ကမ္ဘာ့အဟော့ဆုံး သူခိုး

ကမ္ဘာ့အလှဆုံးဣတ္ထိယစောရဘွဲ့ခံ အလှမယ်ဟာ ယခုအခါမှာတော့ ထောင်ဒဏ်ကျခံရအပြီး ပြန်လည်
လွတ်မြောက်လာခဲ့ပါတယ်။သူမရဲ့ အမည်ဟာ Stéphanie Beaudoin ဖြစ်ပြီး အသက်မှာလည်း (23)နှစ်
အရွယ်သာ ရှိပါသေးတယ်။ သူမဟာ ပြင်ပလောကမှာလဲ မော်ဒယ်ဘ၀နဲ့ အသက်မွေးဝမ်းကျောင်း ပြု
သူတစ်ယောက် ဖြစ်ပါတယ်။

၂

ခိုးမှုကျူးလွန်ခဲ့တာကြောင့် မော်ဒယ်စာချုပ်လည်း ဖြတ်သိမ်းခံခဲ့ရပြီး ထောင်ဒဏ် ချမှတ်ခံရတာလည်း
ဖြစ်ပါတယ်။သူမရဲ့ ခိုးမှုကြောင့် မီဒီယာတွေက ‘world’s hottest thief’ သရဖူကို ပိုင်ဆိုင်သွားသူအဖြစ်
နှိမ့်ချ ရေးခဲ့ကြပေမယ့် သူမရဲ့ သတင်းကို လူတွေက စိတ်ဝင်စားမှု များပြားခဲ့ပြီး အောင်မြင်မှု ရခဲ့တယ်လို့
ပြောလို့ရပါတယ်။

၃

2014 ခုနှစ်က သူမ (21)နှစ် အရွယ်မှာတုန်းက သူမနဲ့ ကြံရာပါ သုံးယောက်ဟာ အိမ်ပေါင်း(39)အိမ်ဆီကနေ
ဖောက်ထွင်းမှုတွေ လုပ်ခဲ့ကြပြီး ပေါင် (65000) ခန့်ရှိတဲ့ ဇိမ်ခံပစ္စည်းတွေ ၀ယ်ယူခဲ့ကြပါတယ်။ ရဲက နောက်
ပိုင်းမှာ ဖမ်းမိခဲ့ပြီး သူမရဲ့ ကားထဲမှာလည်း တရားမ၀င် ကိုင်ဆောင်ထားတဲ့ ခြောက်လုံးပြူးသေနက်ကို တွေ့ခဲ့
တာမို့ ထောင်ဒဏ် ရက်(90) ချမှတ်ခံခဲ့ရပါတယ်။ အခြား ကြံရာပါသုံးယောက်ကတော့ အရွယ် မရောက်သေး
သူများ ဖြစ်လို့ လူငယ်ပြန်လည်ထူထောင်ရေး ဂေဟာကို အပို့ခံခဲ့ရပါတယ်။

READ
ဆယ်လ်ဖီရိုက်ဖို့ နေရာလုရင်း ရန်ဖြစ်ခဲ့ကြတဲ့ ကမ္ဘာလှည့်ခရီးသွားတစ်ချို့

၎

သူမဟာ ဒီတစ်ပတ် စနေတနင်္ဂနွေမှာ ထောင်ကနေ ပြန်လွတ်မှာ ဖြစ်လို့ သူမရဲ့ ရှေ့နေ Denis Lavigne က
တော့ အဲဒီအတွက် ကျေနပ်နေတယ်လို့ ဆိုပါတယ်။ Stéphanie Beaudoin က သူမ အဖမ်းဆီးခံရတာနဲ့
ပတ်သက်ပြီး “ ကျွန်မနောက်ကို ရဲတွေ ခြေရာခံလိုက်နေပြီဆိုကတည်းကအဖမ်းခံရတော့မယ်ဆိုတာ ကျွန်မ
သိခဲ့ပါတယ် … ဒါပေမယ့် ကျွန်မ မရပ်တန့်နိုင်ခဲ့ပါဘူး … ဒါက သိပ်ကို ကြီးမားတဲ့ အတွေ့အကြုံပေါ့ … ကျွန်မ
ဟာ အရင်လိုပဲ အဆင်ပြေတဲ့ မော်ဒယ် စာချပ်တစ်ခု ချုပ်ဆိုနိုင်မယ်လို့ ယုံကြည်ပါတယ် … အသားရေနဲ့
ပတ်သက်တဲ့ ကြော်ငြာတွေမှာ ကျွန်မ ပြန်လည် နေရာ ရလိမ့်မယ်လို့ ထင်ပါတယ် … ” လို့ ဖွင့်ဟခဲ့ပါတယ်။

READ
ဓားနဲ့ ၄၆ ချက်ထိုးခဲ့ပြီး ဖောက်ပြန်ခဲ့တဲ့ခင်ပွန်းပြန်အလာကို စောင့်နေမယ်ဆိုတဲ့ အမျိုးသမီး

သူမ ဖမ်းဆီးခံရစဉ်ကတည်းက မော်ဒယ်လုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုပါမယ်လို့ ခံဝန်ထိုးခဲ့ရပေမယ့်
သူမကို မော်ဒယ်ကုမ္မဏီတွေက လက်ရှောင်နေကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် တရားရုံးက သူမ ခိုးရာပါ
ပိုက်ဆံတွေနဲ့ ၀ယ်ယူထားတဲ့ ပစ္စည်းတွေကို အသုံးပြုခြင်းမလုပ်ရလို့လည်း ဥပဒေအရ တားမြစ်ထားတယ်
လို့ သိရပါတယ်။

ShweMOM

Source: thesun.co.uk

SHARE