ထိမိရုံနဲ့ လူကို သွေးခဲပြီး ဇီဝိန်ကြွေစေမယ့် ကမ္ဘာ့အဆိပ်အပြင်းဆုံး ခူကောင်

ခူကောင်တွေဟာ များသောအားဖြင့် တွားသွားတတ်ကြပါတယ်။ လူအများစုကတော့ ခူကောင် သို့မဟုတ် ပေါက်ဖတ်တွေဟာ အန္တရာယ်မရှိဘူးလို့ ယူဆကြပါတယ်။ ဒါပေမယ့် ဘရာဇီးနိုင်ငံမှာ တွေ့ရတဲ့ Lonomia obliqua အမည်ရှိတဲ့ ခူကောင်ကတော့ ထိလိုက်မိရုံနဲ့ လူတစ်ယောက်လုံးကို သွေးတွေခဲပြီး သေစေတဲ့အထိ အန္တရာယ်ပေးနိုင်ပါတယ်။

၎င်းခူကောင်ရဲ့ ကိုယ်လုံးဟာ သစ်ပင်အသေးစားလေးတွေနဲ့ တူပါတယ်။ ခူကောင်ပေါ်မှာရှိတဲ့ ဆူးချွန်အခက်လေးတွေမှာတော့ အဆိပ်တွေနဲ့ ပြည့်နေပါတယ်။ လူရဲ့ သွေးကြောထဲ ၄င်းအဆိပ်ရောက်သွားတာနဲ့ သွေးကြောထဲက သွေးတွေဟာ ခဲသွားပါတယ်။ Lonomia obliqua တွေနဲ့ ပတ်သက်လို့ သတင်းကောင်းတစ်ခုက ခူကောင်တစ်ကောင်တစ်လေကို ထိတွေ့မိရင် ဘာမှအန္တရာယ်မရှိပါဘူး။

elitereaders

ဒါပေမယ့် သတင်းဆိုးတစ်ခုက Lonomia obliqua ခူကောင်တွေကို တွေ့ရရင်လည်း ဘယ်တော့မှ တစ်ကောင်တည်း မတွေ့ရပါဘူး။ အုံနဲ့ကျင်းနဲ့ တွေ့ရတတ်ပါတယ်။ ဒီမှာတင် ပြဿနာက စလာတော့တာပါပဲ။ တပြွတ်ကြီးရှိနေတဲ့ Lonomia obliqua တွေနဲ့ ထိတွေ့မိတဲ့အခါ သူတို့တွေရဲ့ အဆိပ်တွေက ခန္ဓာကိုယ်သွေးကြောတွေထဲ ၀င်သွားပြီး အတွင်းပိုင်းသွေးယိုစိမ့်ပြီး သွေးခဲတာတွေ ဖြစ်လာတာပါ။

READ
ဘီလီယံဒေါ်လာ (၁) သန်းတန် ဧရာမဇိမ်ခံသင်္ဘောကြီးနောက်ကွယ်က လျှို့ဝှက်ချက်များ

ပိုဆိုးတာက ၄င်းခူကောင်တွေနဲ့ ထိတွေ့မိတဲ့သူဟာလည်း ဗဟုသုတမရှိခဲ့ရင် ဘာဖြစ်လို့ ဖြစ်မှန်းမသိမှန်း သေဆုံးရတာပါ။ ခူကောင်ဆူးစူးခံရတဲ့အခါ ဖူးယောင်လာတာ၊ နာကျင်တာ၊ ခေါင်းကိုက်တာနဲ့ အော့အန်တာတွေ ဖြစ်တတ်ပါတယ်။ တစ်ရက်နှစ်ရက်ကြာတဲ့အခါမှာတော့ ခူဆူးက အဆိပ်ကြောင့် ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ သွေးကလပ်စည်းတွေဟာ အကုန်ခဲသွားပါတော့တယ်။ ဒီအဖြစ်အပျက်တွေဟာ အတွင်းပိုင်းမှာပဲ ဖြစ်တာကြောင့် ခန္ဓာကိုယ် ပြင်ပမှာတော့ လက္ခဏာတစ်စုံတစ်ရာ တွေ့ရမှာမဟုတ်ပါဘူး။ Lonomia obliqua ခူကောင်တွေရဲ့ အန္တရာယ်ကို ကာကွယ်နိုင်တဲ့ ဖြေဆေးကိုတော့ ယနေ့တိုင် ရှာဖွေ စမ်းသပ်နေဆဲဖြစ်ကြောင်း သိရပါတယ်။

လင်းလင်း (ShweMom)

Ref: elitereaders

SHARE