(၇)လ အတွင်း ပေါင်(၂၀၀) ကျော် ၀ိတ်လျှော့နိုင်ခဲ့တဲ့ ကမ္ဘာ့အ၀ဆုံး ဆယ်ကျော်သက်

လွန်ခဲ့တဲ့ (၇) လတုန်းက ကမ္ဘာ့အ၀ဆုံး ဆယ်ကျော်သက်လေးဟာ အလေးချိန်ပေါင်(၅၂၂) ပေါင်လောက် ရှိခဲ့ပါတယ်။ ဒါပေမယ့် ကလေးဟာ အစာအိမ်ကို  ပြုပြင်ကုသပြီးနောက်ပိုင်းမှာ ပေါင်(၂၀၀) လောက် အလေးချိန်လျော့ကျသွားခဲ့တာ ဖြစ်ပါတယ်။ အသက်(၁၄) နှစ်အရွယ် မီဟီးဂျိန်းဆိုသူ ကောင်လေးဟာ ငယ်စဉ်ကတည်းက အမြန်စာ အစားအသောက်တွေနဲ့ အချိုရည်တွေကို အဓိက အစားအသောက်အဖြစ် စားသောက်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် အခုအခါ အစာအိမ်ပြုပြင်ပြီးနောက်ပိုင်းမှာ ကလေးဟာ ပေါင်(၂၀၀) ကျော် ကိုယ်အလေးချိန်လျော့ချနိုင်ခဲ့ပြီး အခုဆိုရင်တော့ ပေါင်(၃၀၀) လောက်ပဲ ရှိပါတော့တယ်။

(Image: Cover Asia Press)

အရင်က အသက်ရှူမ၀၊ လမ်းသွားရင်တောင် အထောက်အကူမပါပဲ မသွားနိုင်ခဲ့တဲ့ မီဟီးက အခုဆိုရင် ၀ိတ်တွေကျသွားတဲ့အတွက် “ကျွန်တော်အခုဆို နေလို့ထိုင်လို့ အရမ်းကောင်းပါတယ်။ ဒီလောက်ထိ ၀ိတ်ကျလိမ့်မယ်လို့ ကျွန်တော် မယုံနိုင်ဘူး။ ကျွန်တော့်အတွက် တော်တော်လေး ခက်ခဲပင်ပန်းခဲ့ပေမယ့် ရလဒ်ကတော့ ကောင်းခဲ့ပါတယ်။” လို့ ဆိုပါတယ်။

READ
မြင်လိုက်တာနဲ့ အံ့သြဘနန်းဖြစ်သွားရမယ့် ထူးခြားဆန်းပြား ဓာတ်လှေကားများ
(Image: Tanzeel Ur Rehman / Cover Asia Press)

မီဟီးဟာ မွေးဖွားစဉ်မှာ သာမန်ကလေးတွေ နည်းတူ (၅) ပေါင် (၅) အောင်စသာ ကိုယ်အလေးချိန် ရှိခဲ့ပါတယ်။ ဒါပေမယ့် သူအသက် (၅) နှစ်လောက် ရောက်လာတဲ့အခါမှာ မီဟီးရဲ့ ကိုယ်အလေးချိန်ဟာ (၁၆၈) ပေါင်နီးနီး ရှိလာခဲ့ပါတယ်။ မိခင်ဖြစ်သူ ပူဂျာကတော့ ကလေးအသက်(၅) နှစ်မှာကတည်းက ဆရာဝန်က မီဟီးဟာ အ၀လွန်နေပြီး ခွဲစိတ်ကုသဖို့လိုအပ်တယ်လို့ ပြောခဲ့ကြောင်း ဆိုပါတယ်။ အ၀လွန်တဲ့အတွက် ကျောင်းလည်း မတက်နိုင်တော့ပဲ အိမ်မှာပဲ စသင်ခဲ့ရပါတယ်။ များသောအားဖြင့် မီဟီးစားတဲ့ အစားအသောက်တွေဟာ မလိုင်ပြည့်နွားနို့တွေ၊ အာလူးကြော်တွေ၊ ရေခဲမုန့်တွေနဲ့ အချိုရည်တွေသာ ဖြစ်ခဲ့ပါတယ်။

(Image: Tanzeel Ur Rehman / Cover Asia Press)

ပူဂျာက “ကလေးက တစ်ချိန်လုံး တစ်နေရာထဲမှာ ထိုင်နေရတာကို အရမ်းစိတ်တိုတာ။ သူနဲ့ ရွယ်တူ ကလေးတွေကတော့ အပြင်တွေ လျှောက်သွား၊ သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းနေတဲ့အချိန် သူကတော့ တစ်နေရာထဲမှာပဲ ထိုင်နေရတော့ စိတ်တိုတာပေါ့။” လို့ပြောပြပါတယ်။ (၂၀၁၃) ခုနှစ်မှာတော့ မီဟီးရဲ့ မိဘတွေဟာ ဒေလီမှာရှိတဲ့ ဆေးရုံဆီ သားဖြစ်သူကို ခေါ်သွားပြဖို့ စီစဉ်ခဲ့ပါသေးတယ်။ ဒါပေမယ့် အဆင်မပြေပဲ နောက်ထပ်(၅) နှစ်အကြာမှ ထပ်ပြီး ဆေးရုံပြဖြစ်ခဲ့ပါတယ်။

READ
အမှန်တကယ် ကြိုးစားသူအတွက် ကူညီသူ အဆင်သင့်ရှိနေကြောင်း သက်သေပြနေတဲ့ဖြစ်ရပ်
(Image: Tanzeel Ur Rehman / Cover Asia Press)

ထိုအချိန်မှာတော့ မီဟီဟာ ပေါင်(၅၀၀) ကျော်ဖြစ်နေပါပြီ။ အ၀လွန်နေတဲ့အပြင် ကလေးမှာ ဆီးချိုရောဂါ၊ အသက်ရှူမ၀တဲ့ရောဂါနဲ့ သွေးတိုးရောဂါတွေကိုပါ ခံစားနေရပါပြီ။ ဆရာဝန်ဟာ မီဟီးရဲ့ အစာအိမ်အထက်ပိုင်းကို ဆီလီကွန်စည်းကြိုးလေးတစ်ခုတပ်ပြီး အစာအိမ်ကို ချုံ့ပစ်ကာ ခွဲစိတ်ကုသပေးခဲ့ပါတယ်။ တီဗီကြည့်တာနဲ့ ဂိမ်းကစားတာကိုလည်း သဘောကျတဲ့ မီဟီးက “ကျွန်တော်က ဆရာဝန် ခိုင်းတဲ့အတိုင်း လုပ်မှာပါ။ ကိုယ်တိုင် အစားအသောက် ဆင်ခြင်ရင်း ၀ိတ်ချနိုင်တော့ ကျွန်တော် ရှေ့ဆက်သွားဖို့ ခွန်အားအများကြီး ဖြစ်ပါတယ်။” လို့ ဆိုပါတယ်။

(Image: Tanzeel Ur Rehman / Cover Asia Press)

လင်းလင်း (ShweMom)

Ref: mirror

SHARE