လန်ဒန်မြို့က တိုက်နှစ်တိုက်ကြားထဲမှာ တည်ဆောက်မယ့် ထွင်းဖောက်မြင် ရေကူးကန်

[email protected] Gardens

ရေကူးကန်ဆိုတာ လူတော်တော်များများ အကြိုက်ဆုံး အပန်းဖြေနေရာတစ်ခုပါပဲ။ ကမ္ဘာပေါ်မှာ အမိုက်စား ရေကူးကန်တွေ မြောက်မြားစွာ ရှိပါတယ်။ ဒါပေမယ့် အခုပြောပြချင်တဲ့ ရေကူးကန်ကြီးကတော့ ကမ္ဘာပေါ်မှာ ပထမဦးဆုံး တည်ဆောက်မယ့် ရေကူးကန်ကြီးတစ်ခုပါပဲ။ Transparent ပုံစံ ရေကူးကန်တွေဟာ ကမ္ဘာပေါ်မှာ မြောက်မြားစွာရှိပါတယ်။ အဲဒီ Transparent ပုံစံ ရေကူးကန်တိုင်းဟာ တိုက်ကြီးတစ်ခုခုရဲ့ အပေါ်ဆုံးထပ်မှာ ဆောက်လုပ်ထားတာပါ။ အခုပြောပြမယ့် Transparent ပုံစံ ရေကူးကန်ကြီးကတော့ တိုက်အမြင့်ကြီး နှစ်ခုရဲ့ ထိပ်မှာ ပေါင်းကူးတံတားလိုပုံစံ တည်ဆောက်ထားတဲ့ ထွင်းဖောက်မြင် ရေကူးကန်ကြီးတစ်ခုဖြစ်ကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected] Gardens
[email protected] Gardens

အဆိုပါ ရေကူးကန်ကြီးကိုတော့ အင်္ဂလန်နိုင်ငံ၊ London မြို့ရှိ Embassy Gardens ထဲမှာ ဆောက်လုပ်မှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အဆိုပါ ရေကူးကန်ကြီးဟာ ဆောက်လုပ်ပြီးစီးလုနီးပါး ရှိနေပြီး ၂၀၂၁ ခုနှစ်အတွင်းမှာ ဖွင့်နိုင်တော့မှာဖြစ်ကြောင်း သိရပါတယ်။ ရေကူးကန်ကြီးဟာ ၂၅ မီတာ အရှည်ရှိပြီး တိုက်ကြီးနှစ်ခုရဲ့ ပေါင်းကူးတံတားပုံစံ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် မြေပြင်ကနေဆိုရင် ၁၁၅ ပေ အမြင့်မှာ တည်ရှိပြီး အဆိုပါ ရေကူးကန်ကြီးထဲမှာ ရေဂါလန်ပေါင်း ၁၄၈,၀၀၀ လောက် ရှိနေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရေကူးကန်ကြီးဟာ Transparent ပုံစံ ဆောက်လုပ်ထားတာ ဖြစ်တာကြောင့် အောက်ခြေကို တိုးလျှိုပေါက် မြင်နေရမှာဖြစ်ပြီး စွန်းစားချင်တဲ့ လူတွေ၊ အမြင့်မကြောက်တတ်တဲ့ လူတွေအတွက်တော့ တစ်ကယ့်နိဗ္ဗာန်ဘုံလေးသဖွယ် ဖြစ်နေမှာ ဖြစ်ပါတယ်။

READ
အထက်အရာရှိက မတရားကျင့်တာခံရလို့ မိမိကိုယ်ကို အဆုံးစီရင်ခဲ့တဲ့ရဲမေ

 

 

View this post on Instagram

 

A post shared by Embassy Gardens (@embassygardens)

 

View this post on Instagram

 

A post shared by Embassy Gardens (@embassygardens)

“ရေကူးကန်ကြီးကတော့ မကြာခင် ဆောက်လုပ်ပြီးစီးတော့မှာဖြစ်ပြီး ၂၀၂၁ ခုနှစ်အတွင်းမှာ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ တစ်ခုရှိတာကတော့ ဒီနေရကူးကန်ကြီးဟာ public ဖွင့်ပေးထားပေးတာ မဟုတ်ပါဘူး။ Embassy Gardens ထဲမှာ နေထိုင်တဲ့ လူတွေအတွက်သာ သီးသန့် ဖွင့်ထားပေးတာ ဖြစ်ပါတယ်”လို့ Embassy Garden မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

READ
ထူးဆန်းတဲ့ရောဂါကြောင့် ခြေထောက်တွေပူးပြီး၊ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ ကလေးငယ်
[email protected] Gardens

Pyi Hein Kyaw

SHARE