ကမ္ဘာ့ကုန်သွယ်ရေးစင်တာကို ၀င်တိုက်ခဲ့တဲ့ ပထမလေယာဉ်ရဲ့ တစ်ခုတည်းသောဗီဒီယိုဖိုင်

YouTube_Real 911questions

လွန်ခဲ့တဲ့ (၁၇) နှစ် စက်တင်ဘာလ (၁၁) ရက်နေ့တုန်းက အမေရိကန်ပြည်ထောင်စုကြီးအတွက်သာမက တစ်ကမ္ဘာလုံးအနေနဲ့ပါ ကြေကွဲဝမ်းနည်းထိတ်လှန့်ဖွယ်ရာ အကြမ်းဖက်မှုတစ်ခုကြီးဖြစ်ပွားခဲ့ပါတယ်။ လေယာဉ်နှစ်စီးဟာ အနုကြမ်းစီးခံလိုက်ရပြီး နယူးယောက်၊ မဟန်တန်မှာရှိတဲ့ World Trade Center ကို တည့်တည့်ကြီးဝင်တိုးခဲ့ပါတယ်။

သတင်းတွေမှာပါတာက ဒုတိယလေယာဉ် ဝင်တိုက်တဲ့ ဗီဒီယိုတွေပဲ တော်တော်များများ ပါရှိကြတာပါ။ ဘာကြောင့်လဲဆိုရင် ပထမလေယာဉ်ဟာ လူတွေသတိမထားမိခင်မှာ ဝင်တိုးခဲ့တာဖြစ်ပြီး နောက်ထပ်မိနစ်(၂၀) အကြာမှ ဒုတိယလေယာဉ် ဝင်တိုက်ခဲ့တာပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း ပထမလေယာဉ် ဝင်တိုက်ခဲ့တာကို မြင်တဲ့လူအရေအတွက် အနည်းငယ်သာရှိမှာပါ။ ဒါပေမဲ့ ပထမလေယာဉ် ဝင်တိုက်တဲ့ ဖြစ်ရပ်ကို အမှတ်မထင် မှတ်တမ်းတင်နိုင်ခဲ့တဲ့ တစ်ဦးတည်းသော ဗီဒီယိုရှိပါတယ်။

ဗီဒီယိုထဲမှာပါတဲ့ အကြောင်းအရာအရ ဒီမှတ်တမ်းဟာ မီးသတ်ဌာနတစ်ခုမှ ဗီဒီယိုမှတ်တမ်းတင်တာကို လေ့ကျင့်နေစဉ် ဒီဖြစ်ရပ်ကို အမှတ်မထင် ရိုက်ကူးမိသွားတာဖြစ်ကြောင်း သိခဲ့ရပါတယ်။ ဗီဒီယိုရိက်ကူးသူဟာ လေ့ကျင့်နေတဲ့အတွက် သွားလေရာကို ဗီဒီယိုကင်မရာယူသွားပြီး မှတ်တမ်းတင်လေ့ရှိကြောင်းလည်း ပြောသွားတာကို သိရမှာပါ။

YouTube_Real 911questions

ဗီဒီယိုထဲမှ မီးသတ်သမားများက သာမန်လုပ်ငန်း တာဝန်တွေအတိုင်း ဂတ်စ်ပိုက်လိုင်းတစ်ခုအား သွားရောက်စစ်ဆေးနေစဉ်မှာပဲ အမှတ်မထင် ရိုက်ကူးမိခဲ့ပါတယ်။ လေယာဉ်အနီးကပ် ပျံလာတဲ့အသံကို ကြားဟန်တူတဲ့ မီးသတ်သမားတစ်ယောက်ဟာ အပေါ်ကို မော့ကြည့်လိုက်တာလည်း မြင်မိမှာပါ။ မော့ကြည့်ပြီး အကြာမီမှာပဲ အနီးအနားမှာရှိတဲ့ World Trade Center ရဲ့ အပေါ်ပိုင်းမှာ မီးလုံးတွေနဲ့ မီးခိုးငွေ့တွေရုတ်ချည်းဆိုသလို ထွက်ပေါ်လာခဲ့ပါတယ်။

READ
လျှောက်ထားသူ(၁၀၀၀)ကျော်မှာ လူ(၃၀)ပဲ ရခဲ့တဲ့ တစ်လဒေါ်လာသောင်းချီတန်အလုပ်
YouTube_Real 911questions

အဲဒီနေ့က စက်တင်ဘာလ (၁၁) နေ့ပါ။ ရာသီဥတုကနေသာပြီး ကောင်းကင်ဟာလည်း ကြည်လင်နေတဲ့အတွက် အရာအားလုံးကို ပြတ်ပြတ်သားသား မြင်နိုင်တဲ့ အနေအထားရှိနေပါတယ်။ Los Angeles ကိုပျံသန်းမယ့် passenger (၉၂) ယောက် စီးနင်းလိုက်ပါလာတဲ့ United Airlines က Flight 11 ဟာ World Trade Center ရဲ့ မြောက်ဘက်တာဝါက (၉၃) ထပ်ကနေ (၉၉) ထပ်အထိ ဝင်တိုးတိုက်ခဲ့ပါတယ်။ လေယာဉ်ပေါ်ကလူတွေအားလုံးနဲ့ အဆောက်အုံထဲမှာရှိနေတဲ့ အယောက် (၁၀၀) ၀န်းကျင်တို့ဟာ အကြမ်းဖက်မှုပ ထမအကျော့အတွက် အသက်ပေးသွားခဲ့ရပါတယ်။

ဒုတိယလေယာဉ်ကတော့ United Airlines ကပဲ Flight 175 ဟာ  မိနစ် (၂၀) အကြာမှာ တောင်ဘက်တာဝါကို (၇၅) ထပ်ကနေ (၈၅) ထပ်အထိ ဝင်ရောက်တိုက်ပစ်ခဲ့ပါတယ်။ လေယာဉ်နှစ်စီလုံးဟာ အနုကြမ်း အစီးခံခဲ့ရတာဖြစ်ပြီး နောက်ထပ်လေယာဉ် နှစ်စီးဟာလည်း ထပ်မံအနုကြမ်းစီးခံခဲ့ရပါသေးတယ်။ တတိယမြောက်တစ်စီးကတော့ ပန်တကွန်အဆောက်အဦထဲကို ဝင်တိုက်ခဲ့ပြီး နောက်ဆုံးတစ်စီးကတော့ ဝင်တိုက်မယ့်နေရာနား မရောက်ခင်မှာပဲ လေယာဉ်ပေါ်က ခရီးသည်တွေနဲ့ အမှုထမ်းတွေကြောင့် အကြမ်းဖက်သမားကို ဖမ်းဆီးရမိခဲ့ပြီး အကြမ်းဖက်မှုကိုလည်း တားဆီးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ လေယာဉ်ဟာ ပင်လယ်ထဲ ပျက်ကျခဲ့တာဖြစ်ပြီး လေယာဉ်ပေါ်မှာ ပါတဲ့လူအကုန် လုံး သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

READ
မျဉ်းဝါကြားက လမ်းကူးဖို့စောင့်နေတဲ့လူကို ၀င်တိုက်ခဲ့တဲ့ကား
YouTube_Real 911questions

9/11 အကြမ်းဖက်မှုမှာ စုစုပေါင်း လူ (၃,၀၀၀) ကျော် ပွဲချင်းသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ဦးရေကတော့ မရေမတွက်နိုင်အောင် များပြားခဲ့ပါတယ်။ မီးသတ်သမား (၃၄၃) ယောက်၊ ရဲတပ်သား အယောက် (၆၀) နဲ့ ဆေးအကူအဖွဲ့က (၈) ယောက်တို့နဲ့ ကယ်ဆယ်ရေးလှုပ်ရှားစဉ်နဲ့ သန့်ရှင်းရေးလုပ်စဉ်တို့မှာ ရခဲ့တဲ့ ဒဏ်တွေကြောင့်လည်း နောက်ပိုင်းမှာ လူအယောက် (၁၀၀) လောက် ထပ်မံသေဆုံးခဲ့ပါတယ်။

ဒုတိယလေယာဉ် ၀င်တိုက်တာကို ရိုက်ကူးထားတဲ့ ဗီဒီယိုတွေထဲကမှ နာမည်အကြီးဆုံး၊ လူသိအများဆုံး ဗီဒီယိုဖိုင်ကိုလည်း စာဖတ်ပရိသတ်တွေအတွက် တစ်ဆက်တည်း ဖော်ပြပေးလိုက်ပါတယ်။

Source : Lad Bible

Penny

SHARE