ကမ္ဘာပေါ်က အိပ်မက်ဆန်လွန်းတဲ့ နေရာလေးတွေကို မှတ်တမ်းတင်နေတဲ့ ဓာတ်ပုံပညာရှင်

[email protected]

လူတိုင်းကတော့ တစ်နေရာတည်းမှာ အခြေချနေထိုင်တော့မယ်ဆိုရင် ကိုယ်နေမယ့် ပတ်ဝန်းကျင်နဲ့ ကိုယ်နေမယ့်နေရာကို အေးအေးချမ်းချမ်းလေး ဖြစ်စေချင်ကြတာချည်းပါပဲ။ ဒါကတော့ လူတိုင်းရဲ့ အိမ်က်ပါပဲ။ ဘယါသူကမှတော့ ဆူညံပွက်လောရိုက်မယ့် နေရာမှ မနေချင်ကြပါဘူး။ အခုပြောပြချင်တဲ့အကြောင်းအရာကတော့ ကမ္ဘာ့နေရာ အရပ်ရပ်မှာရှိတဲ့ နေချင်စရာကောင်းတဲ့ နေရာလေးတွေပါပဲ။ ဒီလို လူမသိသူမသိနေရာတွေကို သွားရောက်ခဲ့ပြီး အဲဒီနေရာတွေကို မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့တဲ့ လူကတော့ ဓာတ်ပုံပညာရှင် Sebastein Nagy ဖြစ်ကြောင်း news.com.au သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected]

အသက် ၃၃ နှစ် အရွယ်ရှိပြီဖြစ်တဲ့ Naggy ဟာ ဒီလိုနေချင်စရာ အရမ်းကောင်းလွန်းတဲ့ နေရာလေးတွေကို မှတ်တမ်းတင်ဓာတ်ပုံရိုက်ဖို့ အချိန် ၅ နှစ်ယူပြီး ကမ္ဘာ့နေရာအနှံ့ကို လျှောက်သွားခဲ့တာဖြစ်ပြီး နိုင်ငံပေါင်း ၂၀ နဲ့ တိုက်ကြီး ၆ တိုက်ကို ရောက်ရှိခဲ့ကြောင်း သိရပါတယ်။ ကျိန်းသေတာတစ်ခုကတော့ အဲဒီပုံတွေဟာ လူတော်တော်များများ သတိမထားမိသေးတဲ့ ကမ္ဘာ့နေရာအနှံ့က အရမ်းကို နေချင်စရာကောင်းလွန်းတဲ့ နေရာတွေပဲ ဖြစ်ပါတယ်။

https://www.instagram.com/p/B3Z1UlvAvaX/

အပေါ်မှာ တွေ့ရတဲ့ပုံကတော့ Singapore နိုင်ငံမှာရှိတဲ့ Park Royal Hotel ပဲ ဖြစ်ပါတယ်။ ကြည့်လိုက်တာနဲ့ အဆင့်အတန်းမြင့်တဲ့ ဟိုတယ်တစ်ခုဖြစ်ပြီး တော်တော်လေးကို နေချင်စရာကောင်းလွန်းလှပါတယ်။ ရေကူးကန်ထဲမှာ ရေစိမ်နေရင်းနဲ့ အရှေ့ကို ကြည့်လိုက်ရင် တိုးတက်နေတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ မြင်ကွင်းကို တွေ့ရပြီး အနောက်ကို လှည့်လိုက်မယ်ဆိုရင်တော့ သစ်ပင်တွေအုပ်နေတဲ့ တောအုပ်ပုံစံမျိုးကို ခံစားရမှာပဲ ဖြစ်ပါတယ်။

READ
ဓာတ်ပုံရိုက်ထားလားလို့ ထင်ရလောက်အောင် ပုံဆွဲတော်လွန်းတဲ့ ဆယ်ကျော်သက်လေး

https://www.instagram.com/p/B7G8pCcAA8B/

ပုံထဲမှာ တွေ့ရတဲ့ နေရာလေးကတော့ Jordan နိုင်ငံ၊ Wadi Rum ရွာအနားမှာရှိတဲ့ The Memories Aicha Luxury Camp လေးတွေပဲ ဖြစ်ပါတယ်။ သဲကန္တာရအစပ်နားမှာ တည်ဆောက်ထားပြီး မျက်စိတဆုံး သဲကန္တရကြီးနဲ့ ပတ်ပတ်လည်ဝိုင်းနေတဲ့ တောင်တန်းကြီးတွေကတော့ တော်တော်နေချင်စရာ ကောင်းလှပါတယ်။

[email protected]

ဒီပုံထဲက အိမ်ကလေးကတော့ စိတ်ကူးထဲက အိမ်လေးလိုပါပဲ။ Netherlands နိုင်ငံအတွင်းမှာရှိတဲ့ သီးခြားတည်ရှိနေတဲ့ ရေပေါ်အိမ်ကလေးပဲ ဖြစ်ပါတယ်။ အိမ်ရှေ့မှာလည်း တောအုပ်အသေးစားလေးလည်း တည်ရှိပြီး ဘေးပတ်ပတ်လည်မှာ ရေပတ်လည်ဝိုင်းနေတာကြောင့် တော်တော်အနားယူလို့ကောင်းပြီး တိတ်ဆိတ်နေယ့် နေရာလေးပဲ ဖြစ်ပါတယ်။

အပေါ်မှာတွေ့ရတဲ့ နေရာလေးကတော့ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာရှိတဲ့ တည်းခိုခန်း Villa တစ်ခုပါပဲ။ လုံးဝအမိုက်ဆုံးနေရာလေးတစ်ခုလို့ မြင်မိပါတယ်။ ရေလေးကူးရင်း ဘေးပတ်ပတ်လည်က မိုးသစ်တောကြီးကို ထိုင်ခံစားနေရမှာမို့လို့ အလွမ်းဓာတ်ခံရှိတဲ့လူတွေအတွက် တော်တော်လေးကို ခံစားလို့ကောင်းမယ့် နေရာတစ်ခုပါပဲ။

READ
အင်ပရက်ရှင်ဝါဒနဲ့ အင်ပရက်ရှင်နစ် ပန်းချီပညာရှင်တို့ရဲ့ စိတ်ဝင်စားဖွယ်ရာ အချက်များ 

https://www.instagram.com/p/B-Z0KRMgr2F/

UAE နိုင်ငံထဲမှာရှိတဲ့ အိုအေစစ်လေးပါပဲ။ သဲကန္တရထဲမှာ တည်ရှိတာဖြစ်တာကြောင့် ပူရင်ရေလေးဆင်းစိမ်လိုက်နဲ့ တစ်ယောက်တည်း နားအေးပါးအေးနေချင်တဲ့လူတွေအဖို့တော့ အကောင်းဆုံးပါပဲ။အောက်ကပုံတွေကလည်း အင်မတန်မှ နေချင်စရာကောင်းတဲ့ နေရာလေးတွေပဲ ဖြစ်ပါတယ်။

View this post on Instagram

Sunrise in the fields ☀️

A post shared by SEBASTIEN NAGY (@sebastien.nagy) on

View this post on Instagram

#ThePalm

A post shared by SEBASTIEN NAGY (@sebastien.nagy) on

https://www.instagram.com/p/B9PYGqFgWAh/

https://www.instagram.com/p/B4nT9vxgRV2/

Pyi Hein Kyaw

SHARE