လန်ဒန်က ကမ္ဘာ့ပထမဆုံး ထူးထူးခြားခြား ချိစ် စားသောက်ဆိုင်လေး

Instagram/thecheesebarldn

လန်ဒန်မြို့မှာ ချိစ်နဲ့ ၀ိုင်ချစ်သူတွေအတွက် ရွေ့လျားစက်ခါးပတ်ပေါ်က ချိစ်တွေကို စိတ်ကြိုက် သုံးဆောင်နိုင်မယ့် စားသောက်ဆိုင်တစ်ဆိုင်ကို ဖွင့်လှစ်ခဲ့ကြောင်း CNN သတင်းအရ သိရပါတယ်။ ဆိုင်နာမည်ကတော့ Pick & Cheese လို့ ဆိုပါတယ်။

Instagram/thecheesebarldn

Pick & Cheese ဟာ မီတာ(၄၀) ရွေ့လျားစက်ခါးပတ်ပေါ်မှာ ချိစ်အမျိုးမျိုးကို ပြသထားမှာဖြစ်လို့ စားသုံးသူတွေအနေနဲ့ မိမိကြိုက်နှစ်သက်ရာ ချိစ်ကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ စက်ခါးပတ်ပေါ်မှာတော့ အင်္ဂလန်တလွှား စားသောက်ကြတဲ့ ချိစ်အမျိုးအစားပေါင်း (၂၅) မျိုးထက် မနည်းပါဝင်မယ်လို့ သိရပါတယ်။

Instagram/thecheesebarldn

Red Leicester ၊ Yorkshire Pecorino နဲ့ Cornish Gouda စတဲ့ ချိစ်တွေကိုတော့ အထူးရွေးချယ်ထားတဲ့ တွဲဖက်ပစ္စည်းတွေနဲ့ တည်ခင်းဧည့်ခံမှာ ဖြစ်ပါတယ်။ ရွေ့လျားစက်ပေါ်မှာတင်ထားတဲ့ ချိစ်တွေရဲ့ ဈေးနှုန်းကိုတော့ အရောင်တွေနဲ့ တစ်ခါတည်း ဈေးသတ်မှတ်ပေးထားပါတယ်။ ဒါမှမဟုတ်လည်း စားသုံးသူက cheese flight ကို မှာယူမယ်ဆိုလည်း မှာနိုင်ပါတယ်။ Chesse flight မှာတော့ ကိုယ်ကြိုက်နှစ်သက်ရာချိစ်နဲ့ အသီး၊ ပေါင်မုန့် သို့မဟုတ် ခရက်ကာတွေနဲ့အတူ ချိစ်နဲ့အလိုက်ဖက်ဆုံး ၀ိုင်ကိုပါ တစ်ပါတည်း ပြင်ဆင်ပေးသွားမှာ ဖြစ်ပါတယ်။

READ
(၂၀၁၉) ခုနှစ်အတွက် ခရီးသွားလာရန်မသင့်တဲ့ ကမ္ဘာ့အန္တရာယ်အများဆုံးနိုင်ငံများ
Instagram/thecheesebarldn

ရွေ့လျားစက်ပေါ်မှာ ပြေးနေတဲ့ ချိစ်ပွဲတွေအပြင် ချိစ်ကို ကင်ထည့်ထားတဲ့ ပေါင်မုန့်ညှပ်တွေလည်း ရနိုင်ပါသေးတယ်။  Pick & Cheese ဟာ လန်ဒန် Camden ဈေးထဲက Cheese Bar ရဲ့ ဆိုင်ခွဲတစ်ခုလည်း ဖြစ်တာကြောင့် သူ့မှာ အကောင်းဆုံးဆိုတဲ့ ၀ိုင်တွေလည်း ရနိုင်ပါသေးတယ်။

 

Cheese Bar ကိုတည်ထောင်သူတစ်ဦးဖြစ်တဲ့ Matthew Carver ကတော့ ဗြိတိသျှချိစ်တစ်ပန်းကန်နဲ့ သောက်စရာကောင်းကောင်းလေးအလိုရှိတယ်ဆိုရင်၊ ဒါမှမဟုတ်လဲ cheese flight အတွဲအစပ် ထူးထူးခြားခြားလေး လိုချင်တယ်ဆိုရင်တော့ Pick & Cheese ဆီသာ ၀င်လာခဲ့ကြဖို့ ဖိတ်ခေါ်ထားပါသေးတယ်။ အခုဖော်ပြပေးသွားတာကတော့ ချိစ်တွေကို ရွေ့လျားစက်ခါးပတ်နဲ့ တည်ခင်းဧည့်ခံပေးနေတဲ့ ကမ္ဘာ့ပထမဆုံးချိစ် စားသောက်ဆိုင်လေးပဲ ဖြစ်ပါတယ်။

READ
သွားလည်ဖူးချင်စရာကောင်းလှတဲ့ ပါတာဂွန်နီယာမှ စကျင်ကျောက်လိုဏ်ဂူများ

လင်းလင်း (ShweMom)

 

SHARE