လက်ထပ်ခွင့် ပိတ်ပင်ခံလိုက်ရပြီး တိုင်းပြည်ကိုအုပ်ချုပ်ရဖို့ရှိနေတဲ့ ဂျပန်အိမ်ရှေ့စံမင်းသမီး

ဂျပန်အိမ်ရှေ့စံမင်းသမီး အီကိုဟာ သူမရဲ့ အရပ်သားချစ်သူကို မျက်စိမှိတ်ရွေးချယ်မယ်ဆိုပါက သူမရဲ့ စည်းစိမ်ချမ်းသာနဲ့ ပိုင်ဆိုင်မှုတွေ၊ နန်းတော်က ပေးအပ်ထားတဲ့ အိမ်ကအစ ဆုံးရှုံးရဖို့ရှိနေပါတယ်။ မကြာသေးခင်ကတော့ မင်းသမီးအီကိုဟာ တော်ဝင်အဆောင်အယောင်တွေကို ငြင်းပယ်ပြီး ချစ်သူနဲ့ လက်ထပ်မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒါပေမယ့် အခြေအနေက ထင်သလောက် မလွယ်တော့ပါဘူး။ ခမည်းတော် နာရူဟီတိုဟာ မေလ(၁)ရက်နေ့က နန်းတက်ပွဲဆင်နွှဲခဲ့ပါတယ်။ ဒီအစဉ်အလာအရ သမီးတော်ဖြစ်တဲ့ အီကိုတစ်ယောက် အချစ်ရေးမှာ လုပ်ရကိုင်ရ ပိုခက်ခဲလာခဲ့ပါတယ်။

Brides.com

သူမဟာ အိမ်ရှေ့စံမင်းသမီးအဖြစ် အလိုလျှောက်ဖြစ်သွားပြီး၊ တော်ဝင်စည်းမျဉ်းစည်းကမ်းတွေအရ အရိုက်အရာကို ဆက်ခံရတော့မှာပါ။ တော်ဝင်စည်းမျဉ်းစည်းကမ်းတွေကို (၁၉၄၇)ခုနှစ်က အသစ်ပြင်ဆင်ရေးဆွဲခဲ့တာဖြစ်ပြီး၊ ဘုရင်ကလွဲလို့ ဘယ်သူမှ ပြင်ဆင်လို့ မရပါဘူး။

ဘုရင်အသစ်ဖြစ်လာတဲ့ နာရူဟီတိုဟာ မိဖုရား မီချီကိုနဲ့အတူ (၆၆၀)ဘီစီကတည်းက ကျင်းပလာခဲ့တဲ့ တော်ဝင်နန်းတက်ပွဲ မင်္ဂလာအစီအစဉ်တွေကို အစဉ်အလာမပျက် ကျင်းပြပြီး ဘိသိက်ခံယူခဲ့တာပါ။ အီကိုဟာ အခုဆိုရင် တော်ဝင်မင်းသမီးဖြစ်ရတာရဲ့ ဒုက္ခကို တွေးတောနေမိမှာ အမှန်ပါဘဲ။

Hello Magazine

သူမရဲ့ဒေါ်လေးဖြစ်တဲ့ မင်းသမီး ဆာယာကိုဟာ (၂၀၀၅)ခုနှစ်မှာ အရပ်သားတစ်ဦးနဲ့ လက်ထပ်ခဲ့ပါတယ်။ ပရိသတ် (၃၀)သာ လာရောက်တဲ့ အဲဒီမင်္ဂလာပွဲမှာ ဆာယာကိုဟာ ခန်းဝင်စာရိတ်အဖြစ် ပေါင် (၁.၃)သန်းသာ ရရှိခဲ့ပါတယ်။ ဒါဟာ တစ်နှစ်ကို အသုံးစာရိတ် ပေါင် (၂၈၉)သန်း ရထားတဲ့ တော်ဝင်နန်းတွင်းစာရိတ်နဲ့စာရင် အလွန်နည်းပါးတဲ့ ပမာဏပါဘဲ။

ပြီးခဲ့တဲ့နှစ်က အီကိုရဲ့အစ်မဝမ်းကွဲ အယာကိုဟာ သင်္ဘောကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ ကိုင်မိုရာယာနဲ့ လက်ဆက်ခဲ့တာပါ။ သူမရဲ့အဆောင်အယောင်တွေ ရုပ်သိမ်းခံခဲ့ရသလို၊ အထူးအခွင့်အရေးတွေနဲ့ နန်းတော်က ပေးထားတဲ့အိမ်ကိုပါ စွန့်လွှတ်ခဲ့ရပါတယ်။

Kyodo News Plus

ဒီဥပမာတွေဟာ မင်းသမီးအီကိုအတွက် အမြင်သာဆုံး ဥပမာတွေဖြစ်ပြီး၊ နန်းတော်စည်းမျဉ်းစည်းကမ်းတွေဟာ ဘယ်သူ့ကိုမှ မျက်နှာမလိုက်ဘူးဆိုတာ မြင်သာစေပါတယ်။ ဒီတော့ မင်းသမီး အီကိုအနေနဲ့ ချစ်သူနဲ့လက်ထပ်မယ်ဆိုရင် ရွှေမှုံကျဲတဲ့ မင်းသမီးလေးဘဝကို စွန့်လွှတ်ရဖို့က သေချာနေပါပြီ။

ဒါမှမဟုတ် ဖခမည်းတော်နဲ့ မယ်တော်အလိုကျ ဂျပန်ထီးနန်းကို ဆက်ခံမယ်ဆိုရင်တောင် အီကိုတစ်ယောက် လက်ထပ်ခွင့် ရမှာမဟုတ်ပါဘူး။ သတ်မှတ်ထားတဲ့ ဥပဒေအရ နန်းမျိုးနန်းနွယ်မှ ဆင်းသက်လာသည့် သတို့သားဆိုတဲ့အချက်ကြောင့်ပါ။ ဒီလိုသတို့သားဟာ ဂျပန်မှာမရှိပါဘူးတဲ့။ ရှိခဲ့ရင်လည်း သူမရဲ့ ဆွေတော်မျိုးတော်တွေထဲမှာသာ ရှိပါတော့မယ်။

SCMP
Household Agency

လက်ရှိအချိန်မှာတော့ တော်ဝင်နန်းတော်အသိုင်းအဝိုင်းမှာ တော်ဝင်လူဦးရေ (၁၈)ဦးသာ ကျန်ရှိပါတော့တယ်။ ဘုရင်ကြီး အကီဟီတိုနဲ့ မိဖုရားကြီး အီမီရီတာမီချီကိုတို့ဟာ အသက်(၈၅)(၈၄)အသီးသီးကို ရောက်နေပြီဖြစ်ပြီး၊ ကျန်တာက အမျိုးသမီး (၁၃)ဦးပါ။ နောက် လက်ရှိဘုရင်ရဲ့ မိသားစု ဖြစ်ပါတယ်။

စစ်တမ်းအရတော့ ဂျပန်လူမျိုး (၈၅)%ဟာ အမျိုးသမီးဘုရင်မကို မျှော်လင့်နေကြတယ်လို့ သိရပါတယ်။ ဒါပေမယ့် လက်ရှိဝန်ကြီးချုပ် ရှင်ဇိုအာဘေးကတော့ အမျိုးသမီးအုပ်ချုပ်သူ နန်းတက်လာမှာကို မလိုလားတဲ့သူထဲမှာ ပါပါတယ်တဲ့။ ဘယ်လိုပဲဖြစ်ဖြစ် မင်းသမီး အီကိုကတော့ တင်းကြပ်တဲ့ နန်းတော်စည်းမျဉ်းတွေနဲ့ ချစ်သူအကြား ဗျာများနေမှာပါ။

လင်းသုတ (Shwemom)

READ
တစ်ကိုယ်လုံးတက်တူးထိုးထားလို့ ဝေဖန်ခံနေရတဲ့ ဖိလစ်ပိုင်မော်ဒယ်

Source : mirror.co.uk

SHARE