လူပေါင်း ၅၆ ယော် တစ်ချိန်တည်း၊ တစ်ပြိုင်တည်း စားလို့ရတဲ့ ကမ္ဘာ့အကြီးဆုံးဟော့ပေါ့အိုး

twitter

တရုတ်နိုင်ငံ Chongqing မြို့မှာရှိတဲ့ အကြီးဆုံးစားသောက်ဆိုင်တစ်ခုဖြစ်တဲ့ Dezhuang ကတော့ ဒုတိယအကြိမ်တရုတ်ပြည်တွင်းထွက်ကုန်ပြပွဲမှာ ကမ္ဘာ့အကြီး ဟော့ပေါ့အိုးကို ထုတ်ပြတော့မှာဖြစ်ပါတယ်။ ဒီပြပွဲကတော့ နိုဝင်ဘာ(၅)ရက်နေ့ကနေ (၁၀) ရက်နေ့အထိကျင်းပမှာဖြစ်ပါတယ်။

twitter

အဲဒီ ဟောပေါ့အိုးကတော့  အချင်း(၃၂)ပေ(၈)လက်မရှိပြီး အမြင့်ကတော့ (၃)ပေ (၄)လက်မ နဲ့ အလေးချိန်ကတော့ (၁၃) တန်ရှိတယ်လို့ ECNS သတင်းဌာနက ဖေါ်ပြထားပါတယ်။  အဲဒီဟော့ပေါ့အိုးကြီးကို ပြတဲ့ပွဲမှာတော့ သုံးချောင်းထောက်အိုးလေးတွေ ၅၆ အိုးပါဝင်မှာဖြစ်ပါတယ်။ အဲဒီ အိုး၅၆ အိုးကတော့ တရုတ်နိုင်ငံထဲမှာ နေထိုင်ကြတဲ့  လူမျိုးစု ၅၆ စုကို ကိုယ်စားပြုရည်ရွယ်တာဖြစ်ပါတယ်။

twitter

အရသာနှစ်မျိုးပါဝင်တဲ့ ဒီဟော့ပေါ့အိုးကြီးပေါ်မှာတော့ သူ့ရဲ့ သမိုင်းကို ဖေါ်ပြတဲ့ အကြောင်းကို ပန်းချီတွေစာတွေနဲ့ ရေးသားဖေါ်ပြထားပါသေးတယ်။ ဟော့ပေါ့အိုးကြီးထဲမှာ အရသာရှိတဲ့ ဟော့ပေါ့ချက်ပြုတ်ဖို့ လိုအပ်တာတွေကတော့ ဟင်းခတ်မှုန့် ၂၀၀၀ ကီလို၊ ငရုတ်ကောင်းမှုန့် ၂၀၀ ကီလို၊ ငရုတ်သီး ၅၀၀ ကီလိုတို့ လိုအပ်ပါတယ်။ မီးအပူ ၂၂၀ ကီလိုဝပ်လို အပ်ပြီး လူပေါင်း ၅၆ တောင် တစ်ပြိုင်တည်း အတူတူစားလို့ရပါတယ်။

READ
ဒုက္ခိတဖြစ်နေပေမယ့် ကလေးလေးကို တောထဲမှာ တစ်ညလုံး စောင့်ရှောက်ပေးခဲ့တဲ့ခွေးလေး

Source: Next Shark

SHARE