ကမာ့္ဘနိုင်ငံအသီးသီးက စိတ်ဝင်စားဖွယ် အကျဉ်းထောင်များအကြောင်း

Instiute for Criminal Policy Research အရ ကမ္ဘာတစ်ခွင်မှာ လူပေါင်း (၁၀.၃၅) သန်းလောက်ဟာ အကျဉ်းသားတွေအဖြစ် ထောင်ထဲမှာ နေထိုင်ကြရကြောင်း ဆိုပါတယ်။ တရားခွင်မှာ အမိန့်မချမှတ်ခင် ထောင်ထဲထည့်ပြီး ထိန်းသိမ်းခံထားရတဲ့ ရာဇ၀တ်သားတွေရှိသလို ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားလို့ ထောင်ထဲရောက်နေသူတွေလည်း ရှိပါတယ်။

ပြီးခဲ့တဲ့(၂၀၀၀)ခုနှစ်ရဲ့ တိုင်းတာချက်အရ ထောင်ထဲရောက်တဲ့ အမျိုးသမီးဦးရေဟာ ရာခိုင်နှုန်း(၅၀)လောက်တိုးလာပြီး အမျိုးသားဦးရေကတော့ (၁၈)ရာခိုင်နှုန်းလောက် တိုးလာတယ်လို့သိရပါတယ်။ ဘာပဲပြောပြော ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ထောင်တွေမှာ အကျဉ်းသားဦးရေတွေ တရိပ်ရိပ်တက်လာနေတာတော့ အမှန်ပဲဖြစ်ပါတယ်။ အခုအခါမှာတော့ စာဖတ်သူတွေ ဗဟုသုတအလို့ငှာ နိုင်ငံအသီးသီးမှာရှိကြတဲ့ အကျဉ်းထောင်တွေကို မိတ်ဆက်ပေးလိုက်ပါတယ်။ နိုင်ငံအလိုက် အကျဉ်းသားတွေကို ထားလေ့ရှိတဲ့ အကျဉ်းထောင်ပုံစံတွေကြောင့် စာဖတ်သူတွေအနေနဲ့ မျက်စိပွင့် နားပွင့်စေမှာဖြစ်ပါတယ်။

Aranjuez အကျဉ်းထောင်၊ စပိန်

boredpanda

စပိန်နိုင်ငံက Aranjuez အကျဉ်းထောင်ဟာ အကျဉ်းသားမိဘတွေကို ကလေးတွေနဲ့ အတူနေခွင့်ပေးထားပါတယ်။ နံရံတွေပေါ်မှာ ဒစ်စနီဇာတ်ကောင်လေးတွေနဲ့ ခြယ်မှုန်းထားပြီး ထောင်ကို နေချင်စဖွယ်ဖြစ်အောင် ပြုလုပ်ထားတဲ့ အကြောင်းအရင်းက ကလေးတွေကို မိဘတွေ ထောင်ထဲရောက်နေတယ်ဆိုတာ မရိပ်မိစေချင်လို့ ဖြစ်တယ်လို့ဆိုပါတယ်။

Bastøy အကျဉ်းထောင်၊ နော်ဝေ

boredpanda

နော်ဝေက Bastøy ထောင်ဟာ လုံခြုံရေးတင်းတင်းကြပ်ကြပ်ကြီး ထားလေ့မရှိတဲ့ အကျဉ်းထောင်ပါ။ ထောင်ဟာ Bastøy ကျွန်းမှာ တည်ရှိပါတယ်။ ကျွန်းတစ်ကျွန်းလုံးနီးပါးဟာ အကျဉ်းထောင်ဖြစ်ပြီး ကျွန်းရဲ့ မြောက်ပိုင်းမှာတော့ Nordbukta ကမ်းခြေရှိပါတယ်။ ကမ်းခြေကိုတော့ အများပြည်သူအတွက် ဖွင့်လှစ်ထားပါတယ်။ အကျဉ်းထောင်ဟာ ဒေသအဖွဲ့အစည်းလေးတစ်ခုသာသာရှိပြီး အဆောက်အဦးပေါင်း(၈၀)နဲ့အတူ ကမ်းခြေဇုန်တွေ၊ ဘောလုံးကွင်းတွေ၊ စိုက်ပျိုးမြေတွေနဲ့ သစ်တောတွေလည်း ရှိပါတယ်။

READ
စတီဖန်ဟောကင်းကို ဒါဝင်၊ နယူတန်တို့နဲ့ ဘေးချင်းယှဉ်လျက် မြှုပ်နှံခဲ့

Luzira အကျဉ်းထောင်၊ ယူဂန်ဒါ

boredpanda

Luzira အကျဉ်းထောင်က အကျဉ်းသားတွေဟာ အလုပ်ကြိုးစားရပါတယ်။ သူတို့နေထိုင်နေတဲ့ အကျဉ်းထောင်နေရာမှာ အစားအသောက်တွေ စိုက်ပျိုးတာ၊ ရိတ်သိမ်းတာ၊ ထုတ်ပိုးပြင်ဆင်တာနဲ့ အကျဉ်းထောင်တွင်း အစားအသောက်တွေဖြန့်ဝေတာတွေကိုလည်း ဆောင်ရွက်ရပါတယ်။ ထောင်တွင်းမှာ အသက်မွေးဝမ်းကြောင်း ပညာရှာမှီးမှုကိုလည်း အားပေးပါတယ်။ အထူးသဖြင့် လက်သမားအတတ်ပညာကို ထောင်သားတွေအချင်းချင်း လက်ဆင့်ကမ်းသင်ပေးကြလေ့ရှိပါတယ်။

San Diego Medium-Security အမျိုးသမီး အကျဉ်းထောင်၊ ကိုလံဘီယာ

boredpanda

ဆန်ဒီယေးဂိုးအမျိုးသမီး အကျဉ်းထောင်ထဲမှာရှိတဲ့ အကျဉ်းသားတွေဟာ ညဘက်ရောက်တဲ့အခါ စားဖိုမှုးတွေ၊ စားပွဲထိုးဝန်ထမ်းတွေ၊ ပန်းကန်ဆေးသမားတွေအဖြစ် အသွင်ပြောင်းကြပါတယ်။ အကျဉ်းသားတွေ အလုပ်လုပ်နေတဲ့ Interno အမည်ရတဲ့ စားသောက်ဆိုင်ဟာ အကျဉ်းထောင်တွင်းမှာ ဖွင့်ထားတဲ့ ဆိုင်တွေထဲက တစ်ဆိုင်ဖြစ်ပါတယ်။ အကျဉ်းသားဦးရေ (၁၈၀) ရှိတဲ့အထဲမှာ (၂၅)ယောက်လောက်ကို ရွေးချယ်ပြီး ထောင်ဒဏ်ပြီးတဲ့အခါ ပြင်ပလောကမှာ လုပ်ကိုင်စားတတ်ဖို့ အခုလိုလေ့ကျင့်ပေးတယ်လို့ သိရပါတယ်။

READ
ဘဝအတွက် အရမ်းအသုံးဝင်မယ့် သင်မသိသေးတဲ့ နည်းလမ်း(၁၀)ခု

Halden အကျဉ်းထောင်၊ နော်ဝေ

boredpanda

နော်ဝေနိုင်ငံ Halden အကျဉ်းထောင်ဟာ လုံခြုံရေးမြင့်မားတဲ့ အကျဉ်းထောင်တစ်ခုပါ။ (၂၀၁၀)ခုနှစ်က တည်ထောင်ခဲ့တဲ့ နော်ဝေရဲ့ ဒုတိယအကြီးဆုံးထောင် Halden မှာ ကမ္ဘာတစ်ဝှမ်းက ရာဇ၀တ်သားတွေကိုလည်း လက်ခံထားပါတယ်။ အကျဉ်းထောင်မှာတော့ ပြစ်ဒဏ်လွတ်ပြီးတဲ့အခါ အကျဉ်းသားတွေ ပုံမှန်ရပ်တည်နိုင်အောင် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို သင်ကြားပေးလေ့ရှိပါတယ်။

Norgerhaven အကျဉ်းထောင်၊ နယ်သာလန်

boredpanda

နယ်သာလန်နိုင်ငံက Norgerhaven အကျဉ်းထောင်မှာ ကိုယ်ပိုင်ရေချိုးခန်းအပါအ၀င် ပရိဘောဂအစုံအလင်နဲ့ ရေခဲသေတ္တာတို့ကိုပါ ထားရှိပေးပါတယ်။ နယ်သာလန်နိုင်ငံမှာ နိုင်ငံသားတွေရဲ့ ရာဇ၀တ်မှုကျူးလွန်မှုနှုန်းထားက အရမ်းကိုနည်းတာကြောင့် အကျဉ်းခန်းတွေ အလဟဿမဖြစ်စေအောင် Norgerhaven ဟာ (၂၀၁၅)ခုနှစ်မှာ နော်ဝေနိုင်ငံနဲ့ ညှိပြီး နော်ဝေးအကျဉ်းသားတွေကိုပါ လက်ခံဖို့ပြင်ဆင်ခဲ့ပါတယ်။  အခုဆိုရင် နော်ဝေအကျဉ်းသားတွေဟာ သူတို့ရဲ့ ရာဇ၀တ်မှု ပြစ်ဒဏ်တွေအတွက် Norgerhaven မှာ လာပြီး ပြစ်ဒဏ်ကျခံရပါတယ်။

Onomichi အကျဉ်းထောင်၊ ဂျပန်

boredpanda

ဂျပန်နိုင်ငံက Onomichi အကျဉ်းထောင်ဟာ အသက်အရွယ်အိုမင်းနေပြီဖြစ်တဲ့ အကျဉ်းသားတွေကို လက်ခံထားပါတယ်။ အကျဉ်းသားအိုတွေဟာ အစားအသောက်ပျော့ပျောင်းတာတွေကို စားသုံးခွင့်ရတဲ့အပြင် သူတို့ရဲ့တစ်နေတာကို အပ်ချုပ်တာ၊ သိုးမွှေးထိုးတာတွေနဲ့ပဲ ကုန်ဆုံးရလေ့ရှိပါတယ်။

လင်းလင်း (ShweMom)

Ref: Boredpanda

SHARE