
လက်ဝှေ့ပွဲတစ်ပွဲမှာ ပြိုင်ဖက်ကစားသမားတစ်ယောက်ကို Knockout ဖြစ်အောင် ထိုးသတ်ဖို့ဆိုတာ မလွယ်ကူပါဘူး။ တစ်ချို့ပွဲတွေဆို သတ်မှတ်ထားတဲ့ အချီအတွင်း Knockout မဖြစ်လို့ လက်ဝှေ့သမားတွေရဲ့ ထိုးသတ်ပုံကို ကြည့်ပြီး အကဲဖြတ်ဒိုင်တွေက အမှတ်ပေးကာ အနိုင်အရှုံး ဆုံးဖြတ်ကြတာ ဖြစ်ပါတယ်။ အခုပြောပြချင်တဲ့ BKFC(Bare Knuckle Fighting Championship) ပွဲစဉ်တစ်ခုကတော့ ကမ္ဘာ့အမြန်ဆုံး Knockout ပွဲစဉ်တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။ ဘယ်လောက်တောင်မြန်သလဲဆိုရင် ပွဲစစချင်း ၃ စက္ကန့်အတွင်းကို Knockout ဖြစ်အောင် ထိုးသတ်နိုင်ခဲ့လို့ဖြစ်ကြောင်း Talksport သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
View this post on Instagram
View this post on Instagram
အဆိုပါ ပွဲစဉ်ကတော့ ပြီးခဲ့တဲ့ သောကြာနေ့(၁၃.၁၁.၂၀၂၀)တုန်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ Ulysses Diaz နဲ့ Donelei Benedetto တို့ရဲ့ BKFC ပွဲစဉ်တစ်ခုပဲ ဖြစ်ပါတယ်။ နှစ်ယောက်စလုံးဟာလည်း နာမည်ကြီး လက်ဝှေ့ကစားသမားတွေဖြစ်တာကြောင့် ပရိသတ်တော်တော်များများကတော့ အဆိုပါ ပွဲစဉ်ကို ပွဲကြီးပွဲကောင်းတစ်ခုအဖြစ် မျှော်လင့်စောင့်စားခဲ့ပြီး ရေကုန်ရေခန်းထိုးသတ်ရမယ့် ပွဲစဉ်တစ်ခုအဖြစ် ထင်ခဲ့ကြပါတယ်။ ဒါပေမယ့် အဆိုပါပွဲဟာ ပွဲစစချင်း ၃ စက္ကန့်အတွင်းမှာ ပြီးဆုံးသွားတာကြောင့် တော်တော်များများ အံ့သြသင့်ခဲ့ကြပါတယ်။
Uly Diaz had a three-second KO in bare knuckle boxing 😳
(via @BareKnuckleFC) pic.twitter.com/PYPjAP51GN
— ESPN Ringside (@ESPNRingside) November 14, 2020
ဗီဒီယိုထဲမှာ မြင်တွေ့ရတဲ့အတိုင်း ပွဲစပြီဆိုတာနဲ့ Benedetto တစ်ယောက် ဘာမှ ခုခံကာကွယ်ချိန် မရလိုက်ပဲ Diaz တစ်ယောက်ကတော့ ညာလက်သီးနဲ့ ဝိုက်ပြီး တစ်ချက်သာ ထိုးသတ်ခဲ့ပြီး ပြိုင်ပွဲကို အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။ Diaz ရဲ့ လက်သီးက တော်တော်လေးကို မြန်လွန်းခဲ့တာကြောင့် Benedetto တစ်ယောက် ကာကွယ်ချိန်တောင် လုံးဝမရလိုက်ပဲ မျက်နှာတည့်တည့်ကို ကွက်တိကြီး ထိကာ တန်းပြီး မှောက်သွား ဖြစ်ပါတယ်။ အဆိုပါ ပွဲစဉ်ဟာ BKFC ပြိုင်ပွဲတစ်လျှောက် အမြန်ဆုံး Knockout ပွဲစဉ်တစ်ခုအဖြစ် စံချိန်တင်သွားခဲ့ပါတယ်။
View this post on Instagram
Pyi Hein Kyaw