(၂၀၂၀)ခုနှစ်အတွက် ကမ္ဘာ့အင်အားကြီးမားဆုံး နိုင်ငံ (၆) နိုင်ငံ

Facebook/DonaldJTrump

US News နဲ့ World Report တို့ဟာ ကမ္ဘာ့အင်အာကြီးနိုင်ငံတွေရဲ့ စာရင်းကို နှစ်စဉ်ထုတ်ပြန်လေ့ရှိပါတယ်။ ၂၀၂၀ အတွက်လည်း အင်အားကြီးနိုင်ငံတွေစာရင်းကို အစဉ်အလာမပျက် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထဲမှာ အမေရိကန်နိုင်ငံကတော့ အရင်လိုပဲ နံပတ်တစ်နေရာမှာ ရှိနေပါတယ်။ ကျန်တဲ့ နိုင်ငံတွေကတော့ နံပတ်စဉ်အပြောင်းအလဲရှိပါတယ်။ US News နဲ့ World Reportတို့ သတ်မှတ်ထားတဲ့ ကမ္ဘာ့အင်အာကြီးနိုင်ငံတွေကတော့ – 

၁ – အမေရိကန်

Posted by Donald J. Trump on Friday, January 24, 2020

အမေရိကန်နိုင်ငံကတော့ ကမ္ဘာ့အင်အာကြီးနိုင်ငံထဲမှာ အမြဲလိုလို နံပတ်တစ်နေရာကို ချိတ်ဆွဲနိုင်တဲ့ နိုင်ငံတစ်ခုပါ။ စီးပွားရေးနယ်ပယ်ဘက်မှာလည်း တခြားနိုင်ငံတွေထက် လွှမ်းမိုးမှုကြီးမားတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး စစ်တပ်အရေးရာမှာလည်း ခေတ်မီလက်နက်တွေတပ်ဆင်ထားပြီး အင်အားကြီးတပ်မတော်တစ်ခုကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံတစ်ခုပါ။ ကမ္ဘာ့နိုင်ငံရေးစင်မြင့်မှာ အမေရိကန်နိုင်ငံဟာ ထိပ်ဆုံးက ရှိနေပြီး သူ့ကို လွယ်လွယ်ကူကူကျော်ဖြတ်နိုင်ဖို့ဆိုတာ လွယ်တော့မလွယ်ကူလှပါဘူး။

သမ္မတဒေါ်နယ်ထရန့်ရဲ့ လက်ထက်မှာတော့ သူ့ရဲ့ လုပ်ဆောင်ချက်တချို့ဖြစ်တဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ကုန်သွယ်စီးဆင်းရေးကိစ္စရပ်တွေကို ထည့်စဉ်းစားခဲ့ပါတယ်။ သမ္မတဒေါ်နယ်ထရန့်လက်ထက်မှာတော့ အမေရိကန်နိုင်ငံရဲ့ စံနှုန်းတွေဟာ တခြားမိတ်ဖက်နိုင်ငံတွေနဲ့ ကမ္ဘာ့နိုင်ငံတြွေားမှာ အမေရိကန်နိုင်ငံရဲ့ အနာဂါတ်အပေါ်မှာ မေးခွန်းထုတ်စရာတွေ မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။

၂ – ရုရှား

The new government will work efficiently. Putin has changed composition of the ministers and determined what tasks must…

Posted by Vladimir Putin on Wednesday, January 22, 2020

ဒုတိယမြောက်နေရာမှာ ရှိနေတာကတော့ ရုရှားနိုင်ငံပါ။ ရုရှားနိုင်ငံကလည်း ပြီးခဲ့တဲ့ နှစ် စစ်တမ်းမှာလည်း နံပတ် ၂ နေရာမှာ ရှိနေခဲ့တာပါ။ ရုရှားနိုင်ငံရဲ့ အတိုင်းအတာပမဏက ခန့်မှန်းဖို့ခက်လှတယ်လို့ US News က ပြောဆိုပါတယ်။

ရုရှားနိုင်ငံရဲ့ အကျယ်အဝန်းဟာ ကမ္ဘာပေါ်မှာ ကုန်းမြေတစ်ဆက်တည်းရှိတဲ့ နိုင်ငံတွေထဲမှာ အကြီးဆုံးအကျယ်ပြန့်ဆုံးဖြစ်ပါတယ်။ ရုရှားနိုင်ငံရဲ့ စုစုပေါင်းအကျယ်အဝန်းဟာ ကနေဒါနိုင်ငံရဲ့ အကျယ်အဝန်းထက် ၂ ဆို ပို အကျယ်ဝန်းပါတယ်။ ကုန်းမြေကျယ်ပြန့်လွန်းတဲ့ နိုင်ငံဖြစ်တာကြောင့်လည်း နယ်နိမိတ်ချင်းဆက်စပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေလည်း များပါတယ်။ ပင်လယ်ကမ်းရိုးတန်းဆက်စပ်နေတဲ့ နိုင်ငံတွေထဲမှာ ဂျပန်နိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့ပါဝင်ပါတယ်။

၃ – တရုတ်နိုင်ငံ

Presidents of China, Russia and Mongolia pledge to strengthen trilateral cooperation during their meeting on the sidelines of the 19th Shanghai Cooperation Organization (SCO) summit on Friday.

Posted by Xi Jinping – 习近平 on Friday, June 14, 2019

တရုတ်နိုင်ငံရဲ့ အရေးပါမှုဟာလည်း လျော့မသွားပါဘူး။ ပြီးခဲ့တဲ့ နှစ်တုန်းကလည်း တရုတ်နိုင်ငံဟာ တတိယအင်အားကြီးနိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။  US News ရဲ့ အဆိုအရတော့ တရုတ်နိုင်ငံဟာ ကမ္ဘာ့ရှေးအကျဆုံးလူ့အဖွဲ့အစည်းတွေရဲ့ မူလဘူတနေရာဖြစ်တယ်လို့ ညွှန်းဆိုခဲ့တယ်။ ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပါတယ်။

၎ – ဂျာမနီ

READ
အန္တရာယ်ရှိတဲ့ လူမျိုးစုနဲ့ ရင်းနှီးရင်းနှီးနှီးနေနိုင်ခဲ့တဲ့ ပထမဦးဆုံး အမျိုးသမီး

 

 

View this post on Instagram

 

„Je größer die wissenschaftliche Freiheit, desto größer der wissenschaftliche Ertrag”, so Kanzlerin Merkel in Istanbul, wo sie gemeinsam mit dem türkischen Präsident Erdogan den neuen Campus der Türkisch-Deutschen Universität eröffnete. Anschließend trafen sich die Kanzlerin und der Staatspräsident im Vahdettin-Pavillon zu einem bilateralen Gespräch. — The greater the scientific freedom, the greater the scientific yield, Chancellor Merkel said in Istanbul, where she opened the new campus of the @tauedutrde together with the Turkish President @rterdogan. Afterwards, the Chancellor and the President met for bilateral talks in the Vahdettin Pavilion. . . . #Politik #tdu #politics #kanzlerin #istanbul

A post shared by Angela Merkel (@bundeskanzlerin) on

ဂျာမနီနိုင်ငံဟာလည်း အရင်နှစ်တုန်းက အတိုင်းပါပဲ။ နံပတ်လေးနေရာမှာ တည်ရှိနပါတယ်။

ဂျာမနီနိုင်ငံဟာ ဥရောပနိုင်ငံတွေထဲမှာ လူဦးရေအများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဈေးကွက်စီးပွားရေးဘက်မှာလည်း အကြီးမားဆုံးစီးပွားရေးဈေးကွက်ရှိတဲ့ နိုင်ငံတစ်နိုင်ငံလည်းဖြစ်နေပါတယ်။ ဒါ့အပြင်  ပြန်လည်ပေါင်းစည်းရေးကာလအပြီးမှာတော့ ကမ္ဘာ့နိုင်ငံရေးစင်မြင့်မှာ ဂျာမနီနိုင်ငံရဲ့အရေးပါမှုကလည်းတဖြေးဖြေးတိုးတက်လာတဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။

၅ – ဗြိတိန်

Today I have signed the Withdrawal Agreement for the UK to leave the EU on January 31st, honouring the democratic mandate of the British people. This signature heralds a new chapter in our nation’s history.

Posted by Boris Johnson on Friday, January 24, 2020

ကမ္ဘာ့အင်အားကြီးနိုင်ငံတွေထဲမှာ ချန်ထားလို့မရတာကတော့ ယူကေပဲဖြစ်ပါတယ်။

US News ကတော့ ယူကေကို ကမ္ဘာ့စီးပွားရေးနယ်ပယ်၊ နိုင်ငံရေးနယ်ပယ်၊ သိပ္ပံနယ်ပယ်နဲ့ ယဉ်ကျေးမှုစာမျက်နှာမှာ အတိုးတက်ဆုံးနိုင်ငံထဲကတစ်နိုင်ငံဖြစ်တယ်လို့ ညွှန်းဆိုထားပါတယ်။ ဒါ့အပြင် ဥရောပသမဂ္ဂမှာ ဗြိတိန်နိုင်ငံ နှုတ်ထွက်သွားရခြင်းနဲ့ ပတ်သက်ပြီးလည်း ကမ္ဘာ့နိုင်ငံရေးစင်မြင့်ပေါ်မှာ အကြပ်အတည်းဖြစ်နေတဲ့ ကိစ္စရပ်တစ်ခုကို ဗြိတိန်က အနိုင်ရခဲ့တယ်လို့ ပြောဆိုထားပါတယ်။

၆ – ပြင်သစ်

Posted by Emmanuel Macron on Saturday, December 21, 2019

ပြင်သစ်နိုင်ငံလည်း အရင်နှစ်တွေတုန်းက နေရာမှာရှိနေဆဲပါပဲ။

ကမ္ဘာပေါ်ကို ပြင်သစ်နိုင်ငံရဲ့ လွှမ်းမိုးနိုင်မှုကို မှန်းဆကြည့်ဖို့ဆိုတာ ခက်ခဲပါတယ်။ အဲဒါက အရင်တုန်းကရော၊ အခုလက်ရှိအချိန်မှာရော တကယ်ခက်ခဲပါတယ်လို့ US News က ပြောဆိုပါတယ်။

ပြင်သစ်နိုင်ငံဟာ အနောက်ဥရောပမှာတည်ရှိပြီး ကမ္ဘာ့သက်တမ်းရင့် နိုင်ငံတွေထဲက တစ်ခုပါ။ အခုထက်အထိတိုင်အောင်လည်း သိပ္ပံပညာ၊ နိုင်ငံရေး၊ စီးပွားရေးတို့မှာလည်း တခြားနိုင်ငံတွေကိုကောင်းကောင်းယှဉ်လို့ရတဲ့ နိုင်ငံတစ်ခုပါ။ အလည်ခေတ်ကတည်းက ပြင်သစ်နိုင်ငံဟာ ဘုရင်စနစ်နဲ့ စတင်ခဲ့ပြီးနောက်ပိုင်းတော့ ရီပါ့ဘလစ်ကိုပြောင်းလဲခဲ့ပါတယ်။ လူတစ်ဦးချင်းစီရဲ့ အခွင့်အရေးကို အလေးပေးတဲ့ နိုင်ငံတေထဲမှာ ပြင်သစ်နိုင်ငံက ထိပ်ဆုံးကဖြစ်ပါတယ်။

 

READ
ယုန်တွေနဲ့ပတ်သက်ပြီး လွဲမှားစွာ သင်သိထားတဲ့ အယူအဆ (၅)ချက်

ကျန်တဲ့ နိုင်ငံတွေကတော့ 

၇ – ဂျပန်

၈ – အစ္စရေး

၉ – တောင်ကိုရီးယား

၁၀ – ဆော်ဒီအာရေးဗီးယျ

၁၁- ယူအေအီး

၁၂ – ကနေဒါ

၁၃ – ဆွဇ်ဇလန်

၁၄ – အိန္ဒိယ

၁၅ – ၾသစေတးလ်

၁၆ – တူရကီ

၁၇ – အီတလီ

၁၈ – ကြာတား

၁၉ – စပိန်

၂၀ – ဆွီဒင်

၂၁ – နယ်သာလန်

၂၂ – စင်္ကာပူ

၂၃ – နော်ဝေ

၂၄ – ဘရာဇီး

၂၅ – အီဂျစ်

 

Ye Yint Kyaw

SHARE