တန်ချိန် 250၊ တောင်ပံအလျှား 385 ပေ အရှည်ရှိ ကမ္ဘာ့အကြီးဆုံး လေယာဉ်

မိုက်ခရိုဆော့ပူးတွဲတည်ထောင်သူ Paul Allen ရှယ်ယာတွေပါဝင်တဲ့ Stratolaunch Systems အမည်ရ လေယာဉ်
တည်ဆောက်လုပ်ရေး လုပ်ငန်းဟာ ကမ္ဘာ့အကြီးဆုံး လေယာဉ်ကြီးကို ပြီးခဲ့တဲ့အပတ် ဗုဒ္ဓဟူးနေ့က ထုတ်ဖော်ပြသခဲ့ပါ တယ်။ အဆိုပါ လေယာဉ်ကြီးကို ကမ္ဘာ့အကြီးဆုံး လေယာဉ်ကြီးလို့ သတ်မှတ်ခံထားရပါတယ်။

အဲဒီ လေယာဉ်ကြီးမှာ 747 လေယာဉ်အင်ဂျင် 6 လုံး တပ်ဆင်ထားပြီး၊ တန်ချိန် 400 (ပေါင် 8 သိန်းအထိ) သယ်ဆောင် နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ တောင်ပံအလျှားဟာ ဟိုဘက်သည်ဘက် 385 ပေ အရှည်ရှိပြီး၊ ကမ္ဘာ့အရှည်ဆုံး လေယာဉ်တောင်ပံ ဖြစ်ပါတယ်။

ဒီလေယာဉ်ကြီးကို ကယ်လီဖိုးနီးယားပြည်နယ်၊ Mojave Desert သဲကန္တာရမှာ အာကသဒုံးပျံသယ်ဆောင်ဖို့အတွက် ရည်ရွယ်တည်ဆောက်ထားပြီး အမြင့်ပေ 3 သောင်းကနေ တစ်ဆင့်ပစ်လွှတ်နိုင်မယ်လို့ သိရပါတယ်။ ဒီနည်းပညာ ဟာ မြေပြင်ကနေ အာကသတွင်းကို ဒုံးပျံလွှတ်တင်ခြင်းထက်၊ စာရိတ်စကနဲ့ စွမ်းအင်ဆီကုန်ဆုံးမှုကို နည်းပါးစေမှာလို့ သိရပါတယ်။

READ
အတန်းခေါင်းဆောင်ဖြစ်ဖို့ ရှုံးနိမ့်ခဲ့တဲ့ ကျောင်းသူဆီ အားပေးစကားဆိုခဲ့တဲ့ ဟီလာရီ

Stratolaunch ရဲ့ CEO ဖြစ်တဲ့ Jean Floyd ” Stratolaunch လေယာဉ်ကြီးကို ထုတ်ဖော်ပြသဖို့ ကျနော်တို့ စိတ်လှုပ်ရှားနေကြပါတယ် .. ဒါဟာ မြေပြင်ကနေ ဒုံးပျံလွှတ်တင်ခြင်းထက် စရိတ်စက ပိုသက်သာစေမယ့် ပထမဆုံး နည်းစနစ်တစ်ခုပါဘဲ .. ” လို့ ပြောခဲ့ပါတယ်။

Stratolaunch လေယာဉ်ကြီးကို လာမယ့် လအနည်းငယ်အတွင်းမှာ စမ်းသပ်ပျံသန်းမယ်လို့ သိရပြီး၊ နောက်ထပ် နှစ်အ နည်းငယ်အကြာမှာ Space Rocket ကို ပူးတွဲလွှတ်တင်နိုင်မယ်လို့ သိရပါတယ်။

နတ်စည်တော် (Shwemom)

source : metro.co.uk

SHARE