ကမ္ဘာ့ပထမဆုံး ဒူးရင်းသီးအရက်ကို မလေးရှားမှာ စတင်ထုတ်လုပ်

ဒူးရင်းသီးဆိုရင် ဒူးရင်သီးနဲ့ ပြုလုပ်ထားတဲ့ ကိတ်မုန့်၊ ရေခဲမုန့်၊ ခေါင်းအုံးမုန့် စသဖြင့် ဒူးရင်းသီး ချစ်သူတွေအတွက် ဒူးရင်းသီး စားသောက်ဖွယ်ရာတွေ များစွာ ရှိတာ သိကြပြီးဖြစ်မှာပါ။ ဒီတစ်ခါမှာတော့ ဒူးရင်းသီး အရက်အတွက် အသင့်ပြင်ထားလိုက်ကြပါတော့။ Tropical Wine Sdn Bhd အမည်ရ မလေးရှားကုမ္ပဏီက ပြီးခဲ့တဲ့ (၂၀၁၇) ဇွန်လမှာ ဒူးရင်းသီး အရက်ကို ကမ္ဘာ့ပထမဆုံးအနေနဲ့ ထုတ်လုပ်ပြီး ဒူးရင်းသီးချစ်သူတွေရဲ့ အာရုံတွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။

Dorian-Inside

ကျွန်တော်တို့ တော်တော်များများ စဉ်းစားမိဖူးကြမှာ မဟုတ်တဲ့ ဒူးရင်းသီးအရက်ဟာဆိုရင် (၂၀၁၈) စက်တင်ဘာ(၁၀)ရက်နေ့ကစလို့ မလေးရှားနိုင်ငံအပြင် တရုတ်နိုင်ငံကို စတင် တင်ပို့ခဲ့ပြီး တရုတ်နိုင်ငံသားတွေရဲ့ မှတ်ချက်တွေအရဆိုရင်တော့ ဒူးရင်းသီးအရက်ရဲ့ အရသာနဲ့ အရည်အသွေးက အတော်ကို ကောင်းတယ်လို့ သိရပါတယ်။ အဆိုပါအရက်ရဲ့ နာမည်ကတော့ Dorian-Inside လို့ ခေါ်ပါတယ်။ အယ်လ်ကိုဟော (၁၈)ရာခိုင်နှုန်းခန့်လည်း ပါဝင်ပါတယ်။

READ
Tattoo ထိုးခြင်းရဲ့နောက်ကွယ်က လေးနက်တဲ့အကြောင်းအရင်းလေးတွေ ... ...
Dorian-Inside

မလေးရှားနိုင်ငံနဲ့ တရုတ်နိုင်ငံမှာ စတင်ဖြန့်ချိနေတဲ့ ဒူးရင်းသီးအရက်ဟာ မလေးရှားရဲ့ စံချိန်တင် စာအုပ်မှာ ကမ္ဘာ့ပထမဆုံး ဒူးရင်းသီးအရက် ထုတ်လုပ်ခြင်းအဖြစ် စံချိန်ဝင်သွားခဲ့ပါတယ်။ Tropical Wine Sdn Bhd တရားဝင်ဝက်ဘ်ဆိုဒ်က ဖော်ပြထားချက်အရ Dorian-Inside အရက်ကို ထုတ်လုပ်ဖို့ အယ်လ်ကိုဟောထုတ်လုပ်ခြင်း အဆင့်မြင့်နည်းပညာကို အသုံးပြုကာ ထုတ်လုပ်ထားတာဖြစ်ပြီး ဒူးရင်းသီးအသား (၁၀၀) ရာခိုင်နှုန်းမှ ကျိုချက်ထားတာဖြစ်ပါတယ်။

Dorian-Inside

ဒူးရင်းသီးအရက်ရဲ့ ပါဝင်ပစ္စည်းတွေကတော့ Musang King ဒူးရင်းသီးအသား၊ အီသနောနဲ့ သကြားတို့ဖြစ်ပါတယ်။ ဒူးရင်းသီးဟာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝပြီး ရောဂါခုခံနိုင်စွမ်း၊ အစာချေဖျက်နိုင်စွမ်းတို့ကို မြှင့်တင်ပေးတဲ့အပြင် သွေးအားနည်းရောဂါ၊ အိပ်မပျော်တဲ့ရောဂါနဲ့ စိတ်ကျရောဂါတို့ကိုလည်း ကာကွယ်ပေးပါတယ်။ ဒါကြောင့် ဒူးရင်းသီးအရက်ကို ဆေးဖြစ်ဝါးဖြစ် သောက်သုံးပေးမယ်ဆိုရင် ကျန်းမာရေးအတွက် ပိုတောင် ကောင်းနိုင်စေဦးမယ်လို့တော့ ခန့်မှန်းရပါတယ်။

Dorian-Inside
Dorian-Inside

Ref: World of Buzz

SHARE