အဆောက်အဦးတွေရဲ့ အရောင်တွေဟာ အဖြူ၊ အပြာဖျော့၊ မီးခိုး၊ အညို၊ အဝါဖျောနဲ့ အမည်းရောင်တွေ များပါတယ်။ သာမန်အရောင်တွေထဲကခွဲထွက်ကာ တစ်မြို့လုံးနီးပါးအရောင်ဆန်းဆန်းလေးတွေနဲ့ အမြင်အာရုံကိုဖမ်းစားနိုင်တဲ့ နေရာလေးတွေ ရှိနေပါတယ်။ သာမန်မဟုတ် ဆန်းပြားတဲ့အရောင်တွေကြောင့် သွားရောက်လည်ပတ်တဲ့အခါ ဓာတ်ပုံရိုက်လို့ကောင်းလို ကိုယ်တိုင်ကိုယ်ကျ မျက်လုံးနဲ့မြင်တွေ့လိုက်တဲ့အခါမှာလည်း တက်ကြွတဲ့ခံစားချက်မျိုးကို ပေးနိုင်မှာပါ။ သူတို့တွေကတော့..
(1) San Francisco, USA

ဗိသုကာလက်ရာ ဆန်းဆန်းပြားပြားတွေအတွက် ကျော်ကြားပြီး မြို့မှအိမ်များဟာ အရောင် (၃) ရောင်ထက်ပိုကာ ဆေးသုတ်ထားတဲ့အတွက်ကြောင့် “Painted Ladies” လို့ အမည်တွင်ပါသေးတယ်။
(၂) Menton, France

ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နိုင်တဲ့နေရာဖြစ်ပီး “la perle de la France” ပြင်သစ်ရဲ့ပုလဲလို့ တင်စားကြပါတယ်။ လှပတဲ့ကမ်းခြေနဲ့ ဆေးရောင်ဆန်းဆန်းသုတ်ထားတဲ့ အိမ်လေးတွေကြောင့် ထင်ရှားကျော်ကြားပါတယ်။
(၃) Venice, Italy

Venice မြို့ဟာ အမြင်အာရုံကိုဖမ်းစားနိုင်တဲ့ မြို့တွင်းရှုခင်းတွေနဲ့ ရောင်စုံဗိသုကာလက်ရာတွေ၊ street artwork တွေကြောင့် ကျော်ကြားပါတယ်။
(၄) Willemstad, Curacao

Willemstad ရဲ့ ဗိသုကာလက်ရာကတော့ ဒတ်ခ်ျဗိသုကာလက်ရာတွေရဲ့လွှမ်းမိုးမှုအောက်မှာ ရှိနေပါတယ်။ မြို့လယ်ခေါင်အဆောက်အအုံတွေဟာ အရောင်စုံတဲ့အဆောက်အအုံတွေနဲ့ ဆိပ်ကမ်းရှိပြီး UNESCO မှာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ထားတဲ့ဒေသလည်း ဖြစ်ပါတယ်။
(၅) Jodhpur, India

အပေါ်စီးကနေကြည့်မယ်ဆိုလျှင် အပြာရောင်အဆာက်အဦတွေကြောင့် Jodhpur ရဲ့ နွေးထွေးတဲ့အပြာရောင်အလှကို ပိုသိသိသာသာမြင်စေမှာပဲဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ ကမ္ဘာပေါ်ရှိ ပုံမှန်မဟုတ်တဲ့နေရာအဖြစ် စာရင်းဝင်ခဲ့ပါတယ်။
(၆) Old San Juan, Puerto Rico

Old San Juan ဟာ Puerto Rico ရဲ့ ရှေးအကျဆုံးတွေထဲ ပါဝင်နေပါတယ်။ လမ်းတိုင်းမှာ အရောင်တောက်တောက်နဲ့ အဆောက်အဦးဆန်းတွေရှိတာကြောင့် ထင်ရှားပါတယ်။
(၇) Barcelona, Spain

Catalonia ဒေသက Barcelona မြို့ဟာ (၂) ရာစု, ကမ္ဘာအထူးချွန်ဆုံး ဗိသုကာပညာရှင် Antoni Gaudi ရဲ့ လက်ရာဖြစ်တဲ့ ရောင်စုံကျောက်တုံးတွေနဲ့စီခြယ်ထားတဲ့ ဗိသုကာလက်ရာတွေကြောင့် ထင်ရှားကျော်ကြားပါတယ်။
Source: Elite Readers
Penny