အောက်တိုဘာမှာ ဖွင့်မယ့် ကမ္ဘာ့ပထမဆုံးသော ဂီတာပုံကြီးနဲ့ Hard Rock Hotel

seminolehardrockhollywood.com

ဒီဟိုတယ်ကတော့ ကမ္ဘာ့ပထမဦးဆုံးသော ဂီတာပုံသဏ္ဍာန်နဲ့တည်ဆောက်ထားတဲ့ ဟိုတယ်တစ်ခုပါပဲ။ ဒီဟိုတယ်ကြီးဖြစ်ဖို့ ဗိသုကာပညာရှင် Klai Juba Wald နဲ့အဖွဲ့က ဒေါ်လာ ၁.၅ ဘီလီယံလောက် ရင်းနှီးကာတည်ဆောက်ထားခဲ့ရပါတယ်။ အောက်တိုဘာလ ၂၄ ရက်နေ့မှာ ဖွင့်မယ်လို့ သူ့ရဲ့တရားဝင် website Seminole Hard Rock Hollywood မှာ ကြောငြာထားပြီး ဖွင့်ဖွင့်ချင်းမှာ တည်းခိုနိုင်ဖို့ဆိုရင်တော့ အခုကတည်းက website မှာ reservation လက်ခံလို့နေပါပြီ။

Hard Rock ဟိုတယ်ဟာ ဟိုတယ်ခန်းတွေအပြင် ကာစီနိုတွေကိုပါ ထည့်သွင်းထားပြီး အစည်းအဝေးခန်းမတွေ၊ အရောင်းခန်းမတွေနဲ့ အနုပညာပြခန်းတွလည်း ပါဝင်သွားဦးမှာပါ။ အကောင်းဆုံးသော ဝန်ဆောင်မှုတွေ၊ ပျော်ရွှင်စရာတွေနဲ့ ပြည့်နှက်နေလိမ့်မယ်ဆိုပြီး ဟိုတယ်ဖက်ကိတော့ ကတိပေးထားပါသေးတယ်။

seminolehardrockhollywood.com
seminolehardrockhollywood.com

ဟိုတယ်ခန်းတွေအပါအဝင်အခန်းပေါင်း ၁၂၇၁ ခန်းတောင် ဂီတာရှိတ်ကြီးထဲမှာ ပါဝင်ထည့်သွင်းထားခဲ့ပြီး စတုရန်းပေ ၁၂,၀၀၀ ကျယ်ဝန်းတဲ့ ရေပြာအိုင်ပုံသဏ္ဍာန် ရေကူးကန်ကြီးရယ်၊ rooftop bar ရယ်၊ ရှိုးတွေလုပ်ဖို့ လူပေါင်း ၇၀၀၀ ဆန့်တဲ့ခန်းမကြီးရယ်၊ ဇိမ်ခံ spa တေ၊ ရုပ်ရှင်ရုံတွေ၊ စားသောက်ဆိုင်တွေလည်း ဟိုတယ်ဝန်းထဲမှာ ပါဝင်သွားမှာပါ။ ကာစီနိုဟာဆိုရင်လည်း slot machine ပေါင်း ၃ ထောင်ကျော်၊ စားပွဲမျာထိုင်စော့ရတဲ့ ကစားနည်းတွေအတွက် စားအလုံးပေါင်း ၂ ရာကျော်ထားရှိပေးထားတဲ့အတွက် တော်တော်လေးကြီးမားတဲ့ ဟိုတယ်ကြီးတစ်ခုလို့ ပြောရမှာပါပဲ။

READ
ကောင်းကင်နဲ့ ငရဲကို ထူးခြားတဲ့တံတားနဲ့ ဆက်သွယ်ထားတဲ့ အဖြူရောင်ဘုရားကျောင်း

ဒီလိုခမ်းနားကြီးကျယ်လှတဲ့ ဟောလိဝုဒ်က Hard Rock Hotel ကြီးကတော့ လူတိုင်းရဲ့ အိပ်မက်ထဲက တစ်နေ့ရောက်နိုင်ရမယ်ဆိုတဲ့ စာရင်းထဲ အထည့်ခံရမှာ မြင်ယောင်နေပါသေးတယ်။

www.seminolehardrockhollywood.com

Penny

SHARE