ကိုဗစ်ကာလအတွင်း နေထိုင်စရိတ် အကြီးဆုံး ဖြစ်နေခဲ့တဲ့ ကမ္ဘာ့နိုင်ငံများအကြောင်း

Freepik- wirestock

နိုင်ငံတစ်နိုင်ငံချင်းဆီတိုင်းမှာမတူညီတဲ့ နေထိုင်မှုစရိတ်စကတွေရှိနေပါတယ်။ ဒါဆိုရင် ကမ္ဘာ့နိုင်ငံတွေထဲမှာ ဘယ်နိုင်ငံဟာ နေထိုင်မှုစရိတ်အမြင့်ဆုံးလဲဆိုတာ သင်သိပါသလား။ အထူးသဖြင့် ကိုဗစ်ဖြစ်ပွားနေတဲ့ အချိန်ကာလကြီးထဲမှာ နေထိုင်မှုစရိတ် အမြင့်ဆုံးနိုင်ငံတွေအကြောင်းကို CNN မှာဖော်ပြခဲ့ပါတယ်။

Freepik- wirestock

The Economist Intelligence Unit (EIU) ဆိုတဲ့ အဖွေဲ့အစည်းရဲ့ စစ်တမ်းအရ ကမ္ဘာ့အဖွံ့ဖြိုးဆုံး မြို့ကြး ၁၃၃ ခုကို တစ်မြို့ချင်းစီအလိုက် အခြေချနေထိုင်တဲ့အခါ လိုအပ်တြ့ အခြေခံပစ္စည်း ၁၃၈ ခုတို့ရဲ့ တန်ဖိုးတွေကို တွက်ပြီးတော့ ဈေးအနိမ့်အမြင့်တွေကို တွက်ချက်ခဲ့ပါတယ်တဲ့။ ပြီးခဲ့တဲ့ မတ်လကို နောက်ဆုံးထားပြီး ရခဲ့တဲ့ စစ်တမ်းတွေအရတော့ ဥရောပမြို့တွေဟာ စင်္ကာပူနဲ့ အိုကာဆာထက် စရိတ်မြင့်နေပြီးတော့ ဟောင်ကောင်နဲ့ကိုတော့အတူတူပဲ သွားကျနေပါယတ်တဲ့။

Freepik- wirestock

ဒါဟာ ကိုဗစ်ကာလအတွင်းပြောင်းလဲသွားခဲ့တဲ့ နိုင်ငံခြားငွေတန်ဖိုးတွေကြောင့်ဖြစ်ပါတယ်။ ဥပမာဆိုရရင် ဒေါ်လာကို အသုံးပြုနေကြတဲ့ အာဖရိက၊ ယူအက်စ်နဲ့ ဥရောပအနောက်ပိုင်းဒေသတွေဟာ မတ်လလောက်မှာ အရှေ့တွေကထက် စရိတ်က ပိုသက်သာလာခဲ့ပေမယ့်လို့ ယူရိုအသုံးပြုတဲ့ နိုင်ငံတွေမှာတော့ နေထိုင်စရိတ်တွေမြင့်တက်လာခဲ့ပါတယ်။

READ
မိန်းကလေးတွေ နေ့စဉ်ဖြစ်လေ့ဖြစ်ထရှိတဲ့ အပြုအမူ(၆)မျိုး

အရင်တုန်းကတော့ စင်္ကာပူနဲ့ အိုဆာကာဟာ အဆင့် ၄ နဲ့ ၅ မှာ ကပ်လျက်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ သူတို့နှစ်မြို့ဟာ ထိပ်ဆုံးစာရင်းထဲတောင် ပါဝင်နေခဲ့ပါပြီ။ နေထိုင်မှုစရိတ်အများဆုံး (၁၀) နိုင်ငံထဲမှာတော့ Geneva တို့၊ New York, Los Angeles စတဲ့ မြို့တွေ  ပါဝင်နေပြီး Sydney ကတော့ အဆင့် ၁၅ နဲ့ London ဟာ အဆင့် ၂၀ မှာရှိနေခဲ့ပါတယ်။ အဆင့် ၁၀၆ မှာတော့ Moscow ရှိနေပြီး Delhi မြို့ကတော့အဆင့် ၁၂၁ မှာရှိနေခဲ့တာပါ။

 

 

View this post on Instagram

 

A post shared by @japan (@japan)

၂၀၂၀ ကပ်ဘေးကာလအတွင်း ကမ္ဘာ့ နေထိုင်စရိတ်အကြီးဆုံး မြို့ (၇) မြို့ကတော့-

READ
သင်ဟာ စိတ်သဘောထားပြည့်ဝသူဖြစ်ကြောင်းသိနိုင်မည့်အချက်များ

အဆင့် (၁) Paris, Hong Kong နဲ့ Switzerland မှ Zurich

အဆင့် (၂) စင်္ကာပူ

အဆင့် (၃) အိုဆာကာ နဲ့ Israel မှ Tel Aviv

အဆင့် (၄) Swaziland မှ Geneva

အဆင့် (၅) New York

အဆင့် (၆) Denmark မှ Copenhagen

အဆင့် (၇) Los Angeles တို့ပဲဖြစ်ပါတယ်။

 

penny

SHARE