ဘီကီနီဝတ်စုံတွေနဲ့ စွဲမက်စရာကောင်းလောက်အောင် လှနေကြတဲ့ ကမ္ဘာ့ချန်ပီယံများ

Sports Illustrated/Instagram

ဇူလိုင်လ(၇) ရက် ပြီးခဲ့တဲ့ တနင်္ဂနွေတုန်းက ကမ္ဘာ့ဖလားအမျိုးသမီးချန်ပီယံဆုကို အမေရိကန်နဲ့ နယ်သာလန် ယှဉ်ပြိုင်လုကြရာမှာ အမေရိကန်အမျိုးသမီးဘောလုံးအသင်းက (၂-၀) နဲ့ နယ်သာလန်ကို အနိုင်ရရှိသွားခဲ့ပါတယ်။

အမေရိကန်အမျိုးသမီးဘောလုံးအသင်းဟာ ကမ္ဘာ့ဖလားချန်ပီယံဆုကြီးကို ဆွတ်ခူးရရှိပြီးတဲ့နောက် ထူးချွန်ကစားသမားတွေဖြစ်တဲ့ မီဂန်ရာပီနိုးနဲ့ အဲလက်စ်မော်ဂန်တို့ဟာ Sports Illutstrated Swimsuit မဂ္ဂဇင်းကာဗာမှာ နိုင်ငံ့ဂုဏ်ဆောင်တွေအဖြစ် ပါဝင်ခဲ့ရပြီဖြစ်ပါတယ်။

အဆိုပါမဂ္ဂဇင်းမှာတော့ အသင်းခေါင်းဆောင်တွေဖြစ်ကြတဲ့ အသက်(၃၀) အရွယ်အဲလက်စ်နဲ့ အသက်(၃၄) နှစ်အရွယ် မီဂန်တို့က သူတို့ရဲ့ခန္ဓာကိုယ်အလှကို ဘီကီနီတွေနဲ့ ဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။ အားကစားသမားတွေပီပီ အဆီပိုမရှိတဲ့ ၀မ်းဗိုက်၊ ကျစ်လစ်လှပလွန်းတဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ ကမ္ဘာ့ချန်ပီယံတွေဟာ ကမ်းခြေကိုနောက်ခံထားပြီး ပို့စ်အမျိုးမျိုးပေးနေခဲ့တာပါ။

သူတို့နှစ်ဦးရဲ့ ဓာတ်ပုံတွေကိုတော့ မဂ္ဂဇင်းအယ်ဒီတာတစ်ဦးဖြစ်တဲ့ အမ်ဂျေဒေးကနေ အင်စတာဂရမ်ပေါ်မှာ ပြန်လည်မျှဝေခဲ့ပြီး အမေရိကန်ဘောလုံးအသင်းမှာပါဝင်တဲ့ အသင်းသူ(၂၂) ဦးစလုံးကို ချီးကျူးစကားဆိုခဲ့ပါတယ်။ ဘီကီနီတွေနဲ့ လိုက်ဖက်စွာ ကြည့်ကောင်းလွန်းနေတဲ့ အဲလက်စ်နဲ့ မီဂန်တို့ရဲ့ ဓာတ်ပုံတွေကနေတဆင့် သူတို့တွေဟာ ချန်ပီယံဆုကြီး ဆွတ်ခူးဖို့ နောက်ကွယ်မှာ လေ့ကျင့်မှုများစွာ ပင်ပင်ပန်းပန်းပြုလုပ်ခဲ့ရတယ်ဆိုတာကို တွေ့မြင်နိုင်ပါတယ်။

လင်းလင်း (ShweMom)

SHARE