ကမ္ဘာ့အဆိုးရွားဆုံး ကမ္ဘာ့လှည့်ခရီးသွားများကို နိုင်ငံများအလိုက် ပြုစုထားသောစာရင်း

အခုနောက်ပိုင်းသတင်းတွေမှာ ကမ္ဘာလှည့်ခရီးသွားတွေရဲ့ ဆိုးရွားမှုတွေကို ဖတ်ဖူး၊ ကြားဖူးကြမှာပါ။ နှစ်စဉ်နှစ်တိုင်း နိုင်ငံနဲ့သတ်မှတ်ပြီး အဆိုးရွားဆုံး ကမ္ဘာလှည့်ခရီးသွားများ စာရင်းကို စာရင်းပြုစုနေကျဖြစ်ရာ ၂၀၁၅ ခုနှစ်အတွက် အဆိုးရွားဆုံးအဆင့် (၁) နေရာမှာ ရပ်တည်နေတာကတော့ ပစ္စည်းတွေခိုးတတ်ကြတဲ့ အာဂျင်တီးနားနိုင်ငံဖြစ်ပါတယ်။ သို့ပေမယ့် (၃) နှစ်လောက်အတွင်းမှာတော့ အာဂျင်တီးနားနိုင်ငံဟာ အဆင့် (၁၀) အတွင်းမှာတောင် မဝင်တော့ဘဲ အများကြီးပြောင်းလဲသွားခဲ့ပါပြီ။

၂၀၁၈ ခုနှစ်အတွက် အဆိုးရွားဆုံးကမ္ဘာလှည့်ခရီးသွားများ စာရင်းကို Hotels.com မှ ထုတ်ပြန်ခဲ့ပါတယ်။

(၁) တရုတ်လူမျိုးများ

လေဆိပ်မှာ ဗရုတ်သုတ်ခကျတာတွေ၊ လေယာဉ်ဝန်ထမ်းကို ကိုယ်ထိလက်ရောက် စော်ကားတာတွေ၊ ဟိုတယ်မှာ စည်းကမ်းမရှိ နေထိုင်တာတွေနဲ့ ပန်းခြံတွေနဲ့ အများပြည်သူ အပန်းဖြေနေရာတွေကို ဓာတ်ပုံရိုက်ဖို့ တစ်ခုတည်းအတွက် ဖျက်ဆီးကြတာတွေကို ကြားဖူးကြမယ် ထင်ပါတယ်။

READ
ကလေးတွေကို အိမ်မှုကိစ္စများကူလုပ်ခိုင်းသင့်တဲ့အကြောင်းအရင်းများ
AFP
(၂) ဗြိတိသျှလူမျိုးများ

ဖော်ရွေပြူငှာပြီး အရမ်းကို အလိုက်သတင့်နေတတ်တာ ဗြိတိသျှလူမျိုးတွေဆိုပေမယ့် အရက်ကြောင့်ပဲ အဆိုးရွားဆုံး စာရင်းထဲ ပါခဲ့တာဖြစ်ပါတယ်။ အရက်မူးပြီး သောင်းကျန်းတာတွေ၊ လမ်းမပေါ်ကို ဝတ်လစ်စလစ်နဲ့ ပတ်ပြေးနေတာတွေ ပြုလုပ်ခဲ့ပါတယ်။

AFP
(၃) ဂျာမန်

ဂျာမနီမှာတော့ နေရာတကာ ဘီယာတို့ အရက်တို့ကို ရေလိုသောက်လို့ရပါတယ်။ သို့ပေမယ့် အခြားနိုင်ငံတွေမှာတော့ သူ့နေရာနဲ့သူရှောင်ကျဉ်သင့်တဲ့နေရာတွေ ရှိနေပါတယ်။ ဒါကို အလေးမထားဘဲ လုပ်ချင်တာ လုပ်တတ်သူတွေမို့ အဆင့် (၃) နေရာမှာ ရောက်သွားခဲ့တာပါ။

PoddlesRock/Corbis
(၄) အမေရိကန်

ဘယ်နိုင်ငံကို ရောက်ရောက် ဒေသအလိုက် သင့်လျော်တဲ့ အဝတ်အစားမဝတ်တဲ့အတွက် နိုင်ငံတော်တော်များများရဲ့ဝေဖန်မှုကို ခံနေရပါတယ်။

(၅) အစၥေရးလူမ်ိဳးမာ်း

ရိုင်းစိုင်းပြီး စိတ်မရှည်တာတွေ၊ အသံအရမ်းကျယ်တာတွေနဲ့ မူးယစ်ဆေးမှုတွေကြောင့် အဆင်မပြေဖြစ်ရတဲ့ နိုင်ငံတွေ တော်တော်များခဲ့ပါတယ်။

AFP
(၆) ရုရှား

ရုရှားအများစုဟာ ပြုံးရယ်ခြင်းမရှိဘဲ လူတိုင်းကို မတူသလို မျက်နှာအနေအထားနဲ့ ဆက်ဆံတတ်ကြသူတွေမို့ ဆိုးတယ်လို့ ဆိုကြပြန်ပါတယ်။

READ
အချိန်ကြာလာတာနဲ့အမျှ ကမ္ဘာကြီးပြောင်းလဲပုံကို မြင်ရမယ့် Before and After ဓာတ်ပုံများ

Source: Asia One,  South China Morning Post

Penny

SHARE