ငှက်အော်သံလို့တောင် မထင်ရပဲ ကမ္ဘာ့အသံအကျယ်ဆုံးအော်မြည်နိုင်တဲ့ ငှက်တစ်မျိုး

youtube/Science Magazine

ငှက်ကလေးတွေရဲ့ကျီကျီကျာကျာမြည်သံဟာ များသောအားဖြင့် ချစ်စရာကောင်းပြီး သာယာနာပျော်ဖွယ် အသံထွက်ပါတယ်။ ဒါပေမယ့် ခုတွေ့မြင်ရတဲ့ အဖြူရောင် bellbird ကတော့ သူအော်တဲ့အသံက တစ်မျိုးဖြစ်ပါတယ်။ Bellbird ငှက်တွေဟာ အကောင်သေးပေမယ့်လည်း အသံအကျယ်ကြီး အော်နိုင်တဲ့ ငှက်အမျိုးအစားဖြစ်တာကို thedodo သတင်းစာမျက်နှာကနေတဆင့် တွေ့ရပါတယ်။

အဖြူရောင် bellbird ငှက်တွေကို တောင်အမေရိကတိုက်ထဲက ဂူယာနာ၊ ဘရာဇီးနဲ့ ဗင်နီဇွဲလားတို့မှာ အတွေ့ရများပါတယ်။ ဒီငှက်တွေကို ကမ္ဘာ့အသံအကျယ်ဆုံး ငှက်တွေအဖြစ် လူသိများပြီး သူတို့ထဲက ထွက်တဲ့အသံဟာ တော်တော့်ကို ထူးခြားပါတယ်။ ငှက်တွေဟာ ဒီအသံကို ဆန့်ကျင်ဘက်လိင်ဆီ ဆွဲဆောင်ရာမှာ အသုံးပြုကြပါတယ်။ ငှက်အော်တဲ့အသံကတော့ အခြားငှက်တွေလို မဟုတ်ပဲ alarm မြည်သံလိုလို ဘာလိုလိုနဲ့ပါ။ ငှက်ဖိုတွေဟာ အသံအမြင့်ဆုံးအော်တဲ့အခါ အသံအတိုးအကျယ်ကို တိုင်းတာတဲ့ အခြေခံ ယူနစ်ဒက်ဆီဘယ် (၁၂၅) ထိရောက်နိုင်တာကြောင့် အရမ်းကိုကျယ်လောက်တဲ့ တေးဂီတဖျော်ဖြေပွဲတစ်ခုနဲ့ ညီမျှတယ်လို့ သိရပါတယ်။

READ
နိုင်ငံအသီးသီးရဲ့တရားစီရင်ရေးအရ အဓမ္မသမားတွေကို အပြစ်ပေးပုံအမျိုးအမျိုး
youtube/Science Magazine

Bellbird ငှက်ဖိုတွေဟာ သူတို့ဘေးနားမှာ ငှက်မတွေရှိတဲ့အခါ ခုလို အသံအကျယ်ကြီး အော်မြည်လေ့ရှိပါတယ်။ ငှက်ဖိုတွေအော်တဲ့အသံဟာ နားကွဲမတတ်ဖြစ်တာကြောင့် နောက်ဆုံးမှာတော့ သူတို့တွေဟာ ငှက်မတွေကို မောင်းထုတ်သလိုမျိုး ဖြစ်နေတတ်ပါတယ်။ အစပိုင်းမှာတော့ ငှက်မတွေက သည်းခံကြပေမယ့် ၄င်းတို့အကြားအာရုံပျက်စီးမှာဆိုးတဲ့အတွက် ငှက်ဖိုနားမှာ အချိန်ကြာကြာ မနေနိုင်ကြပါဘူး။

သိပ္ပံပညာရှင်တွေဟာ bellbird ငှက်တွေရဲ့ပတ်သက်ပြီး ၄င်းတို့ရဲ့ အသံကို သေချာလေ့လာခဲ့ကြပါတယ်။ သူတို့အသံအကျယ်ကြီးထွက်အောင် ဘယ်လိုလုပ်နိုင်ကြသလဲ ဆိုတာကို လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။ တွေ့ရတာကတော့ bellbird တွေဟာ ၄င်းတို့ရဲ့လည်ချောင်းကို ချဲ့ကားအောင် လေသွင်းပြီး နှုတ်သီးကို အကျယ်ကြီးဖွင့်ကာ အော်မြည်တာကြောင့် ဖြစ်တယ်လို့လည်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE