဲ့ရတဲ့အမျိုးသမီး

ကမ္ဘာ့ကင်ဆာနေ့ သတ်မှတ်ဖို့ကိုတော့ ၂၀၀၀ ခုနှစ်တုန်းက ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ ကင်ဆာတိုက်ဖျက်ရေး ထိပ်သီးအစည်းအဝေးမှာ အိုင်ဒီယာစရခဲ့ကြတာပါ။ ထိုအစည်းအဝေးမှာ နိုင်ငံများစွာက ကိုယ်စားလှယ်များက ကင်ဆာတိုက်ဖျက်ရေး သဘောတူချက်စာချုပ် (Charter of Paris Against Cancer Agreement) မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ထိုစာချုပ်ထဲ ပါဝင်တဲ့အချက်တွေအနက် ကင်ဆာရောဂါဝေဒနာသည်တွေရဲ့ ဘဝတွေကို မြှင့်တင်ပေးဖို့နဲ့ ကင်ဆာကို အမြစ်ပြတ်အောင် ချေမှုန်းဖို့ အစီအစဉ်တွေ ပါဝင်ပါတယ်။

Youtube

ကမ္ဘာ့ကင်ဆာနေ့မှာ ဘာလုပ်လေ့ရှိကြလဲ

ကမ္ဘာ့ကင်ဆာနေ့အတွက် အထိမ်းအမှတ်တွေကိုတော့ ကျန်းမာရေးအဖွဲ့အစည်းတွေ၊ အစိုးရကိုယ်စားလှယ်တွေ၊ ကင်ဆာတိုက်ဖျက်ရေး အဖွဲ့အစည်းတွေကနေ ဟောပြောပွဲတွေ၊ ကမ်ပိန်တွေ ပြုလုပ်ပြီး ကျင်းပလေ့ရှိကြပါတယ်။ သာမန်အရပ်လူတွေအနေနဲ့ဆိုလည်း ကင်ဆာသုတေသနပရိုဂရမ်တွေအတွက် အလှူငွေထည့်တာမျိုးတွေ ပြုလုပ်လေ့ရှိကြပါတယ်။

ကမ္ဘာ့ကင်ဆာနေ့ အထိမ်းအမှတ်အနေနဲ့ ဖဲကြိုးလေးတွေလည်း တပ်ဆင်ကြပါသေးတယ်။ ကင်ဆာအမျိုးအစားအလိုက် ဖဲကြိုးအရောင်တွေ ကွဲပြားကြပါတယ်။ အောက်မှာတော့ ကင်ဆာအမျိုးအစားတွေနဲ့ သက်ဆိုင်ရာ ဖဲကြိုးအရောင်လေးတွေကို ဖော်ပြပေးထားပါတယ်။

READ
ဒိန်ချဉ်ရဲ့ ကျန်းမာရေးကောင်းကျိုး(၆)မျိုး
Pixabay
  • ရောင်စုံဖဲကြိုး – ကင်ဆာအားလုံး
  • လာဗန်ဒါအရောင် ဖဲကြိုး – ကင်ဆာအားလုံး
  • ပန်းရောင်ဖဲကြိုး – ရင်သားကင်ဆာ
  • ပယင်းရောင်ဖဲကြိုး – အူကင်ဆာ
  • မီးခိုးရောင်ဖဲကြိုး – ဦးနှောက်ကင်ဆာ
  • ရွှေရောင်ဖဲကြိုး – ကလေးကင်ဆာ
  • နက်ပြာရောင်ဖဲကြိုး – အူမကြီးကင်ဆာ
  • လိမ္မော်ရောင်ဖဲကြိုး – ကျောက်ကပ်ကင်ဆာ / သွေးကင်ဆာ
  • ခရမ်းနုရောင်ဖဲကြိုး – ပန်ကရိယကင်ဆာ / ဆီးအိမ်ကင်ဆာ
  • စိမ်းပြာရောင်ဖဲကြိုး – သားအိမ်ကင်ဆာ
  • အပြာနုရောင်ဖဲကြိုး – ဆီးကျိတ်ကင်ဆာ
  • အဖြူရောင်ဖဲကြိုး – အဆုတ်ကင်ဆာ / သားအိမ်ခေါင်းကင်ဆာ
  • ခရမ်းရင်ရော့င်ဖဲကြိုး – Hodgkin’s Lymphoma သွေးကင်ဆာ
  • မြစိမ်းရောင် – အသည်းကင်ဆာ
  • အနက်ရောင် – Melanoma ကင်ဆာ
  • အဝါရောင် – အရိုးကင်ဆာ

Ref: Holidays Calendar

SHARE