အာကာသထဲ လူတွေတည်းခိုနေနိုင်တော့မယ့် ကမ္ဘာ့ပထမဆုံးအာကာသဟိုတယ်

gatewayspaceport

ကမ္ဘာမြေပေါ်မှာ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ၊ ဘားနဲ့ ရုပ်ရှင်ရုံတွေရှိတဲ့ နည်းတူ အာကာသထဲမှာလည်း လူအယောက် (၄၀၀) တည်းခိုနိုင်တဲ့ အာကာသစခန်းတစ်ခုကို တည်ဆောက်မှာဖြစ်ကြောင်း news.com.au သတင်းဝက်ဆိုက်ဒ်အရ သိရပါတယ်။ ၄င်းအာကာစခန်းကိုတော့ The Gateway Foundation မှ ဒီဇိုင်းတီထွင်ထားတာ ဖြစ်ပါတယ်။

gatewayspaceport

၎င်းကို Von Braun Space Station လို့ အမည်ပေးထားပါတယ်။ Von Braun ကို International Space Station (ISS) ကိုတည်ဆောက်ခဲ့တဲ့ နည်းပညာကိုပဲ အသုံးပြုမှာ ဖြစ်ပါတယ်။ ISS ဟာ အဓိကအားဖြင့် သိပ္ပံနည်းကျ စမ်းသပ်ချက်တွေပြုလုပ်တဲ့ အာကာသစခန်းဖြစ်ပေမယ့် Von Braun ကတော့ အာကာသထဲ လည်ပတ်သွားလာနေတဲ့ ဇိမ်ခံသင်္ဘော ပုံစံမျိုးသက်သက်သာ ဖြစ်ပါတယ်။ Von Braun ထဲမှာ ပညာရေးဆိုင်ရာ ဆွေးနွေးပွဲတွေပြုလုပ်နိုင်တဲ့အပြင် အပန်းဖြေပုံစံသက်သက်နဲ့ တည်းခိုနေထိုင်နိုင်ကာ အတွင်းမှာ ကော့တေးဘားတွေလည်း ထားရှိမှာ ဖြစ်ပါတယ်။

READ
ထိပ်ပြောင်ခြင်းကို ကုသနိုင်မယ့်နည်းလမ်းကို သိပ္ပံပညာရှင်တွေ မတော်တဆတွေ့ရှိထား
gatewayspaceport

နောက်တစ်ချက် ISS နဲ့ မတူတဲ့အချက်ကတော့ Von Braun အာကာသစခန်းတဖြစ်လဲ အာကာသဟိုတယ်ထဲမှာ ကမ္ဘာ့မြေဆွဲအားအတုကို ဖန်တီးထားတာဖြစ်လို့ ဧည့်သည်တွေဟာ ကမ္ဘာမြေပေါ်မှာလိုပဲ လမ်းလျှောက်နိုင်မှာ ဖြစ်ပါတယ်။ ဟိုတယ်ဟာ လှည်းဘီးပုံသဏ္ဍာန်အတိုင်း အချင်းမီတာ (၁၉၀) ရှိပါတယ်။ လှည်းဘီးပုံသဏ္ဍာန် တည်ဆောက်ထားရတဲ့ အကြောင်းရင်းကတော့ လည်ပတ်ဖို့အတွက်ဖြစ်ပြီး လပေါ်မှာကျရောက်သလို မြေဆွဲအားမျိုးကို ဖန်တီးဖို့အတွက် ဖြစ်ပါတယ်။ Von Braun  အတွင်းမှာတော့ လူအိပ်လို့ရတဲ့ အခန်းလေး (၂၄) ခန်း ပါဝင်မှာ ဖြစ်ပါတယ်။

gatewayspaceport

အခန်းတွေကိုတော့ နူးညံ့နွေးထွေးတဲ့ အရောင်တွေနဲ့ ခြယ်သထားပါတယ်။ Von Braun အာကာသစခန်းဟိုတယ်ကို (၂၀၂၅) ခုနှစ်မှာ ဖွင့်လှစ်ဖို့ စီစဉ်နေပါတယ်။ ဖွင့်လှစ်ပြီးတဲ့အခါမှာတော့ ၄င်းအာကာသစခန်းဟာ တစ်ပတ်ကို လူပေါင်း (၁၀၀) လက်ခံနိုင်မှာဖြစ်ပြီး အောင်မြင်ရင်တော့ ဒီထက်ပိုကြီးမားပြီး လူပေါင်း(၁,၄၀၀) ဆန့်ဝင်နေထိုင်နိုင်တဲ့ ဟိုတယ်ကြီးကို ထပ်မံ တည်ဆောက်မည်ဖြစ်ကြောင်း သိရပါတယ်။

READ
မိသားစုထဲမှာအငယ်တွေဟာ ပြဿနာပိုရှာတတ်သူတွေဖြစ်ကြောင်းတွေ့ရှိရ
gatewayspaceport

လင်းလင်း (ShweMom)

SHARE