ကမ္ဘာ့ပထမဆုံး ကွေးလို့ရတဲ့ စမတ်ဖုန်းအမျိုးအစား တရုတ်မှာ ထွက်ရှိ

တရုတ်နိုင်ငံ Shenzhen အခြေစိုက် ကုမ္ပဏီ Royole ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ တုန်းက ကမ္ဘာ့ပထမဆုံးလို့ ပြောလို့ရမယ့် ကွေးခေါက်နိုင်တဲ့ စမတ်ဖုန်းကို ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။ FlexPai လို့ အမည်ပေးထားတဲ့ အဆိုပါ ဖုန်းအမျိုးအစားဟာ မျက်နှာပြင်အရွယ်အစား ၇.၈ လက်မရှိပြီး အလွန်ပါးလွှာတဲ့ ထုထည်ရှိပါတယ်။

Royole

ဖုန်းရဲ့ မျက်နှာပြင်ကို အလယ်နားကနေ ထက်ဝက်ကွေးခေါက်ချနိုင်ပြီး iPhone X ရဲ့ OLED မျက်နှာပြင်ထက်တောင် ပိုမို ပါးလွှာပေါ့ပါးပါတယ်။ Royole ကုမ္ပဏီရဲ့ အဓိက ထုတ်ကုန်ဖြစ်လာခဲ့တဲ့ Tablet ဆိုဒ်အရွယ်ရှိ ထိုစမတ်ဖုန်းဟာ ကွေးထားရာမှ ပြန်ဖြန့်လိုက်တဲ့အခါမှာလည်း ကွန်ပြူတာတွေလိုပဲ screen ၂ ခြမ်းခွဲပြီး ဆက်အသုံးပြုနိုင်ပါတယ်။

Royole

အခုဆို FlexPai ကို တရုတ်မိုဘိုင်းဈေးကွက်မှာ ဖြန့်ချိနေပြီဖြစ်ပြီး ဈေးနှုန်းကတော့ ၈,၉၉၉ ယွမ် (ဒေါ်လာ ၁,၃၀၀) ကနေ စတယ်လို့ သိရပါတယ်။ Storage အနေနဲ့က 128GB ပါဝင်ပြီး ဒေါ်လာ ၁၅၀ လောက် ထပ်သုံးနိုင်မယ်ဆိုရင်တော့ ထို storage ရဲ့ ၂ ဆ ရနိုင်မှာဖြစ်ပြီး RAM လည်း 8GB အထိ ပါရှိမှာ ဖြစ်ပါတယ်။

READ
2050ခုနှစ်တွင်အိမ်မှုကိစ္စများကို စက်ရုပ်များကလုပ်ပေးနိုင်တော့မည်
Royole

အခြား feature တွေကတော့ processor ကို eight-core Qualcomm Snapdragon processor သုံးထားပါတယ်။ Screen တစ်ခုလုံးကို ဖြန့်ထားတဲ့အခါ Display resolution 1920 x 1440 ရှိပြီး ဘက်ထရီပါဝါက 3,800 mAh ရှိပါတယ်။ မော်ဒယ်ကတော့ ၂ မျိုးရှိပြီး consumer model နဲ့ developer version ဆိုပြီး ထွက်ထားပါတယ်။ ၂ မျိုးလုံးကိုလည်း Royole ရဲ့ တရားဝင် ဝက်ဘ်ဆိုဒ်မှာ မှာယူနေနိုင်ပြီဖြစ်ပါတယ်။

Royole

FlexPai ထွက်ရှိလာခြင်းကတော့ hardware ပိုင်းရဲ့ နောက်ဆုံးပေါ် တီထွင်ဆန်းသစ်မှုတစ်ခု ဖြစ်သွားပါတယ်။ ကုမ္ပဏီကတော့ သူတို့ရဲ့ ယခုထုတ်လုပ်လိုက်တဲ့ ဖုန်းဟာ အကြိမ်ပေါင်း ၂ သိန်း ကွေးခေါက်လို့ ရတယ်လို့ ပြောထားပါတယ်။ (အကြိမ် ၂ သိန်းထက် ကျော်သွားရင် ဘာဖြစ်မလဲဆိုတာတော့ မရှင်းသွားသေးပါဘူး။)

Royole

Ref: CGTN, The Verge

SHARE