အဘူဒါဘီမြို့မှာ (၂၀၂၀)ခုနှစ်ကျရင် ဖွင့်လှစ်တော့မယ့် ကမ္ဘာ့အမြန်ဆုံး Rollercoaster

Ferrari World AbuDhabi

နိုင်ငံတကာမှာ ခေတ်မီတိုးတက်တဲ့ စိတ်အပန်းဖြေကစားနည်းတွေများစွာရှိတဲ့ထဲကမှ Rollercoaster ကစားနည်းကတော့ သဲထိပ်ရင်ဖိုကစားနည်းတစ်ခုဖြစ်သင့်အလျှောက် လူကြိုက်လည်းအများဆုံးလည်းဖြစ်ပါတယ်။  အခုအခါ ကမ္ဘာ့အမြန်ဆုံး Rollercoaster ကို (UAE)နိုင်ငံရဲ့မြို့တော်လည်းဖြစ်၊ ဒုတိယလူဦးရေအများဆုံးဖြစ်တဲ့ Abu Dhabi မြို့မှာ ဖွင့်လှစ်လိုက်ပါတယ်။ Abu Dhabi မြို့ဟာ နိုင်ငံရဲ့ယဉ်ကျေးမှု၊ နည်းပညာနဲ့နိုင်ငံရေးအချက်အချာမြို့တစ်မြို့ဆိုလည်း မမှားပါဘူး။

(UAE)နိုင်ငံရဲ့ ဒူဘိုင်းမြို့ကတော့ ခရီးသွားတွေမကြာခဏအလည်အပတ်လာရောက်ကြတဲ့ မြို့ဖြစ်သလို၊ ဒူဘိုင်းမြို့ရဲ့ခေတ်ရေစီးကြောင်းအရ တိုးတက်နေမှုကြီးကလည်း အားလုံးပြောစရာမလိုအောင်သိနေပြီးသားပါ။ အခုအခါ Abu Dhabiကိုလည်း ထိပ်တန်းရောက်လာအောင် ရည်ရွယ်လုပ်ဆောင်နေတာဖြစ်ပါတယ်။ အခုကမ္ဘာ့အရှည်ဆုံး Formula Rossa Rollercoaster ကို Ferrari World Abu Dhabi အပန်းဖြေပန်းခြံမှာ ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။  မတူကွဲပြားတဲ့ ဗိသုကာဒီဇိုင်းတွေဖန်တီးထားပြီး ၊ ကစားကွင်းအတွင်းပိုင်းအကျယ်အ၀န်းဟာ (၈၆,၀၀၀)စတုရန်းမီတာရှိပါတယ်။

Ferrari World AbuDhabi

ဒီ Formula Rossa ဟာ(၄.၉)စက္ကန့်အတွင်း အမြန်နှုန်း သုညမှ(၂၄၀) km/hထိရှိပြီး၊ အမြင့်(၅၂)မီတာအထိရှိပါတယ်။ Ferrari World ပန်းခြံမှာ Formula Rossaအပြင် Flying Aces Rollercoaster လည်းရှိပါသေးတယ်။ သူဟာ ကမ္ဘာ့အမြင့်ဆုံး Rollercoaster ကွင်းဆက်တွေကို တပ်ဆင်ထားပြီး (၅၁)ဒီဂရီထောင့်ချိုးအနေအထားဖြင့် အမြင့်(၆၃)မီတာအထိ ရောက်ရှိနိုင်ပါတယ်။ (၂၀၂၀)နှစ်ဆန်းပိုင်းလောက်မှာ ဖွင့်လှစ်ဖို့ ရည်ရွယ်ထားကြောင်း Unilad အွန်လိုင်း သတင်းစာမျက်နှာက ဖော်ပြခဲ့ပါတယ်။

Abu Dhabi မှာအခြားစိတ်ဝင်စားစရာနေရာတွေများစွာရှိပါသေးတယ်။ Yas Waterworld Abu Dhabi ပန်းခြံက oasis in an oasis’ဆိုတဲ့ရေကူးကန်ကြီးကလည်း သင့်ကို  relaxဖြစ်စေမှာ အမှန်ပါ။ လူ(၆)ဦးစီးနိုင်တဲ့ ကမ္ဘာ့အကြီးဆုံး tornado water coaster အပါအ၀င် ၊ ရေလွှာလျှောစီးပေါင်း(၄၀)ကျော်ရှိတဲ့ အပန်းဖြေရေကူးကန်ကြီးဖြစ်ပါတယ်။

Abu Dhabiမြို့မှာ ကမ္ဘာ့သက်တမ်းအရင့်ဆုံးနဲ့ အထင်ရှားဆုံး Qasr Al Hosn အဆောက်အအုံကြီးလည်း တည်ရှိပါတယ်။ သူဟာ မြို့ရဲ့ပထမဆုံးကင်းမျှော်စင်ကြီးလည်းဖြစ်ပါတယ်။ ရှေးခေတ်ဘီစီ (၆၀၀၀)ကစတင်ခဲ့တဲ့ အနုပညာလက်ရာတွေကို ဆယ်စုနှစ်ကျော်ကြာ ထိန်းသိမ်းလာခဲ့ပြီးနောက် (၂၀၁၈)ခုနှစ်မှာ အဆောက်အအုံကပြင်ဆင်မွမ်းမံမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ပြတိုက်တွေထဲမှာဆိုရင် အာရေဗျကျွန်းဆွယ်မှာ အကြီးဆုံးပြတိုက်ကြီးဖြစ်တဲ့ Louvre Abu Dhabi ပြတိုက် ကိုသင့်အနေနဲ့ မေ့ထားလို့မရပါဘူး။ ခမ်းနားတဲ့ဖွဲ့စည်းတည်ဆောက်ပုံနဲ့ကျက်သရေရှိတဲ့ အပြင်အဆင်တွေ ဟာ အင်မတန်ခမ်းနားလှပါတယ်။

Instagram/MozoProduction

သင့်အနေနဲ့အရှေ့အလယ်ပိုင်းကိုသွားမယ်ဆိုရင် Abu Dhabiမှာရှိတဲ့ Saadiyat Beach နဲ့ Yas Beachကမ်းခြေတွေဟာ မရောက်ရောက်အောင်သွားသင့်တဲ့နေရာဖြစ်ပါတယ်။ ကမ်းခြေယောဂသင်တန်းတွေ၊ သူငယ်ချင်းအဖွဲ့လိုက် water sport ကစားနည်းမျိုးစုံတွေနဲ့စိတ်အပန်းဖြေစေမှာအမှန်ပါ။ Yasကမ်းခြေဟာ crystalလို အဖြူရောင်သဲသောင်ပြင်၊ ရင်သပ်ရှုမောဖွယ်ရေပြင်နဲ့ ကမ်းခြေပတ်ပတ်လည်က သဘာဝအလှတရားတွေက သင့်ကိုမပြန်နိုင်အောင်ဆွဲဆောင်နေမှာပါ။

Abu Dhabiရဲ့ ခမ်းနားတဲ့ဇိမ်ခံဟိုတယ်ကြီးတွေကလည်း တခမ်းတနားလှပနေပြီးတော့ ခမ်းနားတဲ့ဝန်ဆောင်မှုပေါင်းစွာက သင့်ကို ပါးစပ်အဟောင်းသားဖြစ်စေမှာပါ။  ဟိုတယ်ကြီးတွေထဲ စတိုးတွေ၊ ကုန်တိုက်တွေ၊ ရုပ်ရှင်ရုံတွေမို့ သင့်ရဲ့တနေ့တာကို အကောင်းဆုံးမွန်ဆုံးဖျော်ဖြေပေးနိုင်မယ့် ခမ်းနားတဲ့ဇိမ်ခံဟိုတယ်ကြီးက အိမ်မက်နန်းတော်ကြီးကို ရောက်သလိုဖြစ်နေစေမှာအမှန်ပါ။

SHARE