နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့က ကမ္ဘာ့ပထမဦးဆုံး ကြောင်သင်္ဘောလေး

[email protected]

ကြောင်လေးတွေဆိုတာ ဒီကမ္ဘာပေါ်မှာ လူတွေအချစ်ဆုံး အိမ်မွေးတိရစ္ဆာန်လေးတွေ ဖြစ်သလို လူတွေအပေါ် ပွတ်သီးပွတ်သပ် အလုပ်နိုင်ဆုံး ကောင်လေးတွေပါပဲ။ အခုပြောချင်တဲ့အကြောင်းကတော့ ကြောင်ချစ်သူတွေအတွက် လုံးဝနိဗ္ဗာန်ဘုံလို ဖြစ်စေမယ့် နေရာလေးတစ်ခုပါ။ အဲဒီနေရာလေးကတော့ နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့မှာ တည်ရှိတဲ့ ကမ္ဘာ့ပထမဦးဆုံး ကြောင်သဘောင်္လေးပဲ ဖြစ်ပါတယ်။

depoezenboot.amsterdam

ကြောင်ကလေးတွေ တော်တော်များများကတော့ ရေကြောက်တက်ကြပေမယ့် ဒီသဘောင်္ပေါ်ကနေ ကြောင်ကလေးတွေ ရေထဲ ပြုတ်ကျမသွားနိုင်ဖို့အတွက် သေသေချာချာ ပိတ်ထားပါတယ်။ ဒီသင်္ဘောလေးကိုတော့ Volunteer (၂၅) ဦးကပဲ သေသေချာချာ ကြည့်ရှု့စောင့်ရှောက်ပေးပါတယ်။

depoezenboot.amsterdam
depoezenboot.amsterdam

ဒီသင်္ဘောလေးထဲမှာတော့ လက်ရှိအချိန်ထိ ကြောင်ကောင်ရေ (၅၀) နဲ့အထက်ရှိပြီး လမ်းပေါ်မှာ လျှောက်သွားနေတဲ့ ကြောင်ကလေးတွေ၊ ပိုင်ရှင်တွေက မမွေးချင်လို့ စွန့်ပစ်လိုက်တဲ့ ကြောင်ကလေးတွေကို အဓိကထားပြီး  ကယ်ဆယ်စောင့်ရှောက်ပေးတာ ဖြစ်ပါတယ်။

READ
ငိုက်မျည်းနေစဉ် ကိုယ်ထိလက်ရောက်စော်ကားသူနဲ့ကြုံခဲ့ရတဲ့ Dangal မင်းသမီးလေး
depoezenboot.amsterdam

ဒီသင်္ဘောလေးကိုတော့ ၁၉၆၆ ခုနှစ်တုန်းက နာမည်ကြီး ကြောင်ချစ်သူအမျိုးသမီးဖြစ်တဲ့ Henriette van Weelde ကို ရည်စူးပြီး Volunteer တွေက တည်ထောင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီသင်္ဘောလေးပေါ်က ကြောင်ကလေးတွေရဲ့ စားရေးသောက်ရေးကတော့ လှူဒါန်းတဲ့ ငွေတွေနဲ့ပဲ နေ့စဉ်ဖြေရှင်းနေရကြောင်း သိရပါတယ်။

depoezenboot.amsterdam
depoezenboot.amsterdam

“ အခုလက်ရှိမှာတော့ နာရီအပိုင်းအခြားနဲ့ပဲ သင်္ဘောလေးကို အများပြည်သူတွေ လာရောက်ကြည့်ရှု့နိုင်အောင် ဖွင့်ထားပေးပါတယ်။ အခုလက်ရှိ တစ်ကမ္ဘာလုံးမှာ ဖြစ်ပွားနေတဲ့ COVID 19 ကူးစက်ရောဂါကြီး ပြီးတော့မှပဲ အချိန်ပြည့်ဖွင့်ထားနိုင်မှာပါ” လို့ Volunteer တစ်ဦးက ပြောကြားခဲ့ပါတယ်။

 

 

View this post on Instagram

 

Onze mooie dame achter het glas… (picture taken by: @mmuheisen) #depoezenboot #thecatboat #kat #cat #amsterdam

A post shared by De Poezenboot (@depoezenboot.amsterdam) on

depoezenboot.amsterdam

Pyi Hein Kyaw

SHARE