ချစ်သူကို မကယ်နိုင်ခဲ့လို့ ကိုယ်ကိုယ်တိုင် သတ်သေခဲ့တဲ့ တောင်တက်သမား

လူသိများထင်ရှားတဲ့ တောင်တက်သမားတစ်ဦးဖြစ်တဲ့ Hayden Kennedy ဟာ သူ့မျက်စိရှေ့မှာတင် သူရဲ့ချစ်သူ Inge Perkins ဟာ ရေခဲတောင်ပြိုကျပြီး ရေခဲတွေပိလို့ သေဆုံးခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ဒီအတွက် ယူကြုံးမရဖြစ်ခဲ့တဲ့ Hayden ဟာ သူ့ကိုယ်သူ သတ်သေခဲ့တယ်လို့ Mirror သတင်းမှာ ဖော်ပြထားပါတယ်။

Hayden ဟာ ရေခဲတောင်တွေမှာ ဖြစ်လေ့ရှိတဲ့ ရေခဲပြိုကျမှုမှာ Inge သေဆုံးတာကို မကူညီနိုင်ဘဲ ကြည့်နေခဲ့ရပြီး၊ နောက်ဆုံးတော့ သူ့ကိုယ်သူပါ သတ်သေခဲ့တာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ အမေရိကန် မွန်တားနားပြည်နယ်အတွင်းက ရေခဲတောင်တွေပေါ်ကို ရေခဲပြင်စကိတ်စီးဖို့ တက်ရောက်ခဲ့ကြပါတယ်။

ingeluf/Instagram
ingeluf/Instagram

တစ်နေရာအရောက်မှာ ရေခဲတွေအစုလိုက်အပြုံလိုက် ပြိုကျလာခဲ့ပြီး၊ နှစ်ယောက်စလုံး လွတ်ရာကို ရသလောက် ပြေးခဲ့ကြပါတယ်။ ဒါပေမယ့် Inge ကတော့ ရေခဲထုအောက်မှာ တစ်ခါတည်း မြေမြှုပ်သင်္ဂြိုဟ်လိုက်သလို ဖြစ်ခဲ့ရပြီး၊ Hayden ကိုယ်တိုင်လည်း ရေခဲထုအောက်မှာ ပိမိခဲ့ပေမယ့်၊ ဒဏ်ရာ မဆိုးဝါးခဲ့ပါဘူး။

Hayden ဟာ Inge ရဲ့ အလောင်းကိုတောင် မရှာနိုင်ခဲ့ပါဘူး။ ဒီအဖြစ်အပျက်ဟာ အောက်တိုဘာ (၇)ရက် စနေနေ့မှာ ဖြစ်ခဲ့တာပါ။ သူတို့နှစ်ယောက်စလုံးဟာ အမေရိကန်နိုင်ငံ၊ မွန်တားနားကို ပြောင်းရွှေ့လာတာ မကြာသေးပါဘူး။ ချစ်သူ သေဆုံးပြီး နောက်တစ်ရက်အကြာမှာပဲ Hayden ဟာ သူ့ကိုသူ သတ်သေခဲ့ပါတယ်။

READ
ကိုယ်ဝန်ပျက်ကျခဲ့တဲ့ ချစ်သူကို အပြင်းအထန်ရိုက်နှက်ခဲ့တဲ့ အမျိုးသား
ingeluf/Instagram

Hayden ရဲ့ စပွန်ဆာကုမ္မဏီဖြစ်တဲ့  Black Mountain Equipment က ဒီအတွက် ၀မ်းနည်းရကြောင်း ကြေညာခဲ့ပါတယ်။ သူတို့ရဲ့ တရားဝင် Facebook Page မှာ ” Hayden က တကယ့်ကို အလားအလာရှိပြီး၊ တောင်တက်သမားတွေထဲမှာ အတော်ဆုံးတွေထဲက တစ်ယောက်ပါ .. သူဟာ စိတ်အားထက်သန်ပြီး ရည်ရွယ်ချက်ကြီးမားပါတယ် … သူဟာ အတားအဆီးတွေကို ဖြတ်ကျော်နိုင်ခဲ့တဲ့ တောင်တက်သမားတစ်ယောက်ပါပဲ ” လို့ ရေးသားပြီး Hayden ကို ဂုဏ်ပြုစကားဆိုခဲ့တယ်လို့ သိရပါတယ်။

နတ်စည်တော် (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE