လိင်အင်္ဂါကြီးအောင် ပြုပြင်နေတုန်း ခွဲစိတ်ခန်းထဲနှလုံးရပ်သေဆုံးခဲ့တဲ့ စိန်ကုန်သည်ကြီး

အသက် ၆၅ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ကမ္ဘာ့ထိပ်တန်းစိန်ကုန်သည်သူဌေးကြီး Ehud Arye Laniado ဟာ ပြင်သစ်နိုင်ငံရှိ ပဲရစ်မြို့မှာ 2019 ခုနှစ် မတ်လ ၆ ရက်နေ့က ကွယ်လွန်သွားခဲ့ပါပြီ။

Ehud Arye Laniado ဟာ ပဲရစ်မှာရှိတဲ့ Avenue des Champs-Elysees ဆိုတဲ့ ကိုယ်ခန္ဓာခွဲစိတ်ပြုပြင်ရေးဆေးခန်းလေးမှာ သေဆုံးသွားခဲ့တာပါ။ သူ့ရဲ့လိင်အင်္ဂါကို ရှိရင်းစွဲထက်ကြီးအောင် ပြုပြင်နေတုန်း ကြီးဆေးအရည်ကို ထိုးသွင်းလိုက်ချိန်မှာပဲ နုလုံးရပ်ကာ သေဆုံးသွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

Central European

သူဌေးကြီးဟာ အသက် ၂၀ ပတ်ဝန်းကျင်ကတည်းက တက္ကသိုလ်မတက်တော့ဘဲ အာဖရိကသို့ သွားကာ အလုပ်လုပ်ခဲ့ပါတယ်။ သူ့ရဲ့ပထမဆုံးအလုပ်ကတော့ Tel Aviv မှာရှိတဲ့ Hilton ဟိုတယ်ရဲ့ spa ဌာနမှာ အလုပ်လုပ်ခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ စိန်လုပ်ငန်းကို စိတ်ဝင်စားလာကာ စမ်းသပ်လုပ်ကိုင်ရင်း အောင်မြင်လာတာကြောင့် မကွယ်လွန်ခင်အထိ ဒီအလုပ်ကိုပဲ ဆောက်ချလုပ်ကိုင်ခဲ့ပါတယ်။

READ
ဘိန်းဖြူထက် လူသေမှုပိုများပြီး ၊ မိကျောင်းရေလို အမာရွက်ကျန်ရစ်စေတဲ့ မူးယစ်ဆေးတစ်မျိုး

၂၀၁၅ ခုနှစ်မှာတော့ Ehud Arye Laniado ဟာ ကမ္ဘာ့တန်ကြေးအကြီးဆုံး စိန်ပြာဖြစ်တဲ့ Blue Moon ကို ဟောင်ကောင်မှ စီးပွားရေးလုပ်ငန်းရှင်တဦးထံသို့ရောင်းချရာ ၄၈.၄ မီလီယံဒေါ်လာတောင် အမြတ်ရခဲ့ပါတယ်။

Central European

Ehud Arye Laniado ဟာ ၂၀၁၃ ခုနှစ်တုန်းကစပြီး အခွန်ကိစ္စတွေ၊ တရားမဝင်တင်သွင်းမှုတွေကြောင့် သက်ဆိုင်ရာနဲ့ ကတောက်ကဆဖြစ်ကာ လူသိရှင်ကြားမနေတော့ဘဲ ဇာတ်မြှုပ် နေ,နေခဲ့တာကြာခဲ့ပါပြီ။ စိန်ရောင်းစိန်ဝယ်လုပ်ငန်းကိစ္စများနဲ့ပတ်သက်လို့ မိတ်ဆွေဖြစ်သူတစ်ယောက်နဲ့အတူ အခွန်ရှောင်အမှုနဲ့ ခေါ်ယူစစ်ဆေးခြင်းခံခဲ့ရကာ ဒဏ်ကြေးအနေနဲ့ ၁၆၀ မီလီယံယူရိုလောက် ပေးချေဖို့အတွက် သဘောတူညီထားခဲ့ကြပါတယ်။ အခွန်ကိစ္စနဲ့ပတ်သက်ပြီး မတ်လ ၁၄ ရက်နေ့မှာ ရုံးချိန်းရှိနေခဲ့တယ်လို့ သိပါတယ်။

Central European

Ehud Arye Laniado ရဲ့ သေဆုံးမှုကိုတော့ Antwerp, Belgiun အခြေစိုက်ကိုယ်ပိုင်ကုမ္ပဏီဖြစ်တဲ့ Omega Diamonds မှ အတည်ပြုခဲ့တာပါ။

Source: Daily Mail, The Sun

READ
သွေးရိုးသားရိုးမဟုတ်ပဲသေခဲ့ရင်ခင်ပွန်းသည်လက်ချက်သာဖြစ်ကြောင်း စာရေးခဲ့တဲ့အမျိုးသမီး

Penny

SHARE