ရှားစောင်ပင်သားနဲ့ ဖန်တီးခဲ့တဲ့ ကမ္ဘာ့ပထမဆုံးသားရေတုကို တီထွင်ခဲ့တဲ့ ညီအစ်ကိုနှစ်ဦး

Facebook/Deserto

ကမ္ဘာပေါ်ရှိ သားရဲတိရစ္ဆာန်တစ်ချို့ မျိုးတုန်းပျောက်ကွယ်ခဲ့တာတွေဟာ အဲဒီတိရစ္ဆာန်တွေရဲ့ သားရေခွံ၊ အစွယ်၊ အရိုး အစရှိတာတွေကို လိုချင်လို့ မတော်လောဘတွေနဲ့ သတ်ဖြတ်နေတာတွေကြောင့်ပါ။ အခုဆိုလည်း တစ်ချို့ တိရစ္ဆာန်တွေဟာလည်း မျိုးတုန်းလုနီးပါး ဖြစ်နေပါပြီ။ ဒါပေမယ့် သားရေတစ်ချပ်တည်းအတွက် တိရစ္ဆာန်တွေကို သတ်ဖြတ်စရာ မလိုတော့ပါဘူး။ ဘာလို့လဲဆိုတော့ အခုဆိုရင် ရှားစောင်းပင်ကနေပြုလုပ်ထားတဲ့ သားရေအတု ပေါ်ပေါက်လာလို့ပဲ ဖြစ်ပါတယ်။

Facebook/Desserto

Mystical Raven သတင်းဌာနက ဖော်ပြတဲ့သတင်းအရ အဆိုပါ ရှားစောင်းပင်သားနဲ့ ပြုလုပ်ထားတဲ့ သားရေတုကို Mexico နိုင်ငံမှာ နေထိုင်တဲ့  Adrián López Velarde နဲ့ Marte Cázarez တို့ ပြုလုပ်ဖန်တီးခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။ ဒီသားရေတုမှ အခြားဓာတုဗေဒအရောအနှောလုံးဝမပါဝင်ဘဲ သဘာဝပစ္စည်းတစ်ခုဖြစ်ကြောင်း သိရှိရပါတယ်။

READ
ပီယာနိုသံကို နားစိုက်ထောင်ပြီး ဂီတကို စီးမျောခံစားနေတဲ့ မျက်မမြင်ဆင်မလေး
Facebook/Desserto

Posted by Desserto on Saturday, November 2, 2019

Adrián López Velarde နဲ့ Marte Cázarez တို့ဟာ ဒီလို ရှားစောင်းပင်သားကနေ သားရေအဖြစ်ပြောင်းဖို့အတွက် သုတေသနကို ၂နှစ်ကျော်ကြာပြုလုပ်ခဲ့ရတာဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ သားရေတုဟာ အနည်းဆုံး ၁၀နှစ်သက်တမ်းခံကြောင်းသိရပြီး လာမယ့် ဂျူလိုင်လမှာ ဈေးကွက်ထဲကို စတင်ဖြန့်ဖြူးမှာဖြစ်ကြောင်း သိရပါတယ်။“ဒီလိုမျိုး သားရေတု ထုတ်လုပ်နိုင်လို့ အရမ်းပျော်ပါတယ်။ အကယ်လို့ ဒီသားရေတုကိုသာ လူတွေ တကယ်ကြိုက်သွားရင် တိရစ္ဆာန်သားရေဈေးကွက်ဆိုတာ ပျောက်သွားမှာပါ။ ဒီသားရေတုကို ဓာတုဗေဒပစ္စည်း အရောအနှော လုံးဝမပါဝင်ပါဘူး။ ဒါကိုတော့ ကျွန်တော်အာမခံနိုင်ပါတယ်”လို့ Adrián López Velarde က ပြောကြားခဲ့ပါတယ်။

READ
ဝေဖန်လွန်းတဲ့ဆရာမကို ဆန္ဒပြဖို့ Presentation လုပ်ရင်း အပေါ်ဝတ်တွေ ချွတ်ချခဲ့သူ
Facebook/Desserto

Pyi Hein Kyaw

SHARE