ကမ္ဘာ့အိပ်စက်ခြင်းနေ့အကြောင်း သင်သိထားသင့်တဲ့ အချက်များ

ကမ္ဘာ့အိပ်စက်ခြင်းနေ့ဟာ နှစ်စဉ်နှစ်တိုင်း မတ်လရဲ့ ဒုတိယမြောက် ရက်သတ္တပတ်ထဲမှာ ကျရောက်ပါတယ်။ ယခုနှစ် (၂၀၁၉) မှာတော့ ကမ္ဘာ့အိပ်စက်ခြင်းနေ့ဟာ မတ်လ(၁၅) ရက်မှာ ကျရောက်မှာ ဖြစ်ပါတယ်။ ၄င်းနေ့ကို World Association of Sleep Medicine (WASM) အဖွဲ့အစည်းကြီးက ကြီးမှုးပြီး (၂၀၀၈) ခုနှစ်က စတင်ကာ ကျင်းပခဲ့ပါတယ်။ အဖွဲ့အစည်းကြီးရဲ့ ဆောင်ပုဒ်ကတော့ “ကောင်းမွန်တဲ့ အိပ်စက်ခြင်းဆိုတာ အလှမ်းမီနိုင်တဲ့အိပ်မက်တစ်ခု” လို့ သိရပါတယ်။

pexels

ကောင်းမွန်တဲ့ အိပ်စက်ခြင်းဖြစ်ဖို့ အချက်(၃) ခုနဲ့ ပြည့်စုံရပါတယ်။ အိပ်ချိန်ဟာ နောက်တစ်နေ့မှာ လူကို နိုးနိုးကြားကြားရှိစေနိုင်တဲ့အထိ လုံလောက်ရပါမယ်။ အိပ်စက်ပုံဇယားဟာ အနှောင့်အယှက်ကင်းကင်းနဲ့ ရှိရပါမယ်။ နောက်ဆုံးအချက်ကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်အနားယူတတ်ဖို့ပဲ ဖြစ်ပါတယ်။ ကောင်းမွန်ပြည့်ဝတဲ့ အိပ်စက်ခြင်းရဖို့ အောက်ပါအချက်လေးတွေကို လိုက်နာအသုံးပြုနိုင်ပါတယ်။

အီလက်ထရောနစ်ပစ္စည်းတွေကို ပိတ်ပါ

ဆိုလိုတာက စမတ်ဖုန်းတွေ၊ ကွန်ပြူတာတွေ၊ တီဗီတွေကို အိပ်စက်တဲ့အချိန်မှာ အသုံးမပြုဖို့ ဖြစ်ပါတယ်။ သူတို့က ထွက်တဲ့ အပြာရောင်အလင်းဟာ အိပ်ပျော်ဖို့ ကူညီပေးတဲ့ မယ်လတိုနင်ဟိုမုန်းကို ချုပ်ထိန်းထားတာကြောင့် လူကို နိုးနိုးကြားကြားဖြစ်စေပါတယ်။

READ
အစားစားပြရင်းဝင်ငွေပါရနေကြတဲ့ YouTuber မိန်းမချောလေးများ
pexels

စောစောထပါ

ညဘက်အိပ်မပျော်တဲ့ ဒုက္ခဖြစ်နေရင် စောစောထတဲ့ အကျင့်ကို စမ်းလုပ်ပေးပါ။ ခက်တယ်ထင်ရပေမယ့် အကျင့်ဖြစ်သွားရင် လွယ်သွားမှာပါ။

လေ့ကျင့်ခန်းလုပ်ပါ

ရေကူးခြင်း၊ ပြေးခြင်း၊ ယောဂကျင့်ခြင်းနဲ့ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ ညဘက်တွေမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။ အကောင်းဆုံးက လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် အိပ်ချိန်နဲ့ (၆) နာရီလောက် ခွာပြီး ပြုလုပ်သင့်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အိပ်ချိန်နဲ့နီးတဲ့အခါ ခန္ဓာကိုယ်ဟာ အပူဓာတ်ကဲနေတာကြောင့် အိပ်ပြီး ပြန်ပြန်နိုးတာတွေ ဖြစ်နိုင်ပါတယ်။

pexels

အရည်ပူတစ်ခုခုသောက်ပါ

အယ်လ်ကိုဟောမပါဝင်တဲ့ အဖျော်ပူပူလေး တစ်ခွက်ကို အိပ်ရာမ၀င်ခင် သောက်သုံးတာဟာ ထိရောက်တဲ့ အနားယူမှုတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဖျော်ရည်ထဲမှာ ကဖိန်းဓာတ်မပါဝင်ဖို့တော့ သတိပြုသင့်ပါတယ်။

ဂီတသံနားဆင်ပါ

သိမ်မွေ့တဲ့သီချင်းသံလေးတွေကို အိပ်ခါနီး နားထောင်ပေးခြင်းဟာ ကောင်းမွန်တဲ့အိပ်စက်ခြင်းရဖို့ အထောက်အကူပေးပါတယ်။ အပြင်းစားဂီတသံတွေအစား နူးညံ့ငြိမ့်ညောင်းတဲ့ တေးဂီတသံလေးတွေကို ရွေးချယ်ပေးဖို့တော့ အရေးကြီးပါတယ်။

လင်းလင်း (ShweMom)

Ref: daytodaygk

SHARE