ကမ္ဘာတစ်လွှားက အထူးဆန်းဆုံး အထူးခြားဆုံးအိမ် (၅) လုံး

The Sun

လူတိုင်းကတော့ မိမိနေထိုင်တဲ့အိမ်ကို စိတ်ကြိုက်ပုံဖော်ချင်ကြတာချည်းပါပဲ။ ငွေကြေးတတ်နိုင်တဲ့လူက ပိုက်ဆံပေးပြီး စိတ်ကူးယဉ်အိမ်တည်ဆောက်တတ်ကြသလို ပညာရှင်များကလည်း မိမိတို့တတ်ကျွမ်းတဲ့ပညာရပ်တွေသုံးပြီး အိမ်လေးကိုဖန်တီးတတ်ကြပါတယ်။

အခုဖော်ပြပေးမယ့်အိမ်လေးတွေကတော့ သာမန်မြင်တွေ့နေကျအိမ်မျိုးတွေမဟုတ်ဘဲ ကမ္ဘာနဲ့ချီအောင် ထူးခြားမှုတွေနဲ့ပြည့်နှက်နေတဲ့ အိမ်တွေလို့ဆိုရလောက်အောင် ထူးဆန်းတဲ့အိမ်မျိုးလေးတွေဖြစ်ပါတယ်။

(၁) ဘီလီယံနာဆယ်ကျော်သက်လေးရဲ့ တိရိစ္ဆာန်ရုံအိမ်

The Sun

Rashed Belhasa ဟာ ဒူဘိုင်းမှာတည်ရှိနေတဲ့ The Private Zoo အမည်ရှိ အိမ်ရဲ့ ပိုင်ရှင်ဖြစ်ပါတယ်။

The Sun

ဆော်ဒီအာရေးဗျနိုင်ငံရဲ့ အောင်မြင်ကျော်ကြားတဲ့ ဆောက်လုပ်ရေးလုပ်ငန်းပိုင်ရှင်တစ်ဦးရဲ့ သားဖြစ်သူရဲ့စိတ်ကူးကတော့ ကိုယ်ပိုင်တိရိစ္ဆာန်ရုံပိုင်ဆိုင်ဖို့ပဲဖြစ်ပါတယ်။ ဒါကြောင့် ဖခင်မှအလိုလိုက်ကာ Rashed ရဲ့အလိုကို ဖြည့်ဆည်းပေးခဲ့တာ အခုဆိုရင် တိရိစ္ဆာန်ပေါင်း (၅၀၀) လောက်နီးပါးရှိနေပြီဖြစ်ပါတယ်။ တိရိစ္ဆာန်လေးတွေကို သူ့စိတ်ကြိုက် brand တွေဖြစ်တဲ့ Versace, Armani, Dior စသည်ဖြင့်နာမည်ပေးထားပြီး အိမ်သို့လာလည်ခဲ့ကြတဲ့ ကမ္ဘာကျော်အနုပညာရှင်များစွာလည်းရှပါသေးတယ်။

The Sun
The Sun

(၂) မားစ်ဂြိုလ်အတိုင်းတည်ဆောက်ထားတဲ့အိမ်

The Sun

Mars Desert Research Station လို့ အမည်ပေးထားတဲ့ ဂြိုလ်ပုံစံတူမြေနေရာမှာ သုတေသနဌာနပုံစံမျိုး တည်ဆောက်ထားတာပဲဖြစ်ပါတယ်။ ယူတာနိုင်ငံမှာတည်ရှိပြီး သိပ္ပံပညာရှင် (၈) ယောက်ဟာ တကယ့်ဂြိုလ်ပေါ်ရောက်နေသလိုမျိုး လေ့ကျင့်မှုတွေပြုလုပ်ကာ သုတေသနအိမ်ထဲနေထိုင်ကြပါတယ်။

READ
ကမ္ဘာ့အထူးဆန်းဆုံး ဆယ်ကျော်သက်(၁၀)ယောက်
The Sun
The Sun

(၃) ကမ်းခြေဘေးက သဲရဲတိုက်လေး

The Sun

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးရဲ့ ကမ်းခြေပေါ်မှာ Marcio Mizael Matolias ဟာ သဲရဲတိုက်ဆောက်လုပ်ကာ ဘုရင်အဖြစ်နေထိုင်နေခဲ့ပါတယ်။

The Sun

ထူးခြားတာတစ်ခုက သူအပြင်မှာထွက်ထိုင်နေရင် လူတွေဟာ သူ့ကို ပိုက်ဆံလာလာပေးသွားကာ ကန်တော့သွားကတာပဲလို့ Marcio ကဆိုပါတယ်။ အိမ်သာတော့မရှိတဲ့အတွက် အညစ်အကြေးစွန့်ချင်ရင်တော့ ပင်လယ်ထဲမှာပဲ ကိစ္စဖြတ်ရပြီး မိုးရာသီရောက်လို့ ရဲတိုက်လေးပျော်ကျသွားတဲ့အခါ ပြန်ပြုပြင်တာနဲ့တင်တစ်ခါကို (၈) နာရီလောက်ကြာပါတယ်။

The Sun

(၄)  ရေပေါ်စိုက်ခင်းတွေရှိပြီး အိမ်နီးချင်းအဖြစ် ဝေလငါးတွေရှိနေတဲ့ရေထဲကအိမ်

The Sun

ကနေဒါရဲ့ ဗြိတိသျှကိုလမ်ဘီယာမှာရှိတဲ့ Freedom Cove ပိုင်ရှင်တွေကတော့ Wayne Adams နဲ့ Chatherine King တို့ပဲဖြစ်ပါတယ်။

The Sun

အိမ်ပတ်ဝန်းကျင်မှာ လူသက်ရှိဆို ဆယ်မိုင်အကွာမှာပဲရှိပြီး သူတို့နေရာလေးကို များသောအားဖြင့် ဝေလငါးတွေလာလည်လေ့ရှိတယ်လို့ဆိုပါတယ်။

သင်္ဘောတစ်စီးအလေးချိန်ရှိတဲ့ ရေပေါ်စိုက်ခင်းမှာ အိမ်ဆောက်နေနေတာ အခုဆိုရင် (၂၆) နှစ်ကျော်ခဲ့ပြီဖြစ်ပြီး အဆောက်အအုံတွေကိုချစ်ဖို့ကောင်းတဲ့ အရောင်လေးတွေနဲ့သုတ်ခြယ်ထားပါတယ်။ ပန်းချီကားပြခန်းရှိသလို၊ အကခန်းမလည်းရှိပြီး မီးပြတိုက်ငယ်လေးပါသေးတယ်။

READ
(၂၆.၅.၁၈)မှ (၁.၆.၁၈)အတွင်း Shwemom မှ ရွေးချယ်ပေးတဲ့ အဖတ်သင့်ဆုံးဆောင်းပါး (၅)ပုဒ်

စားရေးသောက်ရေးအတွက် အသီးအရွက်တွေစိုက်ကြပြီး အိမ်ထဲမှာရှိတဲ့ ကြမ်းခင်းအပေါက်ထဲကတစ်ခါတစ်ရံ လင်မယားနှစ်ယောက် ငါးမျှားတတ်ကြပါသေးတယ်။

(၅) ပြူတင်းပေါင် (၃၀၄) ပေါက်နဲ့ (၁၀၄) ပေ အမြင့်ရှိတဲ့ သစ်ပင်အိမ်

အရီဇိုးနားပြည်နယ် ပရီစကော့ဒေသမှာတည်ရှိတဲ့ Falcon’s Nest အမည်ရှိ သစ်ပင်အိမ်ကြီမှာတော့ တားရော့ဟောဆရာတွေဖြစ်တဲ့ Ernst နဲ့ Srishti တို့နေထိုင်ကြပါတယ်။

(၁၀၄) ပေအမြင့်ပြီး (၁၀) လွှာရှိတဲ့ ဒီအိမ်ဟာဆိုရင်တော့ ကမ္ဘာပေါ်မှာရှိတဲ့ မိသားစုတစ်စုပိုင်အိမ်များထဲ အမြင့်ဆုံးအိမ်ပဲဖြစ်ပါတယ်။

The Sun
The Sun

Source: The Sun

Penny

SHARE