ကမ္ဘာကို အလွှမ်းမိုးနိုင်ခဲ့ဆုံး သိပ္ပံပညာရှင်ကြီး (၇)ဦး

ကျွန်တော်တို့ ကမ္ဘာကြီး အခုချိန်မှာ ဒီလောက်အထိ ဖွံ့ဖြိုးတိုးတက်နေအောင် ကူညီပေးခဲ့ကြသူတွေမှာ သိပ္ပံပညာရှင်ကြီးများက အဓိကနေရာက ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့ရဲ့ ရှာဖွေတွေ့ရှိချက်တွေကြောင့် နောင်လာနောက်သားတွေက အဘက်ဘက်ကနေ တိုးတက်ဖို့ ဆက်လက်ဆောင်ရွက်နိုင်ကြတာလည်း ဖြစ်ပါတယ်။ အခုတစ်ခါမှာတော့ ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး (၇)ယောက်တို့ကို ဂုဏ်ပြုဖော်ပြပေးချင်ပါတယ်။

Sir Isaac Newton (၁၆၄၂-၁၇၂၆)
Wikipedia

ဆာအိုင်ဆက်နယူတန်က အင်္ဂလိပ်သိပ္ပံပညာရှင်တစ်ဦးဖြစ်ပြီး ပညာရပ်များစွာကို နှံ့စပ်စွာ လေ့လာပိုင်နိုင်ခဲ့ပါတယ်။ သူနှံ့စပ်တဲ့ ပညာရပ်တွေမှာ သင်္ချာ၊ အလင်းရောင်နဲ့ ဆိုင်ရာပညာရပ်၊ ရူပဗေဒနဲ့ နက္ခတ်ဗေဒတို့ဖြစ်ပါတယ်။ (၁၆၈၇)ခုနှစ်မှာ ထုတ်ခဲ့တဲ့ သူ့ရဲ့ Principia Mathematica  စာတမ်းမှာဆိုရင် ဆွဲငင်အားနိယာမနဲ့ ရွေ့လျားမှုနိယာမ ရှာဖွေတွေ့ရှိချက်တွေကို ဖော်ပြခဲ့ပါတယ်။ Calculus သချာင်္ပညာရပ်ကို တီထွင်ခဲ့သူ (၂)ဦးထဲမှာလည်း ပါဝင်နေပါတယ်။

Louis Pasteur (၁၈၂၂-၁၈၉၅)
Wikipedia

ပြင်သစ် ဆေးသိပ္ပံပညာရှင် လူဝီပက်စတာကတော့ ခွေးရူးပြန်ရောဂါ အပါအဝင် အခြားကူးစက်ရောဂါများစွာအတွက် ကုသမှု ဆေးဝါးတွေ တီထွင်ခဲ့သူပါ။ နွားနို့ကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ကျိုချက်ပြီးမှ သောက်ရမယ်ဆိုတာလည်း သူကစတင် လမ်းညွှန်ခဲ့တာ ဖြစ်ပါတယ်။

READ
ခေါင်းဆောင်ကောင်း တစ်ယောက်မှာ ဒါတွေရှိသင့်ပါတယ်။
Galileo (၁၅၆၄-၁၆၄၂)
Wikipedia

ပညာရှင်ကြီး ပထမဆုံး မော်ဒန် တယ်လီစကုပ်ကို တီထွင်ခဲ့သူဖြစ်ပြီး ကမ္ဘာက နေကို ပတ်နေတယ်ဆိုတဲ့ သဘာဝ အမှန်တရားကိုလည်း သိပ္ပံနည်းကျနဲ့ လူအများကို ထုတ်ဖော်ပြသ နိုင်ခဲ့သူပါ။

Marie Curie (၁၈၆၇-၁၉၃၄)
Wikipedia

မာရီခယူရီကတော့ ပိုလန်လူမျိုး အမျိုးသမီး ရူပဗေဒနဲ့ ဓာတုဗေဒပညာရှင်တစ်ဦးဖြစ်ပါတယ်။ X-ray အသုံးပြုနိုင်ဖို့အတွက် ဓာတ်ရောင်ခြည်ကို ရှာဖွေတွေ့ရှိခဲ့သူလည်းဖြစ်ပါတယ်။ သူမဟာ ရူပဗေဒနဲ့ ဓာတုဗေဒ ပညာ (၂)ရပ်လုံးအတွက် နိုဘယ်ဆု ရရှိခဲ့သူ ပထမဦးဆုံး အမျိုးသမီးလည်းဖြစ်ပါတယ်။

Albert Einstein (၁၈၇၉-၁၉၅၅)
Wikipedia

ကမ္ဘာကျော် ရူပဗေဒပညာရှင် အဲဘတ် အိုင်းစတိုင်းကတော့ ခေတ်သစ် ရူပဗေဒကို Theory of Relativity နဲ့ စတင်ခဲ့သူဖြစ်ပါတယ်။ (၁၉၂၁)ခုနှစ်တုန်းက အလင်းမိအရာဝတ္ထုများမှ အလက်ထရွန်များကို ရှာဖွေတွေ့ရှိမှုနဲ့ နိုဘယ်ဆုလည်း ရရှိခဲ့ပါတယ်။

READ
အပျိုစင်ဘဝကို ဈေးအကြီးဆုံးဖြင့်ရောင်းချခဲ့သူ(၅)ဦး
Michael Faraday (၁၇၉၁-၁၈၆၇)
Wikipedia

မိုက်ကယ် ဖာရာဒေးကတော့ အင်္ဂလိပ် သိပ္ပံပညာရှင်ဖြစ်ပြီး လျှပ်စစ် သံလိုက်လှိုင်းတွေနဲ့ လျှပ်စစ်ဓာတ်ခွဲမှုတွေကို လေ့လာ ဖော်ထုတ်ခဲ့သူ ဖြစ်ပါတယ်။ ကာဗွန်နဲ့ ကလိုရင်းတို့ကိုလည်း ဖာရာဒေးက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

Alexander Fleming (၁၈၈၁-၁၉၅၅)
Wikipedia

အလက်ဇန်းဒါး ဖလန်းမင်းကတော့ စကော့တလန် သိပ္ပံပညာရှင်ဖြစ်ပြီး ပင်နီဆလင်ကို ရှာဖွေတွေ့ရှိခဲ့သူပါ။ သူဟာ ပင်နီဆလင် ထုတ်လုပ်မှုမှာ ကူညီပေးခဲ့ကြတဲ့ Howard Florey, Ernst Boris Chain တို့နဲ့ အတူ (၁၉၄၅)ခုနှစ်တုန်းက နိုဘယ်ဆု လက်ခံရရှိခဲ့ပါတယ်။

Ref: Biography Online

SHARE