နောက်ဆုံးရ နှစ်ချုပ်လစာအရအကြမ်းဆုံး ကမ္ဘာ့အားကစားသမား ၁၀ ယောက်စာရင်း

kivnl/shutterstock, Leonard Zhukovsky/shutterstock, Leonard Zhukovsky/shutterstock

အသက်မွေးဝမ်းကျောင်းတချို့အတွက် ဘယ်အပိုင်းမှာ ဘယ်လိုရာထူးမျိုးဆိုရင် လစာဘယ်လောက်ရမယ်လို့ ခန့်မှန်းလို့ရနိုင်ပေမယ့် အားကစားအပိုင်းမှာရော အားလုံးပုံသေသတ်မှတ်လို့ မရနိုင်ပါဘူး။ ကမ္ဘာ့လစာအကြမ်းဆုံး အားကစားသမား ၁၀ ယောက်တို့ရဲ့ နှစ်ချုပ်စာရင်းတွေကတော့ Forbes မှ ထုတ်ပြန်ထားပါပြီ။ စာရင်းပါ ၁၀ ယောက်ကို အနည်းဆုံးကနေအစဉ်လိုက်အတိုင်း အားကစားပရိတ်သတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။ ဘယ်သူတွေပါဦးမလဲဆိုတာကတော့ အောက်ကစာရင်းမှာ အဖြေရှာလိုက်ကြပါဦး။

(၁၀) နံပါတ် ၁၀ မှာ ရပ်တည်နေတာကတော့ ဘတ်စကတ်ဘောကစားသမားတစ်ယောက်ဖြစ်တဲ့ Kevin Durant ပါ။ လခကတော့ ၆၅.၄ မီလီယံဒေါ်လာပါတဲ့။ NBA မှာ free agent လုပ်ပြီးနောက်ပိုင်း တမဟုတ်ချင်းဝင်ငွေတိုးခဲ့တာဖြစ်ပေမယ့် မကြာသေးခင်ရက်ကမှ ပွဲကစားရင်း ခြေထောက်ဒဏ်ရသွားတဲ့အတွက် နောက်နှစ်တွေအတွက် သေချာပါ့မလားတောင် မသိပါဘူး။

Leonard Zhukovsky/shutterstock

(၉) Stephen Curry ကတော့ ဒေါ်လာ ၇၉.၈ မီလီယံနဲ့ နံပါတ် ၉ နေရာမှာ ရှိနေပါတယ်။ Stephen Curry ဟာလည်း ဘတ်စကတ်ဘောကစားသမားတစ်ယောက်ပါ။ ပုံထဲမှာ အနီနဲ့တစ်ယောက်ပါနော်။

READ
မော်ရင်ဟိုမန်ယူသို့ပြောင်းရွှေ့ ခြင်းက မှန်ကန်တဲ့လုပ်ရပ်ဟုCarlo Cudiciniပြောကြား
Natursports/shutterstock

(၈) နံပါတ် ၈ နေရာမှာ ရှိနေသူကလည်း ဘတ်စကတ်ဘောကစားသမားပါပဲ။ LeBron James ဖြစ်ပြီး လခကတော့ ၈၉ မီလီယံဒေါ်လာပါတဲ့။ မနှစ်တုန်းက အဆင့် ၆ နေရာမှာ ရှိနေခဲ့ပေမယ့် ဒီနှစ်မှာတော့ အဆင့် ၂ ဆင့်ကြီးများတောင် ကျသွားခဲ့ပါတယ်။

Kathy Hutchins/shutterstock

(၇) အမေရိကန်ဘောလုံးသမား Aaron Rodgers ကတော့ လစာ ၈၉.၃ မီလီယံဒေါ်လာရနေပါတယ်။

MPH Photos/shutterstock

(၆) Russel Wilson ဟာလည်း အမေရိကန်ဘောလုံးသမားဖြစ်ပြီး အသင်းလစာကတော့ ၈၉.၅ မီလီယံဒေါ်လာပါ။ NFL ရဲ့ အဖိုးအတန်ဆုံးကစားသမားအဖြစ် သတ်မှတ်ခံထားရပါတယ်။ 

Jamie Lamor Thompson/shutterstock

(၅) နံပါတ် ၅ နေရာမှာကတော့ နှစ်ပေါင်းများစွာကြာတဲ့အထိ တင်းနစ်လောကရဲ့ထိပ်တန်းနေရာမှာရပ်တည်နေခဲ့တဲ့ Roger Federer ပဲဖြစ်ပါတယ်။ လစာကတော့ ၉၃.၄ မီလီယံဒေါ်လာပါ။ လစာအများဆုံးအားကစားသမားတွေထဲ တန်းနစ်ကစားကမားပါတာဟာ Federer တစ်ယောက်တည်းရှိပါတယ်။ 

READ
(၈-၅-၁၈)အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
Leonard Zhukovsky/shutterstock

(၄) Canelo Alvarez ကတော့ မက္ကဆီကန်ဘောက်စင်သမားဖြစ်ပြီး ၉၄ မီလီယံဒေါ်လာနဲ့ နံပါတ် ၄ နေရာမှာ ရပ်တည်နေပါတယ်။ သူဟာလည်း လစာအကောင်းဆုံး အားကစားသမားတွေထဲမှာ တစ်ဦးတည်းသောဘောက်စင်သမားအဖြစ် ထိုးထွက်ရပ်တည်နေခဲ့ပါတယ်။

MACH Photos/shutterstock

(၃) မနှစ်တုန်းက နံပါတ် ၅ နေရာမှာရှိနေခဲ့ပေမယ့် ခုန်တက်လာတဲ့ ဘောလုံးသမား Neymar ကတော့ ၁၀၅ မီလီယံဒေါ်လာနဲ့ နံပါတ်သုံးနေရာမှာ ရပ်တည်နေပြီး..

Alizada Studios/shutterstock

(၂) နံပါတ် ၂ နေရာမှာကတော့ Cristiano Ronaldo က ၁၀၉ မီလီယံဒေါ်လာနဲ့..

cristiano barni/shutterstock

(၁) Messi ကတော့ ၁၂၇ မီလီယံဒေါ်လာနဲ့ ထိပ်ဆုံးမှာ ဘောလုံးဘောကသားတွေချည်းပဲ အသီးသီးရပ်တညနေကြပါတယ်။ မနှစ်တုန်းကတော့ Messi ဟာ အနားယူသွားပြီဖြစ်တဲ့ Mayweather ရဲ့ အနောက်၊ ဒုတိယနေရာမှာ ရှိနေခဲ့တာပါ။

kivnl/shutterstock

Penny

SHARE