ဟိုတယ်ဆိုရင် အရမ်းကိုခမ်းနားသေသပ်လွန်းပြီးတော့ လှပမွှေးကြိုင်သန့်ရှင်းနေတဲ့ အဆောက်အဦကြီးလို့ပဲ ပြေးမြင်မိကြမှာပါပဲ။ ဒါပေမဲ့ အခုပြောပြပေးမယ့် ဟိုတယ်လေးကတော့ အဲဒီလို သတ်မှတ်ချက်တွေ တစ်ခုမှ ရှိမနေတဲ့ ဟိုတယ်လေးတစ်ခုပါ။
ဒီဟိုတယ်ကို ကမ္ဘာ့အန္တရာယ်အရှိဆုံး ဟိုတယ်လို့လည်း လူတွေကသတ်မှတ်ထားကြပါတယ်။ ဘာကြောင့်လဲဆိုတဲ့အ ကြောင်းအရင်းလေးကိုတော့ ကြည့်လိုက်ရအောင်။
View this post on Instagram
မြောက်ကယ်ရိုလိုင်းနားရဲ့ တောင်ပိုင်း ၃၂ မိုင်အကွာမှာ ရှိနေတဲ့ ကမ်းရိုးတမ်းမှာ တည်ရှိနေပါတယ်။ ရေထဲမှာရှိနေတဲ့ မီးပြတိုက်အိုဟောင်းကြီးတစ်ခုကို ဟိုတယ်အဖြစ် ပြောင်းလဲဖန်တီးထားခဲ့တာပါ။
View this post on Instagram
View this post on Instagram
၁၉၆၀ ခုနှစ်လောက်တုန်းက တည်ဆောက်ထားခဲ့တဲ့ မီးပြတိုက်အိုဟောင်းကြီးတစ်ခုပေါ်မှာ နေရမှာဖြစ်တဲအ့တွက် ခိုင်ခံ့မှုတွေဘာတွေကိုလည်း အနည်းငယ်တော့ သံသယရှိစရာဖြစ်နေပြီးတော့ ရေထဲမှာလည်း တည်ဆောက်ထားတာဖြစ်တဲ့အတွက် နေရာအပွင့်ဟင်းလင်းပြင်တွေကို ကြောက်တတ်တဲ့လူတွေအတွက်လည်း အနည်းနဲ့အများတော့ သည်းထိတ်ရင်ဖိုဖြစ်စေမှာပါ။
View this post on Instagram
၂၀၁၀ ခုနှစ်မှာတော့ Richard Mill ဆိုတဲ့အမျိုးသားတစ်ယြော်ဟာ အဲဒီနေရာကြီးကို ဝယ်ခဲ့ပြီးတော့ သေချာပြုပြင်ထိန်းသိမ်းကာ ခရီးသွားတွေအတွက် ဟိုတယ်လေးဖွင့်ခဲ့တာပဲငဖစ်ပါတယ်။ အခုဆိုရင် ဟိုတယ်ဟာ advanture ကြိုက်တဲ့ လူတွေကြားထဲမှာ သိပ်ကိုနာမည်ကြီးနေတဲ့ နေရာတစ်နေရာဖြစ်နေပြီးတော့ ဈေးနှုန်းကလည်း တစ်ယောက်ကို ဒေါ်လာ ၅၉၈ တောင်ဆိုတော့ luxury type ထဲမှာ ပါဝင်နေပါတယ်။
View this post on Instagram
penny