လွန်ခဲ့တဲ့၂၅နှစ်က စတင်ပေါ်ပေါက်ခဲ့တဲ့ ကမ္ဘာ့ပထမဆုံး SMS

ဒီဇင်ဘာ(၃)ရက်နေ့ဟာဆိုရင် လူတွေအချင်းချင်း တစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်ဖို့ SMS ပေးပို့ခဲ့ကြတာ (၂၅)နှစ်မြောက်ရှိပြီဖြစ်ပါတယ်။ ပထမဆုံး SMS ကိုတော့ စစ်ဆေးရေးအင်ဂျင်နီယာဖြစ်သူ Neil Papworth က ၁၉၉၂ခုနှစ်မှာ စာရိုက်ပြီးစမ်းသပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက အသက်(၂၂)နှစ်ပဲရှိသေးတဲ့ Neil Papworth ဟာ သူအသုံးပြုတဲ့ PC ကနေတဆင့် လုပ်ဖော်ကိုင်ဖက်တစ်ဦးကို ပေးပို့ခဲ့တာပါ။

(Picture: Metro.co.uk)

တက္ကသိုလ်ရဲ့နည်းပညာပိုင်းနဲ့အင်ဂျင်နီယာဌာနက Ms Bruton ကတော့ Sky News ကိုအခုလိုပြောပြခဲ့ပါတယ်။ “…အရင်တုန်းက မိုဘိုင်းဖုန်းတွေကတော့ သာမန်ရိုးကျဖုန်းတွေပါပဲ…နောက်ပိုင်းကျတော့ အသံနဲ့ပဲ စကားပြောဆိုရာကနေ စာပို့တာတွေ…ဖြစ်လာတယ်….အခုနောက်ပိုင်းတော့ မိုဘိုင်းဖုန်းအသုံးပြုတာတွေက ပိုကျယ်ပြန့်လာတယ်လေ…စမတ်ဖုန်းတွေထဲကို applications တွေထောင်နဲ့ချီပြီး ထည့်လာနိုင်တယ်…ဒီလိုမျိုးတွေဖြစ်လာဖို့အတွက် ပထမဆုံး SMS ပို့တာလေးက အခြေခံခဲ့တာပါပဲ…”

(Picture: Wikimedia)

Facebook Messenger နဲ့ WhatsApp လိုမျိုး အွန်လိုင်းအသုံးပြုပြီး စာတွေပို့လို့ရလာတော့ သာမန်ရိုးကျစာရိုက်ပို့တာက နည်းသွားပါတယ်။ Ofcom မှတ်တမ်းအရ ၂၀၁၁ တုန်းက မိုဘိုင်းဖုန်းအသုံးပြုတွေဟာ စာပို့ဆက်သွယ်တဲ့အခါ SMS ပေါင်း သန်း (၁၅၀)ပေးပို့ခဲ့ပေမယ့် ၂၀၁၅ မှာတော့ (၁၀၂)သန်းထိ ကျသွားခဲ့ပါတယ်။ ဒီနှစ်မှာတော့ အင်္ဂလန်ကပညာရှင်တစ်ယောက်ကတော့ app တွေကပေးပို့တဲ့စာတွေ အပါအ၀င် စုစုပေါင်း (၇.၈၉)ထရီလီယံရှိမယ်လို့ခန့်မှန်းထားပါတယ်။ Finland မှ အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ Matti Makkonen ဟာ SMS ပေးပို့တဲ့နည်းပညာကိုတီထွင်ခဲ့သူဖြစ်ပြီး ၂၀၁၅ တုန်းက ကွယ်လွန်ခဲ့ပါတယ်။

READ
အစားအစာတွေကို ပန်းကန်နဲ့မချပဲ iPadတွေနဲ့ချပေးတဲ့ စားသောက်ဆိုင်

လင်းလင်း(Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE